ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၈ အမှတ် ၂ စာ. ၉
  • ၆ ဆုံးမသွန်သင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၆ ဆုံးမသွန်သင်ခြင်း
  • နိုးလော့!—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆိုလိုရင်း
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • မေတ္တာနှင့်ယှဉ်သောဆုံးမခြင်း၏တန်ဖိုး
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ထိရောက်မှုရှိတဲ့ ဆုံးမသွန်သင်ခြင်း
    နိုးလော့!—၂၀၁၅
  • သင့်ကလေးကို ဘယ်လိုဆုံးမသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆုံးမပဲ့ပြင်မှု၏ရည်ရွယ်ချက်ကို သဘောပေါက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၈
န၁၈ အမှတ် ၂ စာ. ၉
တက်မထိန်းနေတဲ့ မိသားစုတစ်စု

ဆုံးမသွန်သင်ခြင်းက တက်မနဲ့ တူတယ်။ လမ်းကြောင်းမှန်ပေါ် ရှိနေဖို့ ကူညီပေးတယ်။

မိဘများအတွက်

၆ ဆုံးမသွန်သင်ခြင်း

ဆိုလိုရင်း

ဆုံးမသွန်သင်တယ်ဆိုတာ လမ်းညွှန်ပဲ့ပြင်ပေးတာကို ဆိုလိုတယ်။ တစ်ခါတလေ သားသမီးရဲ့ အမူအကျင့်ဆိုးတွေကို တည့်မတ်ပေးခြင်း ပါဝင်တယ်။ များသောအားဖြင့် စာရိတ္တ ကောင်းမွန်အောင် လေ့ကျင့်ပေးခြင်း ပါဝင်တယ်။ ဒါမှ ကောင်းတာတွေကို ကလေးတွေ ရွေးချယ်နိုင်မှာဖြစ်တယ်။

ဘာကြောင့် အရေးကြီးသလဲ

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း အိမ်ထောင်တချို့မှာ ဆုံးမသွန်သင်မှု မရှိသလောက် ဖြစ်လာတယ်။ ကလေးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းသွားမှာကို စိုးရိမ်ကြလို့ပဲ။ ဒါပေမဲ့ ပညာရှိမိဘတွေကတော့ သင့်တော်တဲ့စည်းကမ်းတွေ ချမှတ်ပြီး ကလေးတွေ လိုက်နာနိုင်အောင် လေ့ကျင့်ပေးကြတယ်။

“လူရည်မွန်အဖြစ် ကြီးပြင်းလာဖို့ စည်းကမ်းတွေ လိုအပ်တယ်။ ဆုံးမသွန်သင်မှု မရှိရင် တက်မ မရှိတဲ့လှေလို ရောက်ချင်ရာရောက် ပျက်စီးဖို့ပဲ ရှိတယ်။”—ပံမလာ။

လုပ်ဆောင်နိုင်ရာ

အပြောနဲ့ အလုပ် ညီပါ။ ချမှတ်တဲ့ စည်းမျဉ်းတွေကို သားသမီးတွေ မလိုက်နာရင် အကျိုးဆက်ကို ခံစားစေပါ။ လိုက်နာတဲ့အခါမျိုးမှာတော့ ချီးမွမ်းပေးပါ။

“နာခံမှု မရှိတဲ့လောကမှာ သားသမီးတွေ နာခံတတ်တဲ့အတွက် သူတို့ကို မကြာမကြာ ချီးမွမ်းပေးတယ်။ ချီးမွမ်းခြင်းက လိုအပ်သလို ပဲ့ပြင်ပေးတဲ့အခါ လက်ခံရ လွယ်ကူစေတယ်။”—ခရစ္စတင်း။

ကျမ်းစာ အခြေခံမူ။ “လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။”—ဂလာတိ ၆:၇။

အကျိုးသင့်အကြောင်းသင့် ရှိပါ။ ကလေးရဲ့ အသက်အရွယ်၊ နားလည်နိုင်စွမ်းအလိုက် အပြစ်ပေးဆုံးမပါ။ အပြစ်နဲ့ လိုက်ဖက်တဲ့ပြစ်ဒဏ် ပေးတဲ့အခါ ထိရောက်တတ်တယ်။ ဥပမာ၊ ဖုန်း တလွဲသုံးရင် အချိန်အတိုင်းအတာနဲ့ ဖုန်းပြန်သိမ်းလိုက်ပါ။ တစ်ချိန်တည်းမှာ အသေးအဖွဲကိစ္စတွေကို ရေးကြီးခွင်ကျယ် မလုပ်ပါနဲ့။

“ကလေးက တမင် ကလန်ကဆန် လုပ်တာလား၊ မတော်တဆ မှားသွားတာလားဆိုတာ ကျွန်တော် စဉ်းစားဆုံးဖြတ်တယ်။ အမြစ်မကျန် နုတ်ပစ်ရမယ့် ဉာဉ်ဆိုး ရှိသလို ထောက်ပြရုံနဲ့ လုံလောက်တဲ့အမှားလည်း ရှိတယ်။”—ဝင်ဒယ်။

ကျမ်းစာ အခြေခံမူ။ “သားသမီးတွေကို စိတ်ဆိုးအောင် မလုပ်ကြနဲ့။ အဲဒီလိုလုပ်ရင် သူတို့ စိတ်ပျက်သွားလိမ့်မယ်။”—ကောလောသဲ ၃:၂၁။

မေတ္တာပြပါ။ မိဘတွေ ချစ်လို့ ဆုံးမမှန်း သိထားရင် ကလေးတွေ လက်ခံရ လွယ်ကူတယ်။

“ကျွန်တော်တို့ရဲ့သား အမှားလုပ်တဲ့အခါ အရင်က ဆုံးဖြတ်ချက်ကောင်းတွေ ချခဲ့လို့ ဂုဏ်ယူတဲ့အကြောင်း သူ့ကို ပြောပြတယ်။ လိုအပ်သလို ပြုပြင်မယ်ဆိုရင် အချိန်မနှောင်းသေးဘူး၊ ကျွန်တော်တို့ ကူညီပေးမယ်ဆိုတာ ပြောပြတယ်။”—ဒေနီယယ်။

ကျမ်းစာ အခြေခံမူ။ “မေတ္တာဟာ စိတ်ရှည်တတ်တယ်။ ကြင်နာတတ်တယ်။”—၁ ကောရိန္သု ၁၃:၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ