ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၁၂ စာ. ၁၄
  • ဆင်နှာမောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆင်နှာမောင်း
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆင်နှာမောင်း
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်စွယ်—မည်မျှတန်ဖိုးရှိသနည်း
    နိုးလော့!—၁၉၉၉
  • မိထွေးပထွေးရှိတဲ့ မိသားစုကို ပျော်ရွှင်စည်းလုံးစေတဲ့ အချက်များ
    နိုးလော့!—၂၀၁၂
  • စက်ရုပ်များ မည်မျှ ခေတ်မီတိုးတက်သနည်း
    နိုးလော့!—၂၀၀၈
နိုးလော့!—၂၀၁၂
န ၄/၁၂ စာ. ၁၄

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ဆင်နှာမောင်း

● သုတေသီတွေက ပိုအနုစိတ်လုပ်ဆောင်နိုင်ပြီး ပိုကွေးနိုင် ဆန့်နိုင်တဲ့ စက်ရုပ်လက်တစ်ခုကို တီထွင်နေကြတယ်။ စက်ကိရိယာတွေတီထွင်ရာမှာ အောင်မြင်နေတဲ့ကုမ္ပဏီတစ်ခုအတွက် ဦးဆောင်ဒီဇိုင်းရေးဆွဲပေးနေသူတစ်ဦးက ဒီစက်ရုပ်လက်အသစ်ဟာ “အခုလောလောဆယ် စက်ရုံတွေမှာသုံးနေတဲ့ လူအစား အလိုအလျောက်လုပ်စက်ကိရိယာ ဘယ်ဟာထက်မဆို အများကြီးပိုကောင်းတယ်” လို့ ပြောတယ်။ ဒီစက်ရုပ်လက်အသစ်ကိုလုပ်ဖို့ ဘယ်ကနေ အတွေးရခဲ့တာလဲ။ “ဆင်တွေရဲ့ နှာမောင်း ဘယ်လိုအလုပ်လုပ်သလဲဆိုတာ လေ့လာကြည့်ခြင်းကနေဖြစ်တယ်” လို့ သူ ဖြေတယ်။

သုံးသပ်ကြည့်ပါ– အလေးချိန်ပေါင် ၃၀၀ လောက်ရှိတဲ့ ဆင်နှာမောင်းကို “ကမ္ဘာပေါ်မှာရှိတဲ့ လက်တံတွေထဲမှာ ဘက်စုံအသုံးပြုနိုင်ဆုံးလက်တံ” လို့ သတ်မှတ်ကြတယ်။ ဒီလက်တံက အသက်ရှူတဲ့ နှာခေါင်း၊ ရေစုပ်ယူတဲ့ ပိုက်ဖြစ်ရုံမကဘူး လေးလံတဲ့ပစ္စည်းတွေသယ်ရာမှာနဲ့ သေးငယ်တဲ့ပစ္စည်းတွေ ကောက်ယူရာမှာလည်း အသုံးဝင်တယ်။ ဆင်တွေက ဒါကိုသုံးပြီး အသက်ရှူတယ်၊ အနံ့ခံတယ်၊ ရေသောက်တယ်၊ တစ်ခုခုကို ဖမ်းဆွဲတတ်တဲ့အပြင် နားကွဲလုမတတ် အော်တတ်တယ်။

ဒါလောက်ပဲ မဟုတ်ဘူး။ ဆင်နှာမောင်းမှာ ကြွက်သားမျှင် ၄၀,၀၀၀ လောက်ရှိပြီး ဒါတွေက ဘယ်ဘက်ကိုမဆို ရွေ့လျားလို့ရစေတယ်။ ဆင်တွေဟာ သူတို့နှာမောင်းထိပ်ကိုသုံးပြီး သေးငယ်တဲ့ အကြွေစေ့ကို ကောက်ယူနိုင်သလို အဲဒီနှာမောင်းကိုသုံးပြီး ပေါင် ၆၀၀ လောက် အလေးချိန်ကိုလည်း မနိုင်တယ်။

ဒီဆင်နှာမောင်းရဲ့ တည်ဆောက်ပုံနဲ့ လုပ်ဆောင်နိုင်စွမ်းကိုတုပြီး အိမ်သုံးဖို့နဲ့ စက်မှုလုပ်ငန်းတွေမှာသုံးဖို့ အဆင့်မြင့်တဲ့စက်ရုပ်တွေကို ထုတ်လုပ်နိုင်မယ်လို့ သုတေသီတွေ ယုံကြည်ထားကြတယ်။ “ဒီစက်ရုပ်လက်က အရင်တီထွင်ခဲ့တာနဲ့ လုံးဝမတူတဲ့ အသစ်စက်စက်တီထွင်မှု ဖြစ်တယ်။ ဒီစက်ရုပ်လက်ကြောင့် လူနဲ့ စက်ဟာ ပထမဆုံးအကြိမ်အနေနဲ့ အန္တရာယ်မရှိဘဲ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ပြီ” လို့ အပေါ်မှာဖော်ပြထားတဲ့ကုမ္ပဏီကပဲဖြစ်တဲ့ ဒေါက်တာ ပီတာ ပို့စ် ကပြောတယ်။

သင် ဘယ်လိုထင်ပါသလဲ။ ဆင်နှာမောင်းဟာ သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား။ ဒါမှမဟုတ် စနစ်တကျ ပုံစံရေးဆွဲပြီး ပြုလုပ်ခံထားရတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ