ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၁၀ စာ. ၃
  • သင် အချိန်ပို၍ လိုအပ်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် အချိန်ပို၍ လိုအပ်သလော
  • နိုးလော့!—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ– လုပ်ရမယ့်အလုပ်တွေ များလွန်းနေ
    နိုးလော့!—၂၀၁၅
  • အချိန်ပို၍ရနည်း–၂၀
    နိုးလော့!—၂၀၁၀
  • ယေဟောဝါ၏လုပ်ငန်းတော်ကိုဗဟိုပြု၍ သင့်အသက်တာကို တည်ဆောက်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • အချိန်ကို ပညာရှိရှိ ငါဘယ်လိုအသုံးပြုနိုင်မလဲ
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၀
န ၄/၁၀ စာ. ၃

သင် အချိန်ပို၍ လိုအပ်သလော

ဘေးဘက်ကပ်လျက်မှ မေးခွန်းအများစုအတွက် ဒုတိယ သို့မဟုတ် တတိယရွေးချယ်စရာတွင် အမှတ်အသားပြုပါက သင် အချိန် ပို၍လိုအပ်သည်မှာ သေချာသလောက်ဖြစ်သည်။ သင်တစ်ဦးတည်းမဟုတ်ပါ။ နေရာတိုင်းနီးပါးရှိလူတို့သည် မဖြစ်မနေလုပ်ရမည့်အရာများ၏ ဖိအားပေးမှုအောက်ရောက်နေကြပြီး ယင်းတို့သည် သူတို့အတွက် အမှန်တကယ်အရေးကြီးသည့်အရာများဖြစ်ချင်မှဖြစ်ပေမည်။ ယင်းအစား ထိုအရာတို့သည် ကားပြင်ခြင်း၊ အလုပ်ရှင်ကို စိတ်ကျေနပ်စေခြင်း၊ မျှော်လင့်မထားသောကြားဖြတ်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်းကဲ့သို့သော လတ်တလောလုပ်ရန်လိုသည့်အရာများကို လုပ်လိုက်သည့်အတွက် ဖြစ်ပေါ်လာခြင်းဖြစ်ပေမည်။ သင်သည် အရေးပေါ်အခြေအနေ တစ်ခုပြီးတစ်ခု အရေးတယူလုပ်ဆောင်သည်နှင့်အမျှ သင့်အချိန်အသုံးပြုပုံကို သင်မထိန်းချုပ်နိုင်ဟု ခံစားမိပေမည်။ အတွေ့အကြုံမရလိုက်ဘဲ ဘဝကို အလောတကြီးဖြတ်သန်းလာသည်ဟုပင် ခံစားမိပေမည်။

ယင်းသို့သောအခြေအနေသည် ခေတ္တပါဟု သင့်ကိုယ်သင်ပြောသည်။ နောက်ဆုံး၌ ဘဝသည် အေးအေးဆေးဆေးဖြစ်လာပြီး သင့်မိသားစု၊ အခြားသူတို့အပြင် သင့်ဘဝကို တိုးတက်ကောင်းမွန်စေသည့်အရာများဖြစ်သည့် သင့်အတွက် အမှန်တကယ်အရေးကြီးသောအရာများကို အာရုံစိုက်ဖို့ အချိန်ရလာမည်ဖြစ်သည်။ သို့သော် ဘယ်အချိန်တွင်နည်း။ ယနေ့ သင့်ဇယားတွင် အချိန်ပို၍ရှိလာမည့်ပုံပေါက်သလော။ ဤအပတ်တွင်လော။ နောက်လတွင်လော။

အမှန်ဆိုလျှင် သင့်ဝန်းကျင်ရှိကမ္ဘာလောကသည် အေးအေးဆေးဆေးရှိပုံမပေါက်ပါ။ သို့သော် သင်လိုအပ်သည့်အချိန်ကို ရအောင်ဖန်တီးနိုင်သည်။ ယင်းသို့ရအောင် မည်သို့ပြုလုပ်နိုင်သနည်း။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

အမှန်တကယ်အရေးကြီးသည့်အရာများအတွက် သင် အချိန်မည်မျှရလေ့ရှိသနည်း။

◯ နေ့တိုင်း

◯ စနေ၊ တနင်္ဂနွေ

◯ အချိန်ရခဲသည်

သာမန်နေ့တစ်နေ့တွင် သင်သည်

◯ လုပ်ဖို့ သင်စီစဉ်ခဲ့သည့်အရာကို လုပ်သလော။

◯ သင့်အစီအစဉ်အတိုင်းမလုပ်နိုင်စေသည့် အတင်းအကျပ်လုပ်ခိုင်းလေ့ရှိရာများကို လုပ်နေသလော။

◯ လုပ်ဖို့လိုအပ်သည့်ဘယ်အရာကိုမဆို စိတ်ကူးပေါက်သလို လုပ်လိုက်သလော။

သာမန်နေ့တစ်နေ့တွင် သင်သည်

◯ သင့်အခြေအနေကို ထိန်းချုပ်နိုင်သည်ဟု ခံစားရသလော။

◯ အကျိုးသင့်အကြောင်းသင့်မရှိသောတောင်းဆိုမှုများကို ပြည့်မီရန်ဖိအားပေးခံရသည်ဟု ခံစားရသလော။

◯ မတတ်သာလို့သာ အလုပ်တစ်ခုပြီးတစ်ခုလုပ်နေရသည်ဟု ခံစားရသလော။

တစ်နေ့တာအဆုံးတွင် သင်သည်

◯ အရေးကြီးသောအရာများကို ပြီးမြောက်ခဲ့သလော။

◯ လုပ်ရမည့်အလုပ်များ ပြီးသွားသော်လည်း ညံ့ဖျင်းစွာလုပ်ဆောင်ခဲ့သလော။

◯ အမှန်တကယ်အရေးပါသည့်ကိစ္စများအတွက် အချိန်မရသလော။

တစ်နေ့တာအဆုံးတွင် သင်မည်သို့ခံစားရလေ့ရှိသနည်း

◯ ကျေနပ်ပြီး စိတ်ချမ်းသာခဲ့သည်။

◯ မပျော်မရွှင်ဖြစ်ပြီး မောပန်းကာ ဖိစီးမှုခံရသည်။

◯ မချင့်မရဲဖြစ်ခဲ့သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ