ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၁၃ စာ. ၁၂-၁၃
  • မဟာကုရုမင်းကြီး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မဟာကုရုမင်းကြီး
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗာဗုလုန်ကို ကုရုအောင်နိုင်ပုံ
  • အံ့ဩစရာကောင်းတဲ့ ကြိုဟောချက်များ
  • အံ့ဖွယ်လွတ်မြောက်မှု
  • ဒီအချက်ကို ဘာကြောင့် စိတ်ဝင်စားသင့်သလဲ
  • ဘုရားသခင်ရဲ့လူမျိုး ဗာဗုလုန်ကထွက်လာတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေဟောဝါ—“ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • နံရံပေါ်က စာ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အမျိုးအစားမှန်သောတမန်များကိုခွဲခြားသိမြင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နိုးလော့!—၂၀၁၃
န ၅/၁၃ စာ. ၁၂-၁၃

ကုရုရဲ့ ဂူသင်္ချိုင်း

အတိတ်မှပုံရိပ်များ | မဟာကုရုမင်းကြီး

မဟာကုရုမင်းကြီး

မျက်မှောက်ခေတ်သုံး ပြက္ခဒိန်အရတွက်ရင် ဘီစီ ၅၃၉၊ အောက်တိုဘာ ၅/၆ ညမှာ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာတစ်ခု ဖြစ်ပျက်ခဲ့တယ်။ ဗာဗုလုန်အင်ပါယာရဲ့ မြို့တော်ကြီးဖြစ်တဲ့ ဗာဗုလုန်မြို့ ကျဆုံးသွားခြင်းဖြစ်တယ်။ မဟာကုရု (Cyrus the Great) လို့လည်း နာမည်ကြီးတဲ့ ပါရှားဘုရင် ကုရုရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာရှိတဲ့ မီးဒီးယား၊ ပါရှားစစ်တပ်ကြောင့် ဗာဗုလုန်မြို့ ကျဆုံးခဲ့တာဖြစ်တယ်။ ကုရုရဲ့ စစ်ဗျူဟာက တကယ့်ကို ပြောင်မြောက်လှတယ်။

ဗာဗုလုန်ကို ကုရုအောင်နိုင်ပုံ

“ဗာဗုလုန်မြို့ကိုသိမ်းပိုက်မယ်လို့ ကုရုကြံစည်ချိန်မှာ အဲဒီမြို့ဟာ အရှေ့အလယ်ပိုင်းဒေသက မြို့အားလုံးထက်၊ ဖြစ်ပုံရတာက ကမ္ဘာပေါ်မှာရှိတဲ့ မြို့အားလုံးထက် ကြီးကျယ်ခမ်းနားတဲ့မြို့ဖြစ်တယ်” လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ (Ancient World Leaders—Cyrus the Great) ဗာဗုလုန်မြို့ဟာ ယူဖရေးတီးစ်မြစ်ကို ခွပြီး တည်ဆောက်ထားတဲ့အတွက် အဲဒီမြစ်က မြို့ပတ်ပတ်လည်မှာရှိတဲ့ ကျုံးကို ရေဖြည့်ပေးပြီး မြို့ရိုးတွေကလည်း ကြီးမားလှတဲ့အတွက် ဗာဗုလုန်မြို့ဟာ သိမ်းပိုက်လို့မရနိုင်ပုံပေါက်နေတယ်။

ဗာဗုလုန်မြို့အထက် မြစ်ညာဘက်မှာ ကုရုရဲ့လူတွေက ယူဖရေးတီးစ်မြစ်ရေကို လမ်းကြောင်းလွှဲလိုက်တဲ့အတွက် ရေမျက်နှာပြင် နိမ့်ကျသွားတယ်။ စစ်သားတွေဟာ ပေါင်လယ်လောက်သာရှိတော့တဲ့ မြစ်ရေကနေ ဖြတ်ကူး၊ ပွင့်နေတဲ့ဂိတ်တံခါးကနေဝင်ပြီး ခုခံမှုမရှိသလောက်ဖြစ်တဲ့ ဗာဗုလုန်မြို့ကို သိမ်းပိုက်ခဲ့ကြတယ်။ ဂရိသမိုင်းပညာရှင် ဟဲရိုဒိုးတပ်စ်နဲ့ ဇီနိုဖုန်းတို့ရဲ့အဆိုအရ တိုက်ခိုက်ခံရတဲ့ညမှာ ဘုရင်အပါအဝင် ဗာဗုလုန်မြို့သားတွေဟာ မြို့အကာအရံတွေကြားမှာ လုံခြုံမှုရှိတယ်လို့ ထင်နေကြပြီး စားသောက်ပွဲကြီး ကျင်းပနေကြတယ်။ (“နံရံပေါ်မှ လက်ရေးစာ” လေးထောင့်ကွက်ကို ကြည့်ပါ။) ကုရုရဲ့ အောင်ပွဲဆင်မှုက အံ့သြဖွယ်ကောင်းတဲ့ ကျမ်းစာပရောဖက်ပြုချက် ဒါမှမဟုတ် ကြိုဟောချက်တွေကို ပြည့်စုံစေခဲ့တယ်။

ဗာဗုလုန်ကို ကုရုအောင်နိုင်မယ့်အကြောင်း သမ္မာကျမ်းစာမှာ ကြိုဟောထား

အံ့ဩစရာကောင်းတဲ့ ကြိုဟောချက်များ

ဟေရှာယရဲ့ကြိုဟောချက်တွေက အထူးသဖြင့် အံ့သြဖို့ကောင်းတယ်။ အကြောင်းကတော့ နှစ် ၂၀၀ လောက်၊ ကုရုမမွေးခင် နှစ် ၁၅၀ လောက်ကြိုပြီး ပြောခဲ့လို့ပါပဲ။ အောက်ပါကြိုဟောချက်တွေကို သုံးသပ်ကြည့်ပါ–

  • ကုရုလို့နာမည်ရှိတဲ့သူက ဗာဗုလုန်ကို အောင်နိုင်ပြီး ဂျူးတွေကို လွှတ်ပေးမယ်။—ဟေရှာယ ၄၄:၂၈; ၄၅:၁။

  • ယူဖရေးတီးစ်မြစ်ရေ ခမ်းခြောက်ပြီး ကုရုရဲ့စစ်တပ်အတွက် လမ်းပွင့်မယ်။—ဟေရှာယ ၄၄:၂၇။

  • မြို့ဂိတ်တံခါးတွေ ပွင့်နေမယ်။—ဟေရှာယ ၄၅:၁။

  • ဗာဗုလုန်စစ်တပ်က ‘စစ်ပြိုင်မှာမဟုတ်။’—ယေရမိ ၅၁:၃၀; ဟေရှာယ ၁၃:၁၊ ၇။

အံ့ဖွယ်လွတ်မြောက်မှု

ဘီစီ ၆၀၇ မှာ ဗာဗုလုန်စစ်တပ်က ဂျေရုဆလင်မြို့ကို ဖျက်ဆီးပြီး သုံ့ပန်းအများစုကို ပြည်နှင်ခဲ့တယ်။ ဂျူးတွေ ဘယ်လောက်ကြာကြာ ပြည်နှင်ခံရမလဲ။ ဘုရားသခင် ဒီလိုပြောတယ်– ‘အနှစ်ခုနစ်ဆယ်စေ့သောအခါ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံကို ငါသည်ဒဏ်ပေး၍ အစဉ်အမြဲလူဆိတ်ညံရာအရပ်ဖြစ်စေမည်။’—ယေရမိ ၂၅:၁၂။

ဖော်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း ကုရုဟာ ဗာဗုလုန်ကို ဘီစီ ၅၃၉ ခုနှစ်မှာ သိမ်းပိုက်ခဲ့တယ်။ အဲဒီနောက် မကြာခင် ဂျူးတွေကို လွှတ်ပေးခဲ့ပြီး ပြည်နှင်ခံရတဲ့အချိန်ကနေ အနှစ် ၇၀ အတိအကျဖြစ်တဲ့ ဘီစီ ၅၃၇ မှာ နေရင်းပြည်ကို ဂျူးတွေ ပြန်ရောက်ရှိခဲ့တယ်။ (ဧဇရ ၁:၁-၄) ဗာဗုလုန်ကတော့ နောက်ပိုင်းမှာ “လူဆိတ်ညံရာအရပ်” ဖြစ်သွားပြီး အဲဒါကလည်း ကျမ်းစာကြိုဟောချက် အတိအကျ ပြည့်စုံခြင်းဖြစ်တယ်။

ဒီအချက်ကို ဘာကြောင့် စိတ်ဝင်စားသင့်သလဲ

ဒီအချက်တွေကို သုံးသပ်ကြည့်ပါ– (၁) ဂျူးတွေဟာ အနှစ် ၇၀ ပြည်နှင်ခံရမယ့်အကြောင်း၊ (၂) ဗာဗုလုန်ကို ကုရုအောင်မယ့်အကြောင်းနဲ့ သူသုံးမယ့် စစ်ဗျူဟာ၊ (၃) ဗာဗုလုန်ဟာ လူဆိတ်ညံရာဖြစ်မယ့်အကြောင်းတွေကို သမ္မာကျမ်းစာမှာ ကြိုဟောထားတယ်။ လူသားတွေအနေနဲ့တော့ အဲဒီလိုအချက်တွေကို ကြိုပြီးမသိနိုင်ဘူး။ ကျိုးကြောင်းဆီလျော်မှုရှိတဲ့ ကောက်ချက်ကတော့ ‘ပရောဖက်ပြုချက်မည်သည် လူ့အလိုအားဖြင့် မဟုတ်။ ဘုရားသခင်ထံတော်မှဖြစ်၏။’ (၂ ပေတရု ၁:၂၁) အမှန်ပါပဲ၊ သမ္မာကျမ်းစာဟာ လေ့လာဆန်းစစ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။

ကိုယ်ရေးအချက်အလက်

  • ကုရုကို ဘီစီ ၆၀၀ လောက်မှာ မွေးဖွားတယ်လို့ ယူဆကြတယ်။ သူဟာ ဘီစီ ၅၃၀ လောက်မှာ စစ်ပွဲမှာ သေဆုံးခဲ့တယ်။

  • ကုရုရဲ့ဂူသင်္ချိုင်းကို သူတည်ထောင်ခဲ့တဲ့ ရှေးပါရှားမြို့တစ်မြို့ဖြစ်တဲ့ ပါဆားဂါဒီမြို့မှာ တွေ့ရဆဲဖြစ်တယ်။ အခုအချိန်မှာတော့ အဲဒီမြို့ဟာ အီရန်နိုင်ငံရဲ့ ရှေးဟောင်းသုတေသနနယ်မြေထဲမှာ ပါဝင်တယ်။

  • ကုရုဆလင်ဒါ

    ကိုးလက်မရှည်တဲ့ ရွှံ့စေးတုံး ကုရု ဆလင်ဒါမှာ ဗာဗုလုန်မြို့ကို ကုရု အောင်ပွဲဆင်တဲ့အကြောင်း၊ ဂျူးတွေ အပါအဝင် ပြည်နှင်ခံတွေကို လွှတ်ပေးတဲ့အကြောင်း မှတ်တမ်းတင်ထားတယ်။ အဲဒီဆလင်ဒါကို “သမ္မာကျမ်းစာနဲ့ဆိုင်တဲ့ ကမ္ပည်းကျောက်စာတွေထဲမှာ အရေး အပါဆုံးတွေ့ ရှိချက်တစ်ခု” လို့ သတ်မှတ်ကြတယ်။

  • ပါရှားလူမျိုးတွေဟာ ကုရုကို အခုအချိန်အထိ အလွန်လေးမြတ်နေဆဲဖြစ်တယ်။

“နံရံပေါ်မှ လက်ရေးစာ”

ကုရုမင်း အလစ်ဝင်တိုက်ခိုက်တဲ့ညမှာ ဗာဗုလုန်ဘုရင် ဗေလရှာဇာဟာ “မှူးမတ်တစ်ထောင်” နဲ့ စားသောက်ပွဲကြီးကျင်းပနေတယ်။ အဲဒီအချိန် နံရံပေါ်မှာ လူ့လက်တစ်ခု ထူးထူးဆန်းဆန်း ပေါ်လာတယ်။ လူတွေအားလုံးရှေ့မှာပဲ အဲဒီလက်က “နန်းတော်အုတ်ထရံအင်္ဂတေ” ပေါ်မှာ “မေနေ၊ မေနေ၊ တေကလ၊ ဖေရက်” ဆိုတဲ့စာသားကို ရေးသားခဲ့တယ်။a—ဒံယေလ ၅:၁၊ ၅၊ ၂၅။

ပရောဖက်ဒံယေလက ကြောက်ဒူးတုန်နေတဲ့ ဗေလရှာဇာကို အဲဒီစာသားရဲ့အဓိပ္ပာယ် ရှင်းပြခဲ့တယ်။ ဒံယေလ ဘုရင်ကို လျှောက်တင်တဲ့စကားကို အတိုချုပ်ပြောရရင် ဘုရင်ရဲ့နိုင်ငံကို ဘုရားသခင် “ဆုံး” စေပြီ၊ ဘုရင်ကို “ချိန်ခွင်နဲ့ချိန်” တဲ့အခါ လျော့ကြောင်းတွေ့ရတယ်၊ ဗာဗုလုန်ကို ‘မီးဒီးယား၊ ပါရှားလက်ထဲ အပ်’ လိုက်ပြီ။ (ဒံယေလ ၅:၂၆-၂၈) ပြောတဲ့အတိုင်း ဖြစ်ခဲ့တယ်။ ဒီနေ့အချိန် တချို့ဘာသာစကားတွေမှာ “နံရံပေါ် လက်ရေးစာ ပေါ်ပြီ” လို့သုံးနေကြဆဲဖြစ်ပြီး ဒုက္ခအကြီးအကျယ်ရောက်တော့မယ်၊ ကျဆုံးတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

a အဲဒီစာသားတွေက ငွေအလေးချိန်အတိုင်းအတာတွေ ဖြစ်တယ်။ အသေးစိတ်ရှင်းပြချက်ကို ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ ဒံယေလ၏ပရောဖက်ပြုချက်ကို ဂရုပြုလော့! စာအုပ် အခန်း ၇ မှာ ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ