ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၁၀ စာ. ၄-၆
  • ‘နက်ဖြန်နေ့အဖို့ မစိုးရိမ်ကြနှင့်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘နက်ဖြန်နေ့အဖို့ မစိုးရိမ်ကြနှင့်’
  • နိုးလော့!—၂၀၁၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်စိုးရိမ်မှုကို ခွဲခြားသိမြင်ပါ
  • ကျေနပ်ရောင့်ရဲစိတ်ကို မွေးမြူပါ
  • “ခင်ဗျားကို အလုပ်ထုတ်လိုက်ပြီ”
    နိုးလော့!—၂၀၁၀
  • မဿဲ ၆:၃၄—“နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • အနာဂတ်ကိုရည်မျှော်လျက် အသက်ရှင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • “သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲ” တွင်နှစ်သိမ့်မှုရရှိခြင်း
    နိုးလော့!—၁၉၉၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၀
န ၇/၁၀ စာ. ၄-၆

‘နက်ဖြန်နေ့အဖို့ မစိုးရိမ်ကြနှင့်’

ရီနားမှာ မခံရပ်နိုင်တော့ပေ။ သူ့ခင်ပွန်း မက်သရူးသည် အလုပ်အကိုင်အတည်တကျ မရှိသည်မှာ သုံးနှစ်ကျော်ရှိနေပြီဖြစ်သည်။ “ကျွန်မရင်ထဲမှာ ဗလောင်ဆူနေပြီ။ ဘာဖြစ်လာမလဲဆိုတာ မသိရတာက အရမ်းစိတ်ဓာတ်ကျစေတယ်” ဟု ရီနားပြန်ပြောပြသည်။ မိမိတို့၏လိုအပ်ရာများ အမြဲဖြည့်ဆည်းခံခဲ့ရကြောင်းရှင်းပြခြင်းဖြင့် မက်သရူးသည် သူ့ဇနီးကိုစိတ်အေးစေခဲ့သည်။ “ဒါပေမဲ့ အခုထိ ရှင့်မှာအလုပ်မရှိသေးဘူး၊ ကျွန်မတို့မှာ ဝင်ငွေရှိရမယ်” ဟု ရီနားတုံ့ပြန်သည်။

အလုပ်အကိုင်ဆုံးရှုံးခြင်းက စိုးရိမ်သောကဖြစ်စေမည်မှာ သေချာသည်။ ‘အလုပ်မရှိဘဲ ငါဘယ်အချိန်ထိနေရမှာလဲ။ ဒီအတောအတွင်း ငါ့မိသားစုလိုအပ်ရာကို ငါဘယ်လိုထောက်ပံ့ပေးနိုင်မလဲ’ ဟု အလုပ်လက်မဲ့တစ်ဦး တွေးမိပေမည်။

ယင်းစိုးရိမ်သောကများသည် သာမန်ဖြစ်သော်လည်း စိုးရိမ်စိတ်လျော့ပါးစေသော လက်တွေ့ကျအကြုံပြုချက်ကို ယေရှုခရစ်ပေးခဲ့သည်။ ‘နက်ဖြန်နေ့အဖို့ မစိုးရိမ်ကြနှင့်။ ယနေ့ရှိသော မကောင်းမသင့်သောအရာတို့သည် ယနေ့အဖို့ လောက်ပေ၏။’—မဿဲ ၆:၃၄။

သင့်စိုးရိမ်မှုကို ခွဲခြားသိမြင်ပါ

ကျွန်ုပ်တို့သည် ဘာပြဿနာမှမရှိသလိုနေသင့်သည်ဟု ယေရှုပြောနေခြင်းမဟုတ်ပါ။ သို့သော် မနက်ဖြန်ဘာဖြစ်လာနိုင်သည်ကို စိုးရိမ်ပူပန်နေခြင်းက ယနေ့အတွက်စိုးရိမ်စရာများ တိုးများလာရုံသာရှိသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် မနက်ဖြန်တွင်ဖြစ်လာမည့်အရာများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျွန်ုပ်တို့တွင် ယင်းတို့ကိုထိန်းချုပ်နိုင်စွမ်း အနည်းငယ်သာရှိသည်။ သို့သော် လောလောဆယ်အတွက် လုပ်ဆောင်နိုင်ရာများရှိပါသည်။

အပြောထက်အလုပ်က ပိုခက်ပါသလော။ လုံး၀သေချာသည်။ မိမိခင်ပွန်း အလုပ်မရှိသည်မှာ ၁၂ နှစ်ကြာရှိပြီဖြစ်သော ရေဗက္က ဤသို့ပြောသည်– “အရမ်းစိတ်လှုပ်ရှားနေတဲ့အချိန်မှာ ကိစ္စရပ်တွေကို လက်တွေ့ကျကျစဉ်းစားဖို့ ခက်တယ်။ ဒါပေမဲ့ ကျွန်မတို့ လက်တွေ့ကျကျစဉ်းစားရမယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်တတ်ဖို့ ကျွန်မကြိုးစားတယ်။ ကျွန်မအစိုးရိမ်ဆုံးအရာတွေ လုံးဝဖြစ်မလာတဲ့အခါ အဲဒီအတွက် စိုးရိမ်တာအကျိုးမရှိမှန်း ကျွန်မသိလိုက်တယ်။ လောလောဆယ်ပြဿနာတွေကို အာရုံစိုက်လိုက်ပြီး ဖိစီးမှုအားလုံးကို ကျွန်မတို့ဖယ်ရှားလိုက်တယ်။”

ကိုယ့်ကိုယ်ကိုယ် ဤသို့မေးပါ- ‘ငါ ဘာအတွက် အစိုးရိမ်ဆုံးလဲ။ အဲဒီစိုးရိမ်မှုကကော တကယ်ဖြစ်လာနိုင်ပုံပေါက်သလား။ ဖြစ်လာနိုင်တဲ့အရာတွေ ဒါမှမဟုတ် မဖြစ်လာနိုင်တဲ့အရာတွေအတွက် စိုးရိမ်ပူပန်လိုက်လို့ ငါဘယ်လောက်ခွန်အားကုန်သွားသလဲ။’

ကျေနပ်ရောင့်ရဲစိတ်ကို မွေးမြူပါ

ကျွန်ုပ်တို့၏ရှုမြင်ပုံက ကျွန်ုပ်တို့၏စိတ်လှုပ်ရှားမှုအပေါ် သက်ရောက်မှုရှိနိုင်သည်။ ထို့ကြောင့် ကျမ်းစာက ဤစိတ်သဘောထားမျိုးကို အားပေးထား၏– “ငါတို့သည် စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲနေကြရမည်။” (၁ တိမောသေ ၆:၈) ရောင့်ရဲခြင်းဆိုသည်မှာ ကျွန်ုပ်တို့လိုချင်ရာများကို ကန့်သတ်ထားခြင်းဖြစ်ပြီး ကျွန်ုပ်တို့၏နေ့စဉ်လိုအပ်ရာများရရှိသောအခါ ကျေနပ်ခြင်းကို ဆိုလိုသည်။ ထပ်လိုချင်စိတ်ကို ကြိုးစားဖြည့်ဆည်းခြင်းက ဘဝကိုရိုးရှင်းစေဖို့ သင့်ကြိုးစားအားထုတ်မှုများကို ယုတ်လျော့စေရုံသာဖြစ်မည်။—မာကု ၄:၁၉။

ရီနားသည် မိမိအခြေအနေကို လက်တွေ့ကျကျရှုမြင်ပြီးနောက် ရှိတာနှင့်ရောင့်ရဲတတ်လာသည်။ သူဤသို့ပြောသည်– “လျှပ်စစ်မီး ဒါမှမဟုတ် လောင်စာပြတ်လပ်သွားတာမျိုးမရှိသလို လမ်းပေါ်ထွက်နေရတာမျိုးလည်း မဟုတ်ပါဘူး။ အဓိကပြဿနာကတော့ အခုလိုနေထိုင်မှုမျိုးဟာ ကျွန်မတို့နေနေကျပုံစံနဲ့မတူတာဘဲ၊ အရင်ပုံစံနဲ့ ဆက်နေချင်တဲ့ ကျွန်မရဲ့လက်တွေ့မကျတဲ့စိတ်ဆန္ဒက သောကပိုများစေတယ်။”

မခံရပ်နိုင်လောက်အောင်ဖြစ်စေသည့်အရာမှာ မိမိ၏အခြေအနေမဟုတ်ဘဲ မိမိ၏ရှုမြင်ပုံသာဖြစ်ကြောင်း မကြာမီတွင် ရီနားသိရှိသွားခဲ့သည်။ “ကျွန်မတို့ရဲ့အခြေအနေမှန်ကို ရင်ဆိုင်ရမှာဖြစ်ပြီး ဖြစ်ချင်တဲ့ဆန္ဒကိုပဲ တွေးတောနေလို့မရဘူး။ နေ့စဉ် ဘုရားသခင့်ထောက်မပေးမှုနဲ့ ကျေနပ်ရောင့်ရဲတတ်လာတဲ့အခါမှာ ကျွန်မ ပိုပြီးပျော်ရွှင်လာတယ်” ဟုရီနားပြောသည်။

ကိုယ့်ကိုယ်ကိုယ် ဤသို့မေးပါ- ‘ဒီနေ့အတွက် ငါလိုအပ်တာတွေ ရပြီးပြီလား။ ရပြီးပြီဆိုရင် မနက်ဖြန်လည်းပဲ ငါလိုအပ်ရာတွေ ရရှိမယ်ဆိုတာကို စိတ်ချပြီး ဒီနေ့အတွက်ပဲ ငါစဉ်းစားနိုင်မလား။’

ငွေကြေးအနည်းငယ်ဖြင့်ရပ်တည်ခြင်းဟူသည့် စိန်ခေါ်ချက်ကို ရင်ဆိုင်ရာတွင် ဦးဆုံးအဆင့်မှာ သဘောထားမှန်ရှိခြင်းဖြစ်သည်။a သို့သော် အလုပ်လက်မဲ့ဖြစ်ခြင်းကြောင့် သင့်ဝင်ငွေနည်းသွားသောအခါ လက်တွေ့ကျလုပ်ဆောင်နိုင်ရာများကား အဘယ်နည်း။

[အောက်ခြေမှတ်ချက်]

a အလုပ်ရှာတွေ့ပြီး အလုပ်မြဲဖို့နှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်အတွက် ၂၀၀၅၊ ဇူလိုင် ၈ ရက်ထုတ် နိုးလော့! စာမျက်နှာ ၃-၁၁ ကိုကြည့်ပါ။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

ဇွဲရှိခြင်းက အောင်မြင်စေ

ဖရတ်ဒ်သည် အပတ်တော်တော်ကြာ အလုပ်ရှာမတွေ့ဖြစ်ပြီးနောက် အခွင့်အရေးတံခါးအားလုံးပိတ်သွားပြီဟု ခံစားလိုက်ရသည်။ “ကိုယ့်ကို လာခေါ်မယ့်သူတစ်ယောက်ကို ကားမှတ်တိုင်မှာစောင့်ပေမဲ့လည်း ဘယ်သူမှလာမခေါ်တာနဲ့တူတယ်” ဟုသူပြောသည်။ ဖရတ်ဒ်သည် မိမိထိန်းချုပ်နိုင်သည့်အရာတစ်ခုဖြစ်သော မိမိ၏လုပ်ဆောင်မှုကို ထိန်းချုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူသည် မိမိကျွမ်းကျင်မှုနှင့် သိပ်မအပ်စပ်ပုံရသည့်ကုမ္ပဏီအပါအဝင် ကုမ္ပဏီတိုင်းသို့ အလုပ်အတွက် ကိုယ်ရေးရာဇဝင်အကျဉ်းကို ပေးပို့ခဲ့သည်။ “လုံ့လဝီရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝ” ကြောင်းအခိုင်အမာယုံကြည်ကာ အကြောင်းကြားစာအားလုံးကိုဆက်လိုက်ပြီး လူတွေ့မေးမြန်းမှုတစ်ခုစီအတွက် ကောင်းစွာပြင်ဆင်ခဲ့သည်။ (သု. ၂၁:၅) ဖရတ်ဒ် ဤသို့ပြောသည်– “ကုမ္ပဏီတစ်ခုရဲ့လူတွေ့မေးမြန်းမှုနှစ်ခုမှာ မန်နေဂျာကြီးတွေရဲ့မေးမြန်းမှုတွေ ခံခဲ့ရတယ်။’’ ဖရတ်ဒ်၏ဇွဲရှိမှုကြောင့် အောင်မြင်မှုရရှိခဲ့သည်။ “ကျွန်တော့်ကို အလုပ်ခန့်လိုက်တယ်” ဟုပြောသည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဝင်ငွေထက် ပိုအရေးကြီးသောအရာ

အဘယ်အရာသည် ပိုအရေးကြီးသနည်း၊ သင့်အကျင့်စာရိတ္တလော၊ သင့်ဝင်ငွေလော။ ကျမ်းစာ၏ပညာရှိစကားနှစ်ခုကို သုံးသပ်ကြည့်ပါ။

“မမှန်သောအမှုကိုပြုသောသူသည် ငွေရတတ်သော်လည်း ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သောဆင်းရဲသားသည် သာ၍မြတ်၏။”—သု. ၂၈:၆။

“ဆူအောင်ကျွေးသောနွားတစ်ကောင်လုံးကို အချင်းချင်း အငြိုးထားသောစိတ်နှင့်စားရသည်ထက် ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တစ်နပ်စာသည် သာ၍ကောင်း၏။” —သု. ၁၅:၁၇။

ရှင်းနေသည်မှာ ဝင်ငွေမရှိခြင်းက လူတစ်ဦး၏ တန်ဖိုးနှင့် ကိုယ်ကျင့်တရားဆိုင်ရာတည်ကြည်မှုကို မပျက်ပြားစေပါ။ ထို့ကြောင့် ရီနား၏ခင်ပွန်းသည် အလုပ်ပြုတ်သောအခါ ရီနားသည် မိမိကလေးများကို ဤသို့ပြော၏– “တခြားဖခင်တွေဆိုရင် သူတို့ရဲ့မိသားစုကို စွန့်သွားကြတယ်၊ မင်းတို့ရဲ့အဖေကျတော့ မင်းတို့အတွက် ဒီမှာရှိနေတုန်းပဲ။ မင်းတို့ကို သူဘယ်လောက်ချစ်တယ်၊ မင်းတို့ရဲ့အခက်အခဲအားလုံးကို ကူညီဖြေရှင်းပေးနေတယ်ဆိုတာ မင်းတို့အသိပဲ။ ဒီထက်ကောင်းတဲ့ဖခင် ရနိုင်မှာမဟုတ်ဘူး။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ