ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၁၃ စာ. ၃
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂျာမနီ
  • ကမ္ဘာ့သတင်း
  • ဂျပန်
  • ဘိုလစ်ဗီးယား
  • အီတလီ
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၁၄
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၁၄
  • ဘာလို့ စိတ်မရှည်ကြတော့တာလဲ
    နိုးလော့!—၂၀၁၂
နိုးလော့!—၂၀၁၃
န ၁၁/၁၃ စာ. ၃

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဂျာမနီ

ချာ့ချ်အတွက်အခွန်မပေးချင်လို့ တချို့က ကက်သလစ်ချာ့ချ်ကနေ တရားဝင်နုတ်ထွက်သွားကြတယ်။ ဒါပေမဲ့ ချာ့ချ်အယူဝါဒကိုတော့ ဆက်လက်ကိုင်စွဲထားဆဲဖြစ်တယ်။ ၂၀၁၂ ခုနှစ်မှာ ဂျာမနီနိုင်ငံရဲ့ တရားရုံးချုပ်တစ်ခုက ချာ့ချ်ကနေ တရားဝင်နုတ်ထွက်သွားသူတွေကို အသင်းသားတစ်ယောက်အနေနဲ့ ဆက်အသိအမှတ်မပြုဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် သူတို့ကို ပွဲတော်စားခြင်း၊ အာပတ်ဖြေခြင်း၊ ချာ့ချ်မှာရာထူးရဖို့နဲ့ သင်္ဂြိုဟ်ဖို့ စတာ တွေကို ချာ့ချ်ကလုပ်ပေးမှာမဟုတ်ဘူး။

ကမ္ဘာ့သတင်း

ကမ္ဘာ့ဘာသာတရားတွေကို ဆန်းစစ်တဲ့အခါ “ဘယ်ဘာသာရေးအဖွဲ့အစည်းအဝင်မှ မဟုတ်ဘူး” လို့ဝန်ခံတဲ့သူက အခုအချိန်မှာ သန်း ၁၁၀၀ ရှိတာကို တွေ့ရတယ်။ သူတို့အားလုံးက ဘုရားမဲ့ဝါဒီတွေတော့ မဟုတ်ဘူး။ ဒါက သန်း ၂၂၀၀ ရှိတဲ့ခရစ်ယာန်နဲ့ သန်း ၁၆၀၀ ရှိတဲ့အစ္စလာမ်ပြီးရင် တတိယလိုက်နေတဲ့ အရေအတွက်ဖြစ်တယ်။ ဟိန္ဒူကတော့ စတုတ္ထလိုက်နေပြီး သန်း ၁၀၀၀ လောက်ရှိတယ်။

ဂျပန်

ချီးမွမ်းပေးရင် ဦးနှောက်မှာ လှုံ့ဆော်မှုဖြစ်ပြီး ပျော်ရွှင်မှုခံစားရတယ်ဆိုတာ ဂျပန်သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြတယ်။ ချီးမွမ်းမှုဟာ လူကို တိုးတက်မှုဖြစ်စေတဲ့ နည်းလမ်းကောင်းဖြစ်တယ်ဆိုတာကို အဲဒီတွေ့ရှိချက်က အတည်ပြုတယ်။

ဘိုလစ်ဗီးယား

၂၀၁၂ နှစ်ကုန်ပိုင်းမှာ ဘိုလစ်ဗီးယားအစိုးရက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ဖို့အတွက် စီမံဆောင်ရွက်ခဲ့တယ်။ သန်းခေါင်စာရင်း တိကျမှန်ကန်ဖို့အတွက် စစ်တမ်းကောက်တဲ့နေ့မှာ အိမ်ပြင်မထွက်ကြဖို့ ဘိုလစ်ဗီးယားပြည်သူတွေကို တောင်းဆိုခဲ့တယ်။ ဒါ့အပြင် အရက်သောက်သုံးတာ၊ ကိုယ်ရေးကိုယ်တာကိစ္စအတွက် ကားနဲ့အပြင်ထွက်တာကို တားမြစ်ခဲ့ပြီး နယ်စပ်ကိုလည်း ပိတ်ထားခဲ့တယ်။

အီတလီ

စစ်တမ်းတစ်ခုအရ အီတလီလူမျိုးတွေဟာ တစ်နေ့မှာ သူတို့ကလေးနဲ့ကစားချိန် ၁၅ မိနစ်ရှိတယ်လို့ ဖော်ပြထား တယ်။ “ကလေးတွေပညာတိုးပွားဖို့အတွက် အဲဒီလိုကစားတာပါလို့ ၅ ယောက်မှာ ၁ ယောက်ကပြောတယ်” ဆိုပြီး သတင်းစာတစ်စောင် (La Repubblica) ကဖော်ပြထား တယ်။ မိဘတွေက ကလေးတွေနဲ့ ကစားတဲ့အခါ သူတို့လေးတွေရဲ့ အတွေးအခေါ် ဖွံ့ဖြိုးစေသလို စည်းကမ်းတွေလိုက်နာရမယ်ဆိုတဲ့ ခံစားချက်ရှိဖို့လည်း အထောက်အကူပြုတယ်လို့ ကစားနည်းပညာရှင် အန်ဒရဲယာ အန်ဂျိုလီနို က ပြောတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ