ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၁၄ စာ. ၃
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စပိန်
  • တရုတ်
  • ဂျပန်
  • မော်ရေတေနီးယား
  • ကမ္ဘာ့သတင်း
  • ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း—တစ်ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းတစ်ရပ်
    နိုးလော့!—၂၀၀၃
  • ဘေးသင့်ပြီးနောက် ဆိုးကျိုးကို ကိုင်တွယ်ခြင်း
    နိုးလော့!—၂၀၀၃
  • သဘာဝဘေးဒဏ်များ သင့်သည့်အခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၃/၁၄ စာ. ၃

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

စပိန်

မြေငလျင်လှုပ်မှုကြောင့် ပျက်စီးနေမှုတွေကို ကယ်ဆယ်ရေးလုပ်သား ကြည့်နေ

စပိန်နိုင်ငံတောင်ပိုင်း လော်ကာမြို့မှာ ၂၀၁၁ ခုနှစ်မှာလှုပ်ခတ်တဲ့ ငလျင်ကြောင့် ၉ ယောက်သေဆုံးပြီး တော်တော်များများ ထိခိုက် ဒဏ်ရာရခဲ့တယ်။ ဒီငလျင်လှုပ်တာက လူတွေရဲ့လုပ်ရပ်နဲ့ ဆက်စပ်မူရှိတယ်လို့ သိပ္ပံပညာရှင်တွေ ယုံကြည်ကြတယ်။ စိုက်ပျိုးရေးအတွက် မြေအောက်ရေကို အကြီးအကျယ်ထုတ်ယူခြင်းနဲ့ သေကျေပျက်စီးစေနိုင်တဲ့ ငလျင်လှုပ်ခတ်မှု ဆက်စပ်နေတာကို ဘူမိဗေဒပညာရှင်တွေ တွေ့ရှိထားကြတယ်။

တရုတ်

တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီသည်များ

၂၀၁၂ ခုနှစ်အတွင်း တရုတ်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်တွေဟာ အမေရိကန်ဒေါ်လာ ၁၀၂ ဘီလီယံ သုံးစွဲခဲ့ကြတယ်။ ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့ရဲ့ အဆိုအရ တရုတ်ပြည်ဟာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာလှည့်ခရီးသွားခြင်းမှာ ငွေကြေးအသုံးအများဆုံးနိုင်ငံ ဖြစ်လာပြီး ဂျာမနီနဲ့ အမေရိကန်ပြည်ထောင်စုကို ကျော်လွန်သွားခြင်းဖြစ်တယ်။ အဲဒီနှစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၈၄ ဘီလီယံခန့် သုံးစွဲခဲ့ကြတယ်။

ဂျပန်

အမျိုးသမီးတစ်ဦး ဆေးလိပ်သောက်နေ

ဂျပန်နိုင်ငံက လူပေါင်း ၆၈,၀၀၀ ခန့်ကို ပျမ်းမျှနှစ်ပေါင်း ၂၃ နှစ်အကြာ စောင့်ကြည့်လေ့လာခဲ့တဲ့ လေ့လာမှုတစ်ရပ်ကို ဗြိတိသျှဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တယ်။ အဲဒီလေ့လာမှုအရ ၁၉၂၀ ပြည့်နှစ်ကနေ ၁၉၄၅ ခုနှစ်ကြားမှာမွေးဖွားပြီး အသက် ၂၀ မတိုင်မီ ဆေးလိပ်သောက်တတ်တဲ့ အမျိုးသမီးတွေဟာ ဆေးလိပ်လုံးဝမသောက်သူထက် ၁၀ နှစ်အသက်တိုပြီး အမျိုးသားတွေဟာ ၈ နှစ်အသက်တိုကြတယ်။

မော်ရေတေနီးယား

သမုဒ္ဒရာထဲမှာ မျောနေတဲ့ ပလတ်စတစ်အိတ်

ပင်လယ်သတ္တဝါတွေ၊ ကုန်းသတ္တဝါတွေရဲ့အသက် မဆုံးရှုံးရအောင် ပလတ်စတစ်အိတ် တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းနဲ့ သုံးစွဲခြင်းကို ပိတ်ပင်ခဲ့တယ်။ အဲဒီသတ္တဝါတွေ ပလတ်စတစ်အိတ်ကို မျိုမိပြီးသေဆုံးနိုင်တဲ့အတွက် ဖြစ်တယ်။ ဆွေးမြေ့လွယ်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့အိတ်တွေကိုပဲ အစားထိုးအသုံးပြုဖို့ အစိုးရက အားပေးလျက်ရှိတယ်။

ကမ္ဘာ့သတင်း

အာမခံကုမ္ပဏီတွေက ရာသီဥတု သဘာဝဘေးအန္တယ်ရာယ်တွေကြောင့် ပျက်စီး ဆုံးရှုံးမှုတွေအတွက် တစ်နှစ်တစ်နှစ်ကို အမေရိကန်ဒေါ်လာဘီလီယံ ၅၀ လောက် လျော်ကြေးပေးနေရတယ်။ ငွေကြေးဖောင်းပွမှုကို ထည့်မတွက်ဘူးဆိုရင်တောင် ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးရတဲ့ငွေက ၁၉၈၀ ပြည့်လွန်နှစ်ကစပြီး ဆယ်နှစ်ကျော်တိုင်း နှစ်ဆမြင့်တက်လာခဲ့ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ