ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၁၄ စာ. ၄-၅
  • ဆုံးမပဲ့ပြင်တာကို ဘယ်လို လက်ခံမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆုံးမပဲ့ပြင်တာကို ဘယ်လို လက်ခံမလဲ
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • ဆုံးမခြင်းက ယေဟောဝါရဲ့မေတ္တာ အထောက်အထားဖြစ်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်နိုင်ပုံ
    နိုးလော့!—၂၀၁၉
  • ၆ ဆုံးမသွန်သင်ခြင်း
    နိုးလော့!—၂၀၁၈
  • သားသမီးတွေ စိတ်နှိမ့်ချတတ်အောင် သင်ပေးပါ
    နိုးလော့!—၂၀၁၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၄/၁၄ စာ. ၄-၅
လူငယ်တစ်ယောက်ကို လူကြီးတစ်ယောက်က ဆုံးမနေ

မိသားစုတွေအတွက်အကူအညီ | လူငယ်များ

ဆုံးမပဲ့ပြင်တာကို ဘယ်လို လက်ခံမလဲ

အခက်အခဲ

“တစ်ယောက်ယောက်က ကိုယ့်ကို ဆုံးမနေပြီဆိုရင် ကိုယ်မှားတယ်ဆိုတာကို သူထောက်ပြနေတာပဲ။ ‘ဆုံးမခံရတာကို အရမ်းကြိုက်တယ်’ လို့ပြောတဲ့သူ တစ်ယောက်မှ မတွေ့ဖူးသေးဘူး။”—အေမီ၊ ၁၇ နှစ်။a

လေယာဉ်နှစ်စင်း မတိုက်မိအောင် လေယာဉ်ထိန်းမျှော်စင်ကနေ ညွှန်ကြားပေးနေ

ဆုံးမပဲ့ပြင်တာကို လက်မခံတဲ့သူက လေယာဉ်ထိန်းမျှော်စင်ကပေးပို့တဲ့ သတိပေးချက်တွေကို ဂရုမစိုက်တဲ့ လေယာဉ်မှူးနဲ့တူတယ်။ အကျိုးဆက်ကိုတော့ မတွေးရဲစရာပဲ။

မိဘ၊ ဆရာ၊ ဆရာမနဲ့ လူကြီးတစ်ယောက်ယောက် ဆုံးမတဲ့အခါ လက်ခံဖို့ခက်ပါသလား။ ခက်တယ်ဆိုရင် ဒီဆောင်းပါးက အထောက်အကူပြုပါလိမ့်မယ်။

သိထားသင့်တဲ့အချက်

ဘယ်သူမဆို ဆုံးမပဲ့ပြင်မှု လိုအပ်ပါတယ်။

“ငါတို့ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ၏။”—ယာကုပ် ၃:၂။

“အမှားလုပ်မိလို့ လိုအပ်တဲ့ဆုံးမမှုခံရတာ ဘာမှရှက်စရာမဟုတ်ဘူး။” —ဂျက်ဆီကာ။

ဆုံးမခံရတာဟာ ဆိုးသွမ်းမိုက်မဲလို့ ဆိုတဲ့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။

“ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသားကို ဒဏ်ခတ်တော်မူတတ်၏။”—သုတ္တံ ၃:၁၂။

“တစ်ယောက်ယောက်က ကျွန်မကို ဆုံးမတဲ့အခါ အဲဒီလိုဆုံးမဖို့ သူ့အတွက် ဘယ်လောက်တောင်ခက်လိုက်မလဲ၊ သူပေးတဲ့အကြံဉာဏ်က ဘယ်လောက် မေတ္တာပါသလဲဆိုတာ စဉ်းစားကြည့်တယ်။”—တာမရာ။

ဆုံးမပဲ့ပြင်တာက သင့်ကို ပိုကောင်းတဲ့သူ ဖြစ်လာစေပါတယ်။

“ငါဆုံးမခြင်းကို မပယ်ကြနှင့်။ နားထောင်၍ ပညာရှိကြလော့။”—သုတ္တံ ၈:၃၃။

“ရင့်ကျက်ဖို့ ဆုံးမပဲ့ပြင်မှု မဖြစ်မနေလိုအပ်တယ်။ တခြားသူတွေ ကိုယ့်ကိုဘယ်လိုမြင်ကြသလဲဆိုတာ သိစေတယ်၊ ကိုယ့်မှာရှိနေမှန်း သတိမထားမိတဲ့ မကောင်းတဲ့အကျင့်တွေကို ထိန်းချုပ်နိုင်အောင်လည်း ကူညီပေးတယ်။”—ဒိုင်ယန်း။

လုပ်ဆောင်နိုင်ရာ

အမြင်ကျယ်ကျယ်နဲ့ရှုမြင်ပါ။ ဆုံးမပဲ့ပြင်တာကို လက်မခံချင်တဲ့စိတ် ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ခံစားချက်ကို ခဏဘေးဖယ်ထားကြည့်ပါ။ အဲဒီလိုလုပ်နိုင်အောင် ဒီလိုစမ်းကြည့်ပါ– သင့်အခြေအနေကို ခဏဘေးဖယ်ထားပြီး သင်ဟာ သင့်ရဲ့ ညီငယ်၊ ညီမငယ် ဒါမှမဟုတ် တစ်ယောက်ယောက်ကို အဲဒီလိုပဲဆုံးမနေရတယ်လို့ မြင်ယောင်ကြည့်ပါ။ ဆုံးမဖို့လိုအပ်တဲ့ အကြောင်းရင်းတချို့ကို သင်တွေ့လာမှာဖြစ်တယ်။ အခု သင့်ရဲ့အခြေအနေကိုပြန်သွားပြီး အဲဒီအချက်တွေကို စဉ်းစားကြည့်ပါ။—ကျမ်းစာအကြံပြုချက်– ဒေသနာ ၇:၉။

“ဆုံးမတဲ့သူက စိတ်နာစေဖို့မဟုတ်ဘဲ ကောင်းဖို့အတွက် ကြိုးစားကူညီပေးနေတယ် ဆိုတာကို မမြင်ဘူးဆိုရင်တော့ ပြစ်တင်ဆုံးမခံရတဲ့အတွက် အရမ်းခံစားနေရမှာ။”—ထရီဇာ။

နှိမ့်ချပါ။ မာနကြီးပြီး ဆုံးမပဲ့ပြင်တာကို လက်မခံတာမျိုး မဖြစ်ပါနဲ့။ ကိုယ့်မှာ ပြုပြင်ပြောင်းလဲစရာတချို့ရှိတယ်ဆိုတာ သိလိုက်ရတဲ့အတွက် စိတ်ဓာတ်ကျတာမျိုးလည်း မဖြစ်ပါနဲ့။ နှိမ့်ချတဲ့စိတ်က အဲဒီလိုအခြေအနေမျိုးမဖြစ်အောင် ကူညီပေးပါတယ်။ ဒီအချက်ကို သတိရပါ– အနာကျင်ဆုံးဆုံးမမှုက ကိုယ်အလိုအပ်ဆုံး ဆုံးမမှုဖြစ်နေတတ်ပါတယ်။ ဘာပဲဖြစ်ပါစေ ဆုံးမပဲ့ပြင်တာကို လက်မခံဘူး ဆိုရင်တော့ ဆုံးမမှုကနေ သင်အကျိုးရမှာမဟုတ်ဘူး။—ကျမ်းစာအကြံပြုချက်– သုတ္တံ ၁၆:၁၈။

အနာကျင်ဆုံးဆုံးမမှုက ကိုယ်အလိုအပ်ဆုံး ဆုံးမမှု ဖြစ်နေတတ်ပါတယ်

“ရင့်ကျက်တဲ့ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာဖို့ ပဲ့ပြင်ဆုံးမမှုဆိုတာ အရေးကြီးတဲ့လိုအပ်ရာတစ်ခုပါ။ ကိုယ်လိုအပ်နေတဲ့ ဆုံးမပဲ့ပြင်မှုကို လက်မခံဘူးဆိုရင် ကိုယ်ပဲအကျိုးမခံစားရရုံပဲရှိတယ်။”—လီနာ။

ကျေးဇူးတင်ပါ။ လက်ခံရခက်တဲ့ ဆုံးမမှုဖြစ်ရင်တောင် ဆုံးမတဲ့သူကို ကျေးဇူး တင်တယ်လို့ ပြောနိုင်မလား။ ဆုံးမတဲ့သူဟာ သင့်ကို စိတ်အရင်းခံနဲ့ စိတ်ဝင်စားပြီး အောင်မြင်တိုးတက်စေချင်လို့ဆိုတာ သေချာပါတယ်။—ကျမ်းစာအကြံပြုချက်– ဆာလံ ၁၄၁:၅။

“ကိုယ်ဟာ တကယ်ပဲ ဆုံးမပဲ့ပြင်မှုကို လိုအပ်တယ်ဆိုရင် ကိုယ့်ကိုဆုံးမတဲ့သူကို ‘ကျေးဇူးတင်တယ်’ လို့ပြောသင့်ပါတယ်။ ကိုယ်က ဆုံးမခံရဖို့ မလိုဘူးဆိုရင်တောင် ကိုယ့်ဆီလာပြီး ဆုံးမစကားပြောဖို့ဆိုတာ ကြိုးစားအားထုတ်မှု လိုတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောနိုင်ပါတယ်။”—ခါလာ။

a ဒီဆောင်းပါးမှာ နာမည်တချို့ ပြောင်းထားပါတယ်။

ကျမ်းစာအကြံပြုချက်များ

  • “အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။”—ဒေသနာ ၇:၉။

  • “မာနသည် ပျက်စီးခြင်းအရင် . . . ၌ နေရာကျတတ်၏။”—သုတ္တံ ၁၆:၁၈။

  • “ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကို ဒဏ်ခတ် [ဆုံးမ] ပါစေသော။ ကျေးဇူးရှိပါလိမ့်မည်။”—ဆာလံ ၁၄၁:၅။

ဂျက်စတင်

“ဆုံးမပဲ့ပြင်တယ်ဆိုမှတော့ နာတာပေါ့။ ဒါပေမဲ့လည်း သူက ကိုယ့်ကို ကောင်းစေချင်တဲ့စိတ်ရှိလို့ ဆုံးမတာ၊ မိတ်ဆွေကောင်းပီသတာဆိုပြီး စဉ်းစားလိုက်တယ်။”​—ဂျက်စတင်

ရှားလက်

“ကျွန်မဟာ အမှားတွေလုပ်မိတတ်တယ်ဆိုတာ သိထားတော့ ကျွန်မ အမှားလုပ်ပြီဆိုတာကို ပြောပြတဲ့သူကို ကျေးဇူးတင်တယ်။ အဲဒီလိုနဲ့ ကျွန်မ ဘာဆက်လုပ်ဖို့လိုသလဲဆိုတာ သိလာတယ်။”​—ရှားလက်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ