ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၁၃ စာ. ၁၆
  • ပင့်ကူပျံရဲ့ ဝေဝါးတဲ့အမြင်အာရုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပင့်ကူပျံရဲ့ ဝေဝါးတဲ့အမြင်အာရုံ
  • နိုးလော့!—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပင့်ကူမျှင်ရဲ့ လျှို့ဝှက်ချက်
    နိုးလော့!—၂၀၁၄
  • မာတိကာ
    နိုးလော့!—၂၀၁၃
  • မာတိကာ
    နိုးလော့!—၂၀၁၄
  • ပင့်ကူမျှင်
    နိုးလော့!—၂၀၀၈
နိုးလော့!—၂၀၁၃
န ၃/၁၃ စာ. ၁၆

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ပင့်ကူပျံရဲ့ ဝေဝါးတဲ့အမြင်အာရုံ

ပင့်ကူပျံ (Jumping spider)ရဲ့ အမြင်အာရုံစနစ်က ထူးခြားတယ်၊ အဲဒီစနစ်က သူခုန်ရမယ့်အကွာအဝေးကို အတိအကျ တွက်ချက်ပေးတယ်။ ဘယ်လိုတွက်ချက်သလဲ။

သုံးသပ်ကြည့်ပါ– ပင့်ကူပျံဟာ အဓိကမျက်လုံးတစ်စုံကိုသုံးပြီး အရာတစ်ခုခုရဲ့အကွာအဝေးကို တွက်ချက်နိုင်တယ်။ အဲဒီမျက်လုံးတွေမှာ အစိမ်းရောင်အလင်းတန်းကို ဖမ်းယူတဲ့ မြင်လွှာတစ်ခုထက်မကပါတယ်။ မြင်လွှာတစ်ခုမှာ ရှင်းလင်းတဲ့ပုံရိပ်ပေါ်ပြီး နောက်မြင်လွှာတစ်ခုမှာတော့ ပုံရိပ်ဟာ ဝေဝေဝါးဝါးပဲ ပေါ်တယ်။ အရာဝတ္ထုက ပင့်ကူမျက်လုံးနဲ့ နီးကပ်လေ အဲဒီမြင်လွှာမှာပေါ်တဲ့ပုံရိပ်က ပိုဝေဝါးလေပဲ။ အဲဒီအချက်လေးကိုသုံးပြီး ပင့်ကူပျံက သားကောင်ရှိတဲ့နေရာအတိအကျကို တွက်ချက်တယ်၊ ပြီးနောက် ခုန်ဖမ်းတယ်။

သုတေသီတွေက သုံးဖက်မြင် (3-D) ကင်မရာတွေ၊ အကွာအဝေးတွက်ချက်နိုင်တဲ့ စက်ရုပ်တွေကိုတီထွင်ဖို့ ပင့်ကူပျံရဲ့ နည်းပညာကိုတုပလိုကြတယ်။ ပင့်ကူပျံရဲ့အမြင်အာရုံအကြောင်း ဝက်ဘ်ဆိုက်တစ်ခု (ScienceNOW) က ခုလိုဖော်ပြတယ်– “စင်တီမီတာ တစ်ဝက်လောက်သာရှိပြီး ဦးနှောက်က ယင်ကောင်ဦးနှောက်ထက်သေးပေမဲ့ အမြင်အာရုံကနေရလာတဲ့ အချက်အလက်တွေကို တွက်ချက်အသုံးပြုသွားပုံက လက်ဖျားခါလောက်တဲ့ နမူနာပဲ။”

သင် ဘယ်လိုထင်ပါသလဲ။ ပင့်ကူပျံရဲ့ ဝေဝါးတဲ့အမြင်အာရုံကရလာတဲ့ အချက်အလက်တွေကို တွက်ချက်အသုံးပြုမှုဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် စနစ်တကျ ပုံစံရေးဆွဲခံထားရတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ