ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၃ စာ. ၃
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အီတလီ
  • အာမေးနီးယား
  • ဂျပန်
  • တရုတ်
  • အင်တာနက် လူမှုဆက်သွယ်ရေးကွန်ရက်နဲ့ပတ်သက်ပြီး ဘာတွေ သိထားသင့်သလဲ
    နိုးလော့!—၂၀၁၂
  • တရားရေးသတင်း
    ၂၀၁၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • တရားရေးသတင်း
    ၂၀၁၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၁၀/၁၃ စာ. ၃

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အီတလီ

၂၀၁၁ ခုနှစ်တုန်းက အီတလီမှာ စက်ဘီးရောင်းချရမှုဟာ ကားရောင်းချရမှုထက် ပိုခဲ့တယ်။ စီးပွားရေးကျပ်တည်းမှု၊ လောင်စာဆီကုန်ကျစရိတ်နဲ့ ကားတွေအတွက် ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်တွေကြောင့် ဖြစ်နိုင်တယ်။ စက်ဘီးကတော့ ပြုပြင်ထိန်းသိမ်းမှုစရိတ် သက်သာတယ်၊ အသုံးပြုရတာလည်းလွယ်ပြီး အဆင်လည်းပြေတယ်။

အာမေးနီးယား

ယေဟောဝါသက်သေလူငယ် ၁၇ ယောက်ဟာ စစ်ဘက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ကြီးကြပ်မှုအောက်မှာရှိတဲ့ အရပ်ဘက်လုပ်ငန်းမှာ လုပ်ဆောင်ဖို့ငြင်းပယ်တာကြောင့် အာမေးနီးယားအစိုးရက ဖမ်းဆီးထားခြင်းဟာ သူတို့ရဲ့အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက စီရင်ချက်ချလိုက်တယ်။ အာမေးနီးယားအစိုးရက လူငယ် ၁၇ ယောက်အတွက် နစ်နာကြေးနဲ့ တရားရုံးစရိတ်ကို ပေးဆောင်ရမှာဖြစ်တယ်။

ဂျပန်

လူမှုဆက်သွယ်ရေးကွန်ရက်ဝက်ဘ်ဆိုက်တွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ကလေးတွေထဲက ၆၃ ရာခိုင်နှုန်းဟာ ဖြစ်လာနိုင်တဲ့အန္တရာယ်နဲ့ပတ်သက်ပြီး မိဘတွေရဲ့ သတိပေးမှုကို မခံခဲ့ရဘူး။ အမှု ၅၉၉ ခုကို သုံးသပ်ကြည့်တဲ့အခါ လိင်မုဆိုးတွေဖြစ်တဲ့ တရားခံ ၇၄ ရာခိုင်နှုန်းက ကလေးတွေကိုပစ်မှတ်ထားပြီး အဲဒီဝက်ဘ်ဆိုက်တွေကို တမင်တကာအသုံးပြုတာပါလို့ ဝန်ခံကြတယ်။

တရုတ်

ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချဖို့အတွက် အဓိကမြို့ကြီးတွေမှာ မော်တော်ယာဉ်မှတ်ပုံတင်ခြင်းကို ကန့်သတ်လိုက်တယ်။ ဥပမာ၊ ပေကျင်းမြို့မှာ တစ်နှစ်ကို မှတ်ပုံ တင်မှု ၂၄၀၀၀၀ ထက်ပိုတင်ခွင့်ရရှိမှာမဟုတ်ဘူး။ ၂၀၁၂ ခုနှစ် ဩဂုတ်လမှာ တရားဝင်မှတ်ပုံတင်ခွင့်ရနိုင်ဖို့ လူပေါင်း ၁၀၅၀၀၀၀ က မဲနှိုက်ခဲ့တဲ့ထဲက ၁၉၉၂၆ ခုပဲ မှတ်ပုံတင်ခွင့် ရရှိတယ်။ လျှောက်လွှာတင်သူ ၅၃ ယောက်မှာ ၁ ယောက်ပဲ မှတ်ပုံတင်ခွင့်ရတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ