ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၁၂ စာ. ၂-၃
  • သင် အောင်မြင်နိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် အောင်မြင်နိုင်
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြင်ဖော်မဲ့ မိဘတွေကို စာနာ ထောက်ထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • အဖော်မဲ့မိဘ ဖြစ်သော်လည်း အဖော်မမဲ့
    နိုးလော့!—၂၀၀၃
  • ကြင်ဖော်မဲ့မိဘ၏ မိသားစုအရေအတွက် တိုးများလာခြင်း
    နိုးလော့!—၂၀၀၃
  • မိမစုံဖမစုံမိသားစုများလည်း အောင်မြင်နိုင်ပါသည်!
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၁၁/၁၂ စာ. ၂-၃

သင် အောင်မြင်နိုင်

“ကျွန်မသမီးနှစ်ယောက်က ကျွန်မကို ရုတ်တရက် ပြေးဖက်ပြီး ‘အမေ့ကိုချစ်တယ်’ လို့ပြောလိုက်တဲ့အခါ ကျွန်မ အရမ်းပျော်တယ်။”—ပိုလန်နိုင်ငံမှ ကြင်ဖော်မဲ့မိခင် အန်နာ။

“ကျွန်တော် လုပ်ပေးတဲ့အရာတွေအတွက် ကျေးဇူးတင်ကြောင်း ကလေးတွေ ဖော်ပြတဲ့အခါ သိပ် ကျေနပ်တာပဲ။ တစ်ခါတလေ ကလေးတွေက သူတို့ဆွဲထားတဲ့ပုံလိုမျိုး လက်ဆောင်လေးတွေ ပေးတတ်ကြတယ်။ ဒါက ကျွန်တော်လုပ်ပေးတာထက် အများကြီးပိုသာတယ်။”—အီတလီ နိုင်ငံမှ ကြင်ဖော်မဲ့ဖခင် မက်ဆီမို။

“တစ်ခါတလေ ကျွန်မ ဝမ်းနည်းပြီး စိတ်အားငယ်နေချိန်မှာ သားတစ်ယောက်က ကျွန်မကိုဖက်ပြီး နမ်းတယ်၊ သူ ကျွန်မကို ဘယ်လောက်ချစ်သလဲဆိုတာ ပြောပြတတ်တယ်။” —တောင်အာဖရိကနိုင်ငံမှ ကြင်ဖော်မဲ့မိခင် ယက်စမင်။

ဒီစကားတွေဟာ နိုးလော့! ရဲ့ စစ်တမ်းကောက်ယူမှုကို တုံ့ပြန်ခဲ့တဲ့ ကမ္ဘာတစ်ဝန်းက ကြင်ဖော်မဲ့မိဘတွေရဲ့ ဖော်ပြချက်တွေထဲက နမူနာတွေသာ ဖြစ်ပါတယ်။ အများအားဖြင့် မိခင်တွေဖြစ်ကြတဲ့ ကြင်ဖော်မဲ့မိဘများစွာဟာ သူတို့ကို ထောက်ကူတဲ့ကြင်ဖော် ရှိရင်ကောင်းမှာပဲလို့ ဆိုကြတယ်။a ဒါပေမဲ့ သူတို့ရဲ့ ပွင့်လင်းတဲ့ဖော်ပြချက်တွေအရ ဖြစ်လာတဲ့အခြေအနေနဲ့ လိုက်လျောညီထွေအောင် သူတို့လုပ်နိုင်တယ်ဆိုတာ သိရတယ်။

အခြေအနေနဲ့အညီ လိုက်လျောညီထွေနေဖို့နဲ့ သူတို့ရဲ့ ခက်ခဲတဲ့တာဝန်ကို ကျေပွန်နိုင်ဖို့ ဘာက ထောက်ကူပေးခဲ့သလဲ။ သူတို့ရဲ့ လက်တွေ့ကျပြီး ရိုးသားတဲ့ ဖော်ပြချက်တွေနဲ့ သူတို့ကို ထောက်ကူပေးခဲ့တဲ့ အဓိကမူတချို့ကို နောက်ဆောင်းပါးတွေမှာ သုံးသပ်ပါမယ်။ သင်ဟာ ကြင်ဖော်မဲ့မိဘဖြစ်မယ်ဆိုရင် အလျင်အမြန် ပြောင်းလဲနေပြီး မရေရာမသေချာတဲ့ ဒီလောကမှာ ဒီတာဝန်ဟာ တော်တော်လေး ခက်ခဲမယ်ဆိုတာ သေချာပါတယ်။ ခက်ခဲတဲ့ သင့်တာဝန်ကို ကျေပွန်ဖို့သာ မဟုတ်ဘဲ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ် လုပ်ဆောင်နိုင်ဖို့ ဒီဆောင်းပါးတွေက သင့်ကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။b

ဆောင်းပါးတွေက အောက်ပါကဏ္ဍခြောက်ခုကို ဆွေးနွေးပါမယ်–

  1. ၁။ အကူအညီရယူနိုင်ပုံ

  2. ၂။ ကလေးတွေနဲ့ ပြောဆိုဆက်သွယ်မှုကောင်း ရှိနိုင်ပုံ

  3. ၃။ ဦးစားထားသင့်ရာကို သတ်မှတ်နိုင်ပုံ

  4. ၄။ အမူအကျင့်နဲ့ပတ်သက်ပြီး ပြတ်သားတဲ့ စည်းမျဉ်းတွေ ချမှတ်နိုင်ပုံ

  5. ၅။ အကျိုးပြုတဲ့စံနှုန်းတွေ ရွေးချယ်နိုင်ပုံ

  6. ၆။ မိသားစုမှာ ဘုရားသခင်ကိုပါ ပါဝင်စေနိုင်ပုံ

a ကမ္ဘာတစ်ဝန်းမှာ ကြင်ဖော်မဲ့မိဘ အများစုက အမျိုးသမီးတွေဖြစ်တဲ့အတွက် ဒီဆောင်းပါးတွဲမှာ အများအားဖြင့် အမျိုးသမီးတွေကို ဖော်ပြထားပါတယ်။

b ဒီဆောင်းပါးတွေမှာပါတဲ့ မူတွေက မိဘနှစ်ဦးစလုံးရှိတဲ့ မိသားစုတွေကိုလည်း ကူညီပေးနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ