ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၁၀ စာ. ၃
  • “ခင်ဗျားကို အလုပ်ထုတ်လိုက်ပြီ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ခင်ဗျားကို အလုပ်ထုတ်လိုက်ပြီ”
  • နိုးလော့!—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲ” တွင်နှစ်သိမ့်မှုရရှိခြင်း
    နိုးလော့!—၁၉၉၉
  • ‘နက်ဖြန်နေ့အဖို့ မစိုးရိမ်ကြနှင့်’
    နိုးလော့!—၂၀၁၀
  • “ဒီစာအုပ်က လူတွေရဲ့နှလုံးကို ထိမိပြီး လှုံ့ဆော်ပေးဖို့ ကူညီပေးတယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • နာမ်ဝိညာဉ်ဘုံက ဘယ်သူတွေနဲ့ ဆက်သွယ် သင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၀
န ၇/၁၀ စာ. ၃

“ခင်ဗျားကို အလုပ်ထုတ်လိုက်ပြီ”

အမှုဆောင်အဖွဲ့က လူစွမ်းကြီးဖရတ်ဒ်ဟု သူ့အားခေါ်ကြသည်။a လုပ်သက်ခြောက်နှစ်အတွင်း သူ၏တီထွင်မှုက ကုမ္ပဏီကိုငွေကြေးများစွာသက်သာစေခဲ့သည်။ ထို့ကြောင့် စီမံခန့်ခွဲရေးအဖွဲ့က သူ့အားခေါ်တွေ့သောအခါ လခတိုးရန် သို့မဟုတ် ရာထူးတိုးရန် ဖရတ်ဒ် မျှော်လင့်ခဲ့သည်။ ယင်းအစား စီမံခန့်ခွဲရေးအဖွဲ့က ရုတ်တရက် ဤသို့ပြောခဲ့သည်– “ခင်ဗျားကို အလုပ်ထုတ်လိုက်ပြီ။”

ဖရတ်ဒ်သည် သူ့နားကိုပင်သူမယုံနိုင်ခဲ့ပါ။ “ကျွန်တော့်လစာကောင်းတယ်၊ အလုပ်မှာလည်းပျော်တယ်၊ ဒါပေမဲ့ တဒင်္ဂအတွင်းမှာပဲ အရာအားလုံးပြောင်းလဲကုန်တယ်” ဟု သူပြောပြခဲ့သည်။ နောက်ပိုင်းတွင် သူ၏ဇနီး အဒေလီအား ဖြစ်ပျက်ခဲ့ရာများကို ပြန်ပြောပြရာ သူလည်း အလားတူ ကြက်သေသေသွားခဲ့သည်။ “ကျွန်မခန္ဓာကိုယ်မှာ သွေးမရှိတော့သလို ခံစားခဲ့ရတယ်။ အခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲလို့ တွေးမိတယ်” ဟု သူပြန်ပြောပြခဲ့သည်။

ပူးတွဲပါဇယားတွင်ဖော်ပြထားသည့်အတိုင်း လူသန်းပေါင်းများစွာသည် ဖရတ်ဒ် ကြုံတွေ့သည့်အဖြစ်မျိုးကို ကြုံတွေ့နေရကြသည်။ သို့တိုင် အရေအတွက်တစ်ခုတည်းက အလုပ်လက်မဲ့ဖြစ်ခြင်းကြောင့်ခံစားရသည့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုကို မဖော်ပြပါ။ နယူးယောက်မြို့၊ ဟိုတယ်ကြီးတစ်ခုတွင် ၁၈ နှစ်ကြာအလုပ်လုပ်ခဲ့ပြီးနောက် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည့် ပီရူးမှပြောင်းရွှေ့လာသူ ရာအူးလ်၏အဖြစ်ကို စဉ်းစားကြည့်ပါ။ ရာအူးလ်သည် အလုပ်ရှာခဲ့သော်လည်း ရှာမတွေ့ခဲ့ပါ။ “အနှစ် ၃၀ လောက် မိသားစုကို ကျွန်တော်ထောက်ပံ့လာခဲ့တယ်။ ဒါပေမဲ့ အခုတော့ အသုံးမကျတဲ့လူတစ်ယောက်လို ခံစားရတယ်” ဟု ရာအူးလ်ပြောသည်။

အလုပ်ပြုတ်ခြင်းက ငွေကြေးကျပ်တည်းစေရုံထက်မကပါဟူသော အလုပ်လက်မဲ့ဖြစ်နေသူများ၏အဖြစ်ကို ရာအူးလ်၏အတွေ့အကြုံက ဖော်ပြသည်။ ယင်းသည် ပြင်းထန်သည့်စိတ်ပိုင်းဆိုင်ရာဒဏ်ချက်များကို ဖြစ်ပေါ်စေလေ့ရှိသည်။ မိမိခင်ပွန်း မက်သရူး အလုပ်အကိုင်မရှိသည်မှာ ၃ နှစ်ကျော်ပြီဖြစ်သော ရီနားက “ကိုယ့်ကိုကိုယ် တန်ဖိုးမရှိသူလို့ စခံစားလာရတယ်။ ကိုယ့်မှာဘာမှမရှိရင် လူတွေက ကိုယ့်ကိုလူရာမသွင်းတော့ဘူး၊ သိပ်မကြာခင်မှာဘဲ သူတို့မြင်သလို သင့်ကိုယ်သင်လည်း စပြီးမြင်လာတော့တယ်” ဟုပြောသည်။

စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများတင်မကပါ၊ အလုပ်ပြုတ်သွားသူတို့သည် ငွေကြေးအနည်းငယ်ဖြင့် ရပ်တည်ခြင်းဟူသော စိန်ခေါ်ချက်ကိုပါ ရင်ဆိုင်ရသည်။ “ကျွန်တော်တို့ ပိုက်ဆံရှိတုန်းက ချွေတာဖို့ လုံးဝမစဉ်းစားခဲ့ကြဘူး။ ဒါပေမဲ့ အရင်ကအတိုင်းအကုန်အကျတွေရှိလာပြီး အလုပ်လည်းမရှိသေးတော့ လျှော့သုံးဖို့ကလွဲလို့ တခြားရွေးချယ်စရာမရှိဘူး” ဟု ဖရတ်ဒ်ကပြောသည်။

အလုပ်ရှာနေစဉ်အတောအတွင်း အလုပ်မရှိခြင်းကြောင့်ဖြစ်လာသော စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ စိုးရိမ်စိတ်များကို ကိုင်တွယ်ရမည်ဖြစ်သည်။ ငွေကြေးအနည်းငယ်ဖြင့်လည်း သင်ရပ်တည်ရပေလိမ့်မည်။ ဦးစွာ စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ စိန်ခေါ်ချက်ကို သင်ရင်ဆိုင်နိုင်စေမည့် လက်တွေ့ကျခြေလှမ်းနှစ်ခုကို သုံးသပ်ကြည့်ကြစို့။

[အောက်ခြေမှတ်ချက်]

a ဤအခန်းဆက်ဆောင်းပါးများတွင် နာမည်အချို့ပြောင်းထားသည်။

[စာမျက်နှာ ၃ ပါဇယား]

( ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

၂၀၀၈ ခုနှစ်အတွင်း နိုင်ငံသုံးခုတည်းတွင်ပင် အလုပ်လက်မဲ့ဖြစ်သူအရေအတွက်

ဂျပန် ၂,၆၅၀,၀၀၀

စပိန် ၂,၅၉၀,၀၀၀

အမေရိကန်ပြည်ထောင်စု ၈,၉၂၄,၀၀၀

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ