ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၁၄ စာ. ၁၆
  • ပင့်ကူမျှင်ရဲ့ လျှို့ဝှက်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပင့်ကူမျှင်ရဲ့ လျှို့ဝှက်ချက်
  • နိုးလော့!—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပင့်ကူပျံရဲ့ ဝေဝါးတဲ့အမြင်အာရုံ
    နိုးလော့!—၂၀၁၃
  • ပင့်ကူမျှင်
    နိုးလော့!—၂၀၀၈
  • မာတိကာ
    နိုးလော့!—၂၀၁၄
နိုးလော့!—၂၀၁၄
န ၁/၁၄ စာ. ၁၆
ပင့်ကူတစ်ကောင် ပင့်ကူအိမ်ရက်နေ

ဒါက သူ့အလိုလိုဖြစ်လာနိုင်ပါ့မလား

ပင့်ကူမျှင်ရဲ့ လျှို့ဝှက်ချက်

အမေရိကန် အိမ်နေပင့်ကူ (American house spider) ဟာ ပင့်ကူအိမ်ဖွဲ့တဲ့အခါ အပေါ်ဘက်ပိုင်းက ပင့်ကူမျှင်ကို ခိုင်ခိုင်ခံ့ခံ့တွယ်ကပ်ထားနိုင်ပြီး အောက်ဘက်ပိုင်းက ပင့်ကူမျှင်ကို အလွယ်တကူကွာသွားနိုင်တဲ့အားနဲ့ တွယ်ကပ်ထားတယ်။ အဲဒါကြောင့် ဖြတ်သွားတဲ့အကောင်လေးဟာ အောက်ဘက်ပိုင်းက ပင့်ကူမျှင်ကိုထိလိုက်တာနဲ့ ပင့်ကူမျှင်ပြုတ်သွားပြီး အကောင်လေးဟာ ပင့်ကူမျှင်နဲ့အတူ ပင့်ကူအိမ်ထဲ ရောက်သွားတယ်။ ပင့်ကူအိမ်တစ်ခုတည်းမှာပဲ အားပျော့တဲ့ကပ်အားနဲ့ အားပြင်းတဲ့ကပ်အား ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။

အပေါ်ဘက်မှာကပ်တဲ့ ပင့်ကူမျှင်ပုံစံ

အပေါ်ဘက်မှာကပ်တဲ့ ပင့်ကူမျှင်ပုံစံ

စဉ်းစားကြည့်ပါ– နံရံ ဒါမှမဟုတ် မျက်နှာကျက်စတဲ့ အပေါ်ဘက်အခြမ်းမှာ တွယ်ကပ်ထားတဲ့ ပင့်ကူမျှင်တွေဟာ ပျံနေတဲ့သားကောင်လေးတွေ အရှိန်နဲ့ဝင်တိုးရင်တောင် ပြုတ်ထွက်မသွားတဲ့အထိ ကပ်အားရှိတယ်။ ဒါပေမဲ့ ကြမ်းပြင်စတဲ့ အောက်ဘက်အခြမ်းမှာကပ်တဲ့ ပင့်ကူမျှင် ပုံစံက နံရံ ဒါမှမဟုတ် အပေါ်ဘက်မှာကပ်တဲ့ပုံစံနဲ့ တည်ဆောက်ပုံ လုံးဝမတူတာကို အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ် အာရကွန်တက္ကသိုလ်က သုတေသီတွေ တွေ့ရှိခဲ့ကြတယ်။ ပင့်ကူမျှင်ကို နံရံဘက်ခြမ်းမှာ ကပ်တဲ့အခါ ကပ်တဲ့နေရာပိုများပြီး ကြမ်းပြင်ဘက်မှာ ကပ်တဲ့အခါမှာတော့ အနည်းငယ်လောက်ပဲ ကပ်ထားတဲ့အတွက် မြေပြင်မှာသွားလာနေတဲ့ သားကောင်လေးဟာ ပင့်ကူမျှင်ကိုထိလိုက်တာနဲ့ ပင့်ကူမျှင် ပြုတ်ထွက်သွားပြီး သားကောင်လေးကလည်း ပင့်ကူအိမ်ထဲ တစ်ခါတည်းရောက်သွားတော့တယ်။

အောက်ဘက်မှာကပ်တဲ့ ပင့်ကူမျှင်ပုံစံ

အောက်ဘက်မှာကပ်တဲ့ ပင့်ကူမျှင်ပုံစံ

အာရကွန်တက္ကသိုလ်က ထုတ်ပြန်တဲ့သတင်းအရ အဲဒီအကြောင်းကိုရှာဖွေတွေ့ရှိတဲ့ သုတေသီတွေဟာ “အဲဒီပင့်ကူတွေကိုကြည့်ပြီး ကပ်အားနှစ်မျိုးသုံးနိုင်တဲ့ ကော်ကို ထုတ်လုပ်ဖို့ ကြိုးစားနေကြတယ်။” ရိုးရိုးအနာကပ်ပလာစတာမှာရော အရိုးဆက်တဲ့အခါမှာပါ သုံးနိုင်တဲ့ကော်ကို တီထွင်နိုင်မယ်လို့ သိပ္ပံပညာရှင်တွေ ယုံကြည်ကြတယ်။

သင်ဘယ်လိုထင်ပါသလဲ။ ကော်တစ်ခုတည်းကနေ အားပျော့တဲ့ကပ်အားနဲ့ အားပြင်းတဲ့ကပ်အား လုပ်နိုင်တဲ့ ပင့်ကူရဲ့စွမ်းရည်က သူ့အလိုလိုဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပုံစံရေးဆွဲထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ