ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hdu ဆောင်းပါး ၁၁
  • အင်တာနက် မရှိတဲ့ ဒေသတွေအတွက် JW ဂြိုဟ်တုလိုင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အင်တာနက် မရှိတဲ့ ဒေသတွေအတွက် JW ဂြိုဟ်တုလိုင်း
  • အလှူငွေတွေကို အသုံးပြုပုံ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယုံကြည်ခြင်း ခိုင်ခံ့အောင် ကူညီပေးတဲ့ ဘူးကလေး
    အလှူငွေတွေကို အသုံးပြုပုံ
  • JW ရုပ်သံအစီအစဉ်က ‘အားရှိစေပြီး လန်းဆန်းမှု ဖြစ်စေ’
    ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • “JW ရုပ်သံထုတ်လွှင့်မှုကို သိပ်ကြိုက်တာပဲ”
    ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • လေ့လာစရာ အကြံပြုလွှာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
အလှူငွေတွေကို အသုံးပြုပုံ
hdu ဆောင်းပါး ၁၁
ဖုန်ထူထူ လမ်းမပေါ်မှာ ညီအစ်ကိုတွေ စက်ဘီးနင်းရင်း အသင်းတော်အတွက် ဂြိုဟ်တုဖမ်းစက် သယ်လာနေစဉ်။

အလှူငွေတွေကို အသုံးပြုပုံ

အင်တာနက် မရှိတဲ့ ဒေသတွေအတွက် JW ဂြိုဟ်တုလိုင်း

၂၀၂၁၊ ဧပြီ ၁

အားရှိစရာကောင်းတဲ့ JW ရုပ်သံ အစီအစဉ်တွေ၊ ဗီဒီယိုတွေကို ကျွန်တော်တို့ လတိုင်း မျှော်နေတတ်ကြတယ်။ ဒါပေမဲ့ အာဖရိက,က ညီအစ်ကို/မများစွာဟာ ဒီအစီအစဉ်တွေကို အင်တာနက်ကနေ ကြည့်လို့ မရကြဘူး။ ဘာကြောင့်လဲ။

အာဖရိက ဒေသအများစုမှာ အင်တာနက် မရဘူး။ ရတဲ့ နေရာကျပြန်တော့ နှေးတာနဲ့၊ ဈေးကြီးတာနဲ့။ ဥပမာ၊ တစ်ခါတုန်းက မာဒါဂတ်စကာက တိုက်နယ်ကြီးကြပ်မှူး တစ်ယောက် အင်တာနက်ဆိုင်မှာ လစဉ် JW ရုပ်သံ အစီအစဉ် တစ်ခုပဲ ဒေါင်းလုတ် ဆွဲလိုက်တာ ၁၆ ဒေါ်လာ ကုန်သွားတယ်။ အဲဒါက လူတစ်ယောက်ရဲ့ တစ်ပတ်စာ ဝင်ငွေထက်တောင် ကျော်တယ်။a

အဲဒီလို အခက်အခဲတွေ ရှိပေမဲ့ အာဖရိက,က ညီအစ်ကို/မ သန်းချီဟာ အခုဆိုရင် အင်တာနက် မသုံးဘဲ JW ရုပ်သံ ကြည့်နိုင်ကြပြီ။ ဘယ်လိုနည်းနဲ့လဲ။

၂၀၁၇ ခုနှစ်ကစပြီး ဆာဟာရတောင်ပိုင်း အာဖရိကဒေသမှာ နေထိုင်သူတွေအတွက် JW ရုပ်သံ အစီအစဉ်ကို ဂြိုဟ်တု တီဗီလိုင်းကတစ်ဆင့် ထုတ်လွှင့်ပေးတယ်။ ဒီလိုင်းကို ဘာသာစကား ၁၆ မျိုးနဲ့ တစ်ပတ် ၇ ရက်၊ ၂၄ နာရီ အခမဲ့ ထုတ်လွှင့်ပေးပါတယ်။

၂၀၁၈ ခုနှစ်မှာ မိုဇမ်ဘစ်က ညီအစ်ကိုတွေ ခန်းမမှာ JW ဂြိုဟ်တုဖမ်းစက် တပ်လိုက်ကြ

ဂြိုဟ်တုကတစ်ဆင့် ထုတ်လွှင့်နိုင်ဖို့ ရုပ်သံ ဝန်ဆောင်မှုတစ်ခုနဲ့ ယေဟောဝါသက်သေတွေ စာချုပ်ချုပ်ထားတယ်။ အဲဒီလိုင်းကို ဆာဟာရတောင်ပိုင်း အာဖရိက နိုင်ငံ ၃၅ နိုင်ငံလောက်က ကြည့်လို့ရတယ်။ တစ်လကို ဒေါ်လာ ၁၂,၀၀၀ ကျော် ပေးရတယ်။ တစ်ခါတလေ နောက်ထပ် လိုင်းတစ်လိုင်းနဲ့ တိုက်ရိုက် အစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ ငွေထပ်ဆောင်းပေးရတယ်။ ဒီအစီအစဉ်ကြောင့် ညီအစ်ကို/မတွေဟာ အစည်းအဝေးကြီးတွေ၊ ဌာနခွဲ လည်ပတ်မှု ပါဝင်တဲ့ အထူးအစီအစဉ်တွေကို ကြည့်ရှုခွင့် ရကြတယ်။

၂၀၁၈ ခုနှစ်တုန်းက မာလာဝီ ဒေသန္တရာ ဒီဇိုင်း/ဆောက်လုပ်ရေး အုပ်စု JW ဂြိုဟ်တုလိုင်း ကြည့်နေစဉ်

သက်သေခံ မဟုတ်သူတွေ အပါအဝင် လူများစွာဟာ ကိုယ့်အိမ်မှာတင် တီဗီကနေ JW ဂြိုဟ်တုလိုင်းကို ကြည့်ရှုကြရတယ်။ ဒါပေမဲ့ ညီအစ်ကို/မ အတော်များများဟာ ဂြိုဟ်တုလိုင်း ကြည့်ဖို့ လိုအပ်တဲ့ စက်ပစ္စည်းတွေ မဝယ်နိုင်ကြဘူး။ ဒါကြောင့် နိုင်ငံတော် ခန်းမ ၃,၆၇၀ ကျော်မှာ ဂြိုဟ်တုဖမ်းစက် တပ်ဆင်ပေးလိုက်ပါတယ်။ ဒီတော့ ညီအစ်ကို/မတွေ နိုင်ငံတော် ခန်းမမှာ JW ရုပ်သံ ကြည့်လို့ ရသွားတယ်။ နိုင်ငံတော် ခန်းမမှာ တီဗီ ဒါမှမဟုတ် ပရိုဂျက်တာ ရှိပြီးသားဆိုရင် ပို့ခ အပါအဝင် ဂြိုဟ်တုဖမ်းစက် တပ်ဆင်ဖို့ ပျမ်းမျှ ဒေါ်လာ ၇၀ ကုန်ကျတယ်။ တီဗီ ဒါမှမဟုတ် ပရိုဂျက်တာ မရှိရင်တော့ ဒေါ်လာ ၅၃၀ အထိ ကုန်ကျနိုင်တယ်။

ဂြိုဟ်တုလိုင်း စီစဉ်ပေးလို့ ညီအစ်ကို/မတွေ သိပ်ကျေးဇူးတင်ကြတယ်။ “တောကန္တာရအလယ်မှာ ကျွန်တော်တို့ မိသားစုအတွက် မန္နမုန့် ကျလာသလိုပဲ” လို့ ကင်မရွန်းက အကြီးအကဲ တစ်ယောက် ပြောတယ်။ နိုင်ဂျီးရီးယားက ညီအစ်ကို အဒီးဘုတ်ကလည်း “တစ်ပတ် သုံးကြိမ် မိသားစုလိုက် ကြည့်ကြတယ်။ ကလေးတွေက အဲဒီအချိန်ပဲ မျှော်နေကြတာ။ တခြားအချိန်တွေမှာတောင် JW လိုင်း ကြည့်ဖို့ပဲ တောင်းဆိုကြတယ်” လို့ ပြောတယ်။ နိုင်ဂျီးရီးယားကပဲ ညီအစ်မ ရို့စ်လည်း ဒီလိုပြောတယ်– “သတင်းတွေ မကြည့်ရရင် မနေနိုင်တဲ့ ကျွန်မ အခုတော့ JW ဂြိုဟ်တုလိုင်းကိုပဲ ကြည့်ဖြစ်နေပြီ။ သတင်းတွေ ကြည့်တုန်းကဆိုရင် မြင်ရတာတွေကြောင့် စိတ်တိုဒေါသထွက်ပြီး သွေးတောင် တိုးတယ်။ JW ရုပ်သံကတော့ အားရှိလန်းဆန်းစေတယ်။ JW ရုပ်သံလိုင်းဟာ ကျွန်မရဲ့ အကြိုက်ဆုံး လိုင်းပါ။ ယေဟောဝါဘုရားဆီက ကောင်းချီးပါပဲ။”

မာလာဝီက မိသားစုတစ်စု ကလေးတွေအတွက် ဗီဒီယိုကို ဂြိုဟ်တုလိုင်းမှာ ကြည့်နေစဉ်

တိုက်နယ်အတွင်းက နိုင်ငံတော် ခန်းမတွေမှာ ဂြိုဟ်တုဖမ်းစက် တပ်ဆင်ပြီးပြီ ဆိုတဲ့အကြောင်း၊ ညီအစ်ကို/မတွေက ဂြိုဟ်တုလိုင်းကနေ JW ရုပ်သံ ကြည့်ဖို့ အစည်းအဝေး မတိုင်ခင် တစ်နာရီကျော်လောက် စောရောက်နေကြတယ် ဆိုတဲ့အကြောင်း မိုဇမ်ဘစ်နိုင်ငံက တိုက်နယ်ကြီးကြပ်မှူးတစ်ယောက် မှတ်တမ်းပို့တယ်။

၂၀၁၈ ခုနှစ်တုန်းက ညီအစ်ကို/မတွေ နိုင်ငံတော် ခန်းမ အပြင်ဘက်မှာ ပျော်ရွှင်စွာ ပေါင်းသင်းနေကြစဉ်။

၂၀၁၈ ခုနှစ်တုန်းက အီသီယိုးပီးယားက အသင်းတော် တစ်ခုမှာ လစဉ် JW ရုပ်သံ အစီအစဉ်ကို အင်တာနက် မသုံးဘဲ ကြည့်လို့ ရတဲ့အတွက် ဝမ်းသာနေကြ

တောင်အာဖရိက၊ ဂျိုဟန်နက်ဘာ့ဂ်မြို့မှာ ကျင်းပတဲ့ ၂၀၁၉ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးမှာ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ယောက်ရဲ့ ဟောပြောချက်တွေ အပါအဝင် အဓိက ဟောပြောချက်တွေကို အဲဒီလိုင်းကတစ်ဆင့် နေရာ ကိုးနေရာဆီ ထုတ်လွှင့်ပေးတယ်။ တောင်အာဖရိက ဌာနခွဲ၊ ရုပ်သံ ထုတ်လွှင့်မှု ဌာနက ညီအစ်ကို စပူမီလီလီက “အရင်ကဆိုရင် ဟောပြောချက်တွေကို အင်တာနက်ကတစ်ဆင့် ထုတ်လွှင့်ပေးတယ်။ အင်တာနက် ကောင်းမှ ရတယ်။ အကုန်အကျလည်း များတယ်။ JW ဂြိုဟ်တုလိုင်း သုံးတော့ အကုန်အကျ သက်သာသွားတယ်။ ပိုလည်း စိတ်ချရတယ်” လို့ ပြောတယ်။

ကမ္ဘာချီ လုပ်ငန်းအတွက် ရက်ရက်ရောရော လှူဒါန်းပေးကြလို့ အာဖရိကမှာရှိတဲ့ ညီအစ်ကို/မတွေ ဂြိုဟ်တုကတစ်ဆင့် JW ရုပ်သံ ကြည့်နိုင်ကြပြီ။ donate.jw.org မှာ တွေ့ရတဲ့ နည်းလမ်း အမျိုးမျိုးကို သုံးပြီး လှူဒါန်းကြတဲ့အတွက် ကျေးဇူး အများကြီး တင်ပါတယ်။

JW ဂြိုဟ်တုလိုင်းနဲ့ JW Box

JW ဂြိုဟ်တုလိုင်းကနေ ထုတ်လွှင့်ပေးတဲ့ ဗီဒီယိုတွေကို ဂြိုဟ်တု စလောင်းဖုံးနဲ့ ချိတ်ဆက်ထားတဲ့ တီဗီကနေ ကြည့်လို့ ရတယ်။ JW Box ကိုတော့ ဖုန်း၊ တက်ဘလက်ထဲ စာပေတွေ၊ ဗီဒီယိုတွေ ဒေါင်းလုတ် ဆွဲတဲ့အခါ သုံးတယ်။

ဗီဒီယိုတွေ ဒေါင်းလုတ် ဆွဲဖို့ JW Box သုံးလို့ ရတယ်ဆိုရင် ဂြိုဟ်တုလိုင်း ဘာကြောင့် လိုအပ်ရသလဲ။ ဒေသများစွာမှာ အင်တာနက် နှေးလို့၊ ဈေးကြီးလို့ စာစောင်၊ ဗီဒီယိုအသစ်တွေ ပါတဲ့ JW Box ကို update လုပ်ဖို့ ခက်တယ်။ ဒါကြောင့် ဌာနခွဲရုံးက စာပေ၊ ဗီဒီယို အသစ်တွေ ပါတဲ့ USB တွေကို နိုင်ငံတော် ခန်းမတွေဆီ ပို့ပေးတယ်။ ဒါပေမဲ့ ဒါက အချိန်ကြာတယ်။ JW ဂြိုဟ်တုလိုင်းကတော့ ညီအစ်ကို/မတွေမှာ ဖုန်း ရှိရှိ၊ မရှိရှိ JW ရုပ်သံ အစီအစဉ်တွေ တင်ပြီး နောက်တစ်နေ့ဆိုရင် ကြည့်လို့ ရပြီ။ အထူး အခါသမယတွေကိုလည်း တိုက်ရိုက် ကြည့်လို့ ရတယ်။

a ဒီဆောင်းပါးမှာ ဖော်ပြထားသမျှဟာ အမေရိကန် ဒေါ်လာ ဖြစ်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ