ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၆/၁၂ စာ. ၅
  • ၂။ သန့်သန့်ရှင်းရှင်းရှိပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂။ သန့်သန့်ရှင်းရှင်းရှိပါ
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘေးကင်းပြီး ကျန်းမာရေးနဲ့ ညီတဲ့ အစားအစာဖြစ်ဖို့ လုပ်ဆောင်ရမယ့် အချက် ခုနစ်ချက်
    ထပ်ဆင့် အကြောင်းအရာများ
  • အသက်ရှည်ကျန်းမာစေနိုင်တဲ့ နည်းလမ်းအသွယ်သွယ်
    နိုးလော့!—၂၀၁၅
  • သင့်ကျန်းမာရေးကို ကာကွယ်နိုင်သည့် နည်းခြောက်နည်း
    နိုးလော့!—၁၉၉၈
  • အစားအစာကို ပို၍စိတ်ချရအောင် လုပ်ဆောင်နည်းများ
    နိုးလော့!—၂၀၀၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၆/၁၂ စာ. ၅

၂။ သန့်သန့်ရှင်းရှင်းရှိပါ

ခွဲစိတ်ဆရာဝန်က သူ့ရဲ့လက်ကိုဆေးကြော၊ ခွဲစိတ်မယ့်ကိရိယာတွေကို ပိုးသတ်၊ ခွဲစိတ်ခန်းကို သန့်သန့်ရှင်းရှင်းထားခြင်းအားဖြင့် သူ့လူနာကို ကာကွယ်ပေးသလိုပါပဲ သင်ဟာ သင်ကိုယ်တိုင်ရော သင့်မီးဖိုချောင်နဲ့ စားသောက်ကုန်တွေကိုပါ သန့်သန့်ရှင်းရှင်းထားခြင်းအားဖြင့် သင့်မိသားစုကို ကာကွယ်နိုင်ပါတယ်။

● သင့်လက်ကိုဆေးကြောပါ။

ကနေဒါနိုင်ငံ၊ ပြည်သူလူထုကျန်းမာရေးအေဂျင်စီရဲ့အဆိုအရ “ရိုးရိုးအအေးမိတာ၊ တုတ်ကွေးဖြစ်တာလိုမျိုး သာမန်ကူးစက်ရောဂါတွေဖြစ်ရတဲ့ ၈၀ ရာခိုင်နှုန်းဟာ လက်ကနေ ကူးစက်တာဖြစ်တယ်လို့ ခန့်မှန်းကြတယ်။” ဒါကြောင့် အစားမစားမီ၊ အိမ်သာတက်ပြီးနောက်နဲ့ အစားအစာပြင်ဆင်တော့မယ်ဆိုရင် သင့်လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာဆေးကြောပါ။

● သင့်မီးဖိုချောင်ကို သန့်သန့်ရှင်းရှင်းထားပါ။

အိမ်မှာ ရေချိုးခန်းအိမ်သာဟာ အသန့်ရှင်းဆုံးနေရာဖြစ်နေတတ်ပေမဲ့ “အိမ်တွေမှာ ညစ်ညမ်းတဲ့ဗက်တီးရီးယားပိုးတွေ အများဆုံးရှိတတ်တဲ့နေရာတွေကတော့ မီးဖိုချောင်မှာရှိတဲ့ ပန်းကန်ဆေးအဝတ်နဲ့ လက်သုတ်၊ လက်နှီးတွေဖြစ်ကြောင်း” လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ရတယ်။

ဒါကြောင့် ပန်းကန်ဆေးအဝတ်နဲ့ လက်သုတ်၊ လက်နှီးတွေကို မကြာခဏလဲပါ၊ မီးဖိုချောင်မျက်နှာပြင်တွေကို ဆပ်ပြာရည် ဒါမှမဟုတ် ပိုးသတ်ဆေးရည်နဲ့ သန့်ရှင်းပေးပါ။ အမြဲလွယ်ကူမှာမဟုတ်ဘူးဆိုတာတော့ မှန်ပါတယ်။ ရေပိုက်တပ်ဆင်ထားခြင်းမရှိတဲ့အိမ်မှာ နေထိုင်သူဘိုလာဆိုတဲ့ အမျိုးသမီးက ဒီလိုပြောတယ်– “တကယ့်ကိုမလွယ်ဘူး။ ဒါပေမဲ့ ဆပ်ပြာနဲ့ရေကို ချွေတာနေလို့လည်းမဖြစ်ဘူး၊ ဒါတွေကပဲ မီးဖိုချောင်နဲ့ အိမ်ကို သန့်ရှင်းစေတာလေ။”

● ကောင်းကောင်းရေဆေးပါ။

စားသောက်ကုန်တွေကို မရောင်းချခင်က မသန့်ရှင်းတဲ့ရေတွေ၊ တိရစ္ဆာန်တွေ၊ ညစ်ညမ်းတဲ့အရာတွေ ဒါမှမဟုတ် တခြားအသားစိမ်းငါးစိမ်းတွေထိပြီး ညစ်ပတ်နေနိုင်တယ်။ ဒါကြောင့် သင်က သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို အခွံနွှာမယ်ဆိုရင်တောင် အန္တရာယ်ဖြစ်စေတဲ့ ဗက်တီးရီးယားတွေကင်းစင်နေဖို့ ရေစင်စင်ဆေးပါ။ အချိန်တော့ကုန်မှာဖြစ်တယ်။ “ဟင်းရွက်သုတ်လုပ်ဖို့ပြင်ဆင်တဲ့အခါ အရွက်စိမ်းတွေကို အလောသုံးဆယ်မဟုတ်ဘဲ သေသေချာချာရေဆေးတယ်” ဆိုပြီး ဘရာဇီးနိုင်ငံက မိခင်တစ်ဦးဖြစ်သူ ဒိုင်ယန်းကပြောတယ်။

● အသားစိမ်းတွေကို သတ်သတ်ထားပါ။

ဗက်တီးရီးယားပိုးတွေ မပြန့်ပွားစေဖို့ အသားစိမ်း၊ ငါးစိမ်းတွေကို လုံအောင်ထုပ်ပြီး တခြားအစားအစာတွေနဲ့ သတ်သတ်စီခွဲထားပါ။ စဉ်းတီတုံး၊ ဓား သတ်သတ်စီထားပါ ဒါမှမဟုတ် အသားစိမ်း၊ ငါးစိမ်းတွေကို မခုတ်ခင်နဲ့ ခုတ်ပြီးနောက် ဆပ်ပြာ၊ ရေပူပူနဲ့ သေသေချာချာဆေးပါ။

သင်၊ သင့်ပစ္စည်းကိရိယာတွေနဲ့ ချက်ပြုတ်မယ့်အရာတွေက သန့်ရှင်းနေပြီဆိုရင် အန္တရာယ်ကင်းတဲ့အစားအစာဖြစ်ဖို့ ဘယ်လိုပြင်ဆင်နိုင်သလဲ။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

သင့်ကလေးတွေကို လေ့ကျင့်ပေးပါ– “အစာမစားခင် လက်ကိုသေချာဆေးဖို့နဲ့ အောက်ကျသွားတဲ့ အစားအစာတွေကို ရေဆေးဖို့ ဒါမှမဟုတ် ပစ်လိုက်ဖို့ ကလေးတွေကို သင်ထားပေးတယ်။”—ဟောင်ကောင်မှ ဟွမ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ