ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၄ စာ. ၁၆
  • မြင်းခြေထောက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြင်းခြေထောက်
  • နိုးလော့!—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • အောက်တိုဘာဈေးပွဲတော်—“ဥရောပ၏ ရှေးအကျဆုံး နိုင်ငံတကာမြင်းဈေးပွဲတော်”
    နိုးလော့!—၂၀၀၁
  • ကဆုန်စိုင်းနေသည့် မြင်းစီးသူရဲလေးဦး
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • မြင်းစီးသူရဲလေးဦး​—သူတို့ဟာ ဘယ်သူတွေလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • မြင်းနှင့်လျှာကို ထိန်းချုပ်ခြင်း
    နိုးလော့!—၂၀၀၅
နိုးလော့!—၂၀၁၄
န ၁၀/၁၄ စာ. ၁၆
ကဆုန်ပေါက်ပြေးနေတဲ့ မြင်းများ

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

မြင်းခြေထောက်

မြင်းတစ်ကောင်ဟာ တစ်နာရီကို မိုင် ၃၀ နှုန်းနဲ့ ကဆုန်ပေါက် ပြေးနိုင်ပါတယ်။ အဲဒီလိုပြေးနိုင်ဖို့ အသေးစိတ်နိုင်ပြီး စနစ်ကျလှတဲ့ လုပ်ဆောင်မှုတွေ ပါနေပေမဲ့ စွမ်းအင် မဆိုစလောက်သာ ကုန်ပါတယ်။ ဘယ်လိုကြောင့်လဲ။ မြင်းခြေထောက်မှာ ရှိတဲ့ လျှို့ဝှက်ချက်ကြောင့်ပါ။

မြင်းတစ်ကောင် ကဆုန်ပေါက်ပြေးတဲ့အခါ ဘာတွေ ဖြစ်သလဲဆိုတာ သုံးသပ်ကြည့်ပါ။ မြင်းခြေထောက်တွေ မြေပေါ်ချတဲ့အခါ ကျုံ့နိုင်ဆန့်နိုင်တဲ့ ကြွက်သားအရွတ်တွေမှာ အားတွေ စုသွားပြီး စပရိန်လို ပြန်ကန်ထုတ်လိုက်တဲ့အတွက် မြင်းခြေထောက်တွေ ကြွသွားပြီး ရှေ့ကို အရှိန်နဲ့ ထွက်သွားစေပါတယ်။

ကဆုန်ပေါက် ပြေးနေတဲ့ မြင်းခြေထောက်တွေရဲ့ အရှိန်ပြင်းပြင်း တုန်ခါမှုတွေကြောင့် အရွတ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ မြင်းခြေထောက်ရှိ ကြွက်သားတွေဟာ အရွတ်တွေ ထိခိုက်မှု မရှိအောင် ပြေလျော့ပေးတယ်။ လျင်မြန်သွက်လက်ရုံသာမက ခွန်အားပါရှိတဲ့ မြင်းခြေထောက်ကြွက်သား တည်ဆောက်ပုံကို သုတေသီတွေက “အဆင့်မြင့်လွန်းပြီး အသေးစိတ် စနစ်ကျလှတဲ့ ကြွက်သားအရွတ်ဒီဇိုင်း” လို့ ခေါ်ကြတယ်။

အင်ဂျင်နီယာတွေက ခြေလေးချောင်းပါ စက်ရုပ်တွေမှာ သုံးဖို့ မြင်းခြေထောက်ပုံစံကို ကြိုးစားတုပနေကြတယ်။ ဒါပေမဲ့ အခုလက်ရှိ အင်ဂျင်နီယာပညာ၊ လက်ရှိပစ္စည်းတွေနဲ့ အဲဒီလောက် နက်နဲသိမ်မွေ့လှတဲ့ ဒီဇိုင်းကို တစ်ထပ်တည်း တူအောင် တီထွင်ဖို့ဆိုတာ မလွယ်ဘူးဆိုပြီး မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်မှာ သက်ရှိတွေကို တုပပြီး စက်ရုပ်တီထွင်နေကြတဲ့ ပညာရှင်တွေက ပြောပါတယ်။

သင် ဘယ်လို ထင်ပါသလဲ။ မြင်းခြေထောက် တည်ဆောက်ထားပုံဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ