ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၂ စာ. ၄
  • စနစ်တကျရှိပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စနစ်တကျရှိပါ
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်စာတွေ ပြီးအောင် ဘယ်လို လုပ်နိုင်သလဲ
    လူငယ်များအမေး
  • အိမ်စာလုပ်ဖို့ အချိန် ဘယ်လိုရနိုင်မလဲ
    နိုးလော့!—၂၀၀၄
  • ‘ကျွန်တော့်မှာ လုပ်စရာတွေ အရမ်းများလွန်းတယ်’
    နိုးလော့!—၂၀၀၉
  • ကျောင်းမှာ အဆင့်ကျသွားရင် ဘယ်လိုလုပ်မလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၁၀/၁၂ စာ. ၄
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

စနစ်တကျရှိပါ

စနစ်တကျရှိဖို့ သင် အနည်းငယ် အားစိုက်လိုက်ရုံနဲ့ အကျိုးများစွာ ရရှိနိုင်ပါတယ် —အချိန် ပိုရမယ်၊ ဖိစီးမှုနည်းမယ်၊ အဆင့်တက်လာမယ်။

စတိုးဆိုင်ကြီးတစ်ဆိုင်မှာ ပစ္စည်းတစ်ခု ဝယ်နေတယ်လို့ မြင်ယောင်ကြည့်ပါ၊ စတိုးဆိုင်က ပစ္စည်းတွေဟာ လုံးဝစနစ်တကျမရှိ အားလုံးရောနေတယ် ဆိုပါစို့။ သင်ရှာနေတဲ့ ပစ္စည်းကိုတွေ့ဖို့ အချိန် ဘယ်လောက်ကုန်မယ်ဆိုတာ စဉ်းစားကြည့်ပါ။ ပစ္စည်းတွေကို သူ့နေရာနဲ့သူ စနစ်တကျ စီထားပြီး အမှတ်အသားတွေ ထားပေးတယ်ဆိုရင်တော့ အလွယ်တကူ ရှာတွေ့ပါလိမ့်မယ်။ ကျောင်းတက်တဲ့အခါမှာလည်း အဲဒီလို စနစ်တကျ လုပ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။

ဇယားတစ်ခု ဆွဲထားပါ။

“တစ်ခါက၊ ကျွန်တော် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး သူငယ်ချင်းအိမ်မှာပဲ ရှိနေခဲ့တဲ့အတွက် ကျောင်းစာရော အိမ်အလုပ်တွေကိုပါ မလုပ်ဖြစ်ဘူး” လို့ အမေရိကန်ပြည်ထောင်စုက အသက် ၁၈ နှစ်ရှိသူ ဇာခရိက ပြောတယ်။ “တနင်္လာနေ့ရောက်တော့ အိမ်စာ မပြီးခဲ့တဲ့အတွက် ဆရာ၊ ဆရာမတွေကို တောင်းပန်ရတယ်။ အခုတော့ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ မမေ့အောင် စာရင်းတစ်ခု လုပ်ထားတယ်။”

ပါပူဝါနယူးဂီနီက မိန်းမငယ် စယ်လီစတန်အတွက်လည်း လုပ်စရာတွေကို စာနဲ့ ရေးမှတ်ထားတာက အကူအညီဖြစ်စေခဲ့တယ်။ သူကျောင်းတက်ခဲ့ချိန်အကြောင်းကို ဒီလို ပြန်ပြောပြတယ်– “အိမ်စာ၊ စာမေးပွဲတွေနဲ့ ပြင်ပအလုပ်တွေအပါအဝင် ကျွန်မလုပ်မယ့်အရာ အားလုံးကို ဇယားဆွဲထားတယ်။ ဒီလိုလုပ်ထားတဲ့အတွက် အရေးကြီးတာတွေ မလုပ်မိဘဲ လွတ်သွားတာမျိုး မရှိတော့ဘူး၊ အချိန်မီလည်း ပြီးတယ်။”

အကြံပြုချက်– လုပ်ဆောင်ရမယ့် စာရင်းကို မှတ်စုတိုလေးမှာ ရေးထားပါ၊ ဒါမှမဟုတ် သင့်ရဲ့ ဆဲလ်ဖုန်းစတဲ့ အီလက်ထရောနစ် ပစ္စည်းထဲမှာ ထည့်ထားနိုင်တယ်။

အချိန်မဆွဲပါနဲ့။

“နောက်မှလုပ်မယ်” လို့ ပြောရတာ လွယ်တယ်။ ဒါပေမဲ့ လုပ်စရာတွေကို၊ အထူးသဖြင့် အိမ်စာကို မြန်နိုင်သလောက်မြန်မြန် လုပ်လိုက်တာက ပိုကောင်းပါတယ်။

အကြံပြုချက်– ဖြစ်နိုင်ရင် အိမ်ပြန်ရောက်တာနဲ့၊ တီဗွီ မဖွင့်ခင် ဒါမှမဟုတ် တခြားအပန်းဖြေမှုတွေ မလုပ်ခင် အိမ်စာလုပ်ဖို့ သတ်မှတ်ထားပါ။

ကျောင်းပစ္စည်းတွေကို စနစ်တကျထားပါ။

စာအုပ်တွေ၊ ဘောလ်ပင်တွေ မေ့ကျန်ခဲ့တာမျိုး ဖြစ်ဖူးသလား။ အဲဒီလို မဖြစ်အောင် လုပ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ “ကျောင်းလွယ်အိတ်ကို အမြဲ ကြိုပြင်ထားတယ်” လို့ မြန်မာနိုင်ငံက လူငယ် အောင်မျိုးမြတ်က ပြောတယ်။

အကြံပြုချက်– သင့်ကျောင်းလွယ်အိတ် ဒါမှမဟုတ် ကျောပိုးအိတ်ထဲမှာ ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်၊ စနစ်တကျ ထည့်ထားပါ၊ ဒါမှသာ အလွယ်တကူ ထုတ်ယူနိုင်မှာဖြစ်တယ်။

အဓိကအချက်– စနစ်တကျရှိမယ်၊ ဇယားဆွဲထားမယ်ဆိုရင် ပစ္စည်းတွေ မေ့ကျန်တာ၊ နောက်ကျလို့ အပြေးအလွှားသွားရတာ၊ လုပ်စရာတွေအတွက် အချိန်မလောက်တာတွေ မဖြစ်တော့ဘူး။

အခုပဲ စလုပ်ဆောင်ကြည့်ပါ။ ဘယ်နေရာမှာ သင် စနစ်တကျရှိဖို့ လိုအပ်သလဲဆိုတာ စဉ်းစားကြည့်ပါ။ ဘယ်လို စနစ်တကျရှိနိုင်သလဲဆိုတာ သင့်မိဘ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ