ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၃ စာ. ၈-၉
  • အိမ်မှုကိစ္စလုပ်ခြင်း အရေးပါပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်မှုကိစ္စလုပ်ခြင်း အရေးပါပုံ
  • နိုးလော့!—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • သိသင့်သိထိုက်ရာ
  • လုပ်ဆောင်နိုင်ရာ
  • တာဝန်ယူတတ်သူ ဖြစ်နိုင်ပုံ
    နိုးလော့!—၂၀၁၉
  • ဇွဲရှိဖို့ သားသမီးကို သင်ပေးပါ
    မိသားစုအတွက် အကူအညီ
  • လက်လွှတ်လိုက်ရန် သင်ယူခြင်း
    နိုးလော့!—၁၉၉၉
  • နှိမ့်ချသူ ဖြစ်နိုင်ပုံ
    နိုးလော့!—၂၀၁၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၃ စာ. ၈-၉
အဖေက မီးဖိုချောင်နံရံကို ဆေးသုတ်နေတုန်း သားလေးက ကစားစရာတွေကို ကောက်သိမ်း

မိသားစုအတွက် အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း

အိမ်မှုကိစ္စလုပ်ခြင်း အရေးပါပုံ

အခက်အခဲ

မိသားစုတချို့ဟာ သားသမီးတွေကို အိမ်အလုပ် ဝိုင်းကူခိုင်းတတ်ကြတယ်။ သားသမီးတွေလည်း ကြည်ကြည်ဖြူဖြူ ဝိုင်းကူကြတယ်။ တချို့မိသားစုမှာတော့ သားသမီးတွေ ဝိုင်းကူချင်ပေမဲ့ မိဘတွေ မခိုင်းတော့ မလုပ်ကြဘူး။

နိုင်ငံအတော်များများမှာ သားသမီးတွေဟာ ကူညီပေးသူတွေဖြစ်မယ့်အစား အကူအညီရယူသူတွေဖြစ်နေတာကို သုတေသီတွေ တွေ့ရှိကြတယ်။ “အခုခေတ် သားသမီးတွေကို ဗီဒီယိုဂိမ်းကစားဖို့၊ အင်တာနက်ကြည့်ဖို့၊ တီဗီကြည့်ဖို့ ပစ်ထားကြတယ်။ သူတို့ကို အိမ်အလုပ် မခိုင်းကြဘူး” ဆိုပြီး စတီဗင်လို့ခေါ်တဲ့ ဖခင်တစ်ယောက် ပြောတယ်။

သင် ဘယ်လိုထင်ပါသလဲ။ အိမ်မှုကိစ္စ လုပ်ခိုင်းခြင်းဟာ အိမ်ထိန်းသိမ်းစရိတ် ကာမိရုံတင်မကဘူး၊ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် တကယ်ပဲ အရေးပါသလား။

သိသင့်သိထိုက်ရာ

တချို့မိဘတွေက သားသမီးတွေကို အိမ်မှုကိစ္စ မခိုင်းချင်ကြဘူး။ အထူးသဖြင့် သားသမီးတွေက တစ်ပတ်လုံးလုံး အိမ်စာတွေ၊ ကျောင်းချိန်ပြီးနောက် ဆက်လုပ်ရမယ့်အလုပ်တွေနဲ့ ပိနေလို့ပဲ။ ဒါပေမဲ့ အိမ်အလုပ်လုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို သုံးသပ်ကြည့်ပါ။

အိမ်မှုကိစ္စလုပ်ခြင်းက ကလေးကို ရင့်ကျက်စေတယ်။ အိမ်အလုပ် ဝိုင်းကူတဲ့သားသမီးတွေဟာ ကျောင်းမှာ ပိုထူးချွန်ကြတယ်။ အိမ်မှုကိစ္စ ဝိုင်းကူခြင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိသူ၊ စည်းကမ်းရှိသူ၊ စိတ်ဓာတ်ခိုင်မာသူ ဖြစ်စေတယ်။ ဒါဟာ သင်ယူလေ့လာနေတဲ့ ကလေးတွေအတွက် အရေးပါတဲ့အရာတွေပဲ။

အိမ်မှုကိစ္စလုပ်ခြင်းက ကူညီပေးတတ်သူတွေ ဖြစ်စေတယ်။ တွေ့ရှိချက်အရ အိမ်အလုပ် ဝိုင်းကူတဲ့ ကလေးတွေဟာ လူကြီးတွေလိုပဲ အများအကျိုးသယ်ပိုးသူတွေ ဖြစ်ဖို့များတယ်။ ဒါ အံ့သြစရာ မဟုတ်ပါဘူး။ အိမ်အလုပ် ဝိုင်းလုပ်ခြင်းက ကိုယ့်အကျိုးထက် သူတစ်ပါးအကျိုးကို ဦးစားထားဖို့ လေ့ကျင့်ပေးလို့ပဲ။ “ဘာမှ မခိုင်းဘဲ ဖူးဖူးမှုတ်ထားတဲ့ ကလေးတွေဟာ သူများကို ခိုင်းစားဖို့ပဲ သိတယ်။ ဘဝမှာ တာဝန်ယူရမှန်း၊ အလုပ်ကြိုးစားရမှန်း မသိဘဲ ကြီးပြင်းလာကြတယ်” လို့ အစောပိုင်းမှာပါတဲ့ စတီဗင်က ပြောတယ်။

အိမ်မှုကိစ္စလုပ်ခြင်းက မိသားစုကို စည်းလုံးစေတယ်။ အိမ်အလုပ်ကြိုးစားတဲ့ သားသမီးတွေဟာ မိသားစုအတွက် တန်ဖိုးရှိသူတွေ ဖြစ်မှန်း၊ အိမ်အလုပ်လုပ်ဖို့ သူတို့မှာ တာဝန်ရှိမှန်း သိလာကြတယ်။ မိဘတွေက အိမ်အလုပ်ထက် ကျောင်းချိန်ပြီးနောက် ဆက်လုပ်ရမယ့်အလုပ်တွေကိုပဲ လုပ်ခိုင်းမယ်ဆိုရင် အဲဒီလိုသိနိုင်မှာ မဟုတ်ဘူး။ ‘ငါ့သားသမီးက ဘောလုံးအသင်းနဲ့ပဲ ဆက်သွယ်ရေးကောင်းပြီး မိသားစုနဲ့တော့ အဆက်အသွယ်မရှိ ဖြစ်နေရင် ဘာအကျိုးရှိမှာလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

လုပ်ဆောင်နိုင်ရာ

ငယ်စဉ်ကတည်းက စတင်ပါ။ ကလေးကို သုံးနှစ်အရွယ်မှာ အိမ်အလုပ် ခိုင်းသင့်တယ်လို့ တချို့ပြောကြတယ်။ နှစ်နှစ် ဒါမှမဟုတ် နှစ်နှစ်မတိုင်ခင်ကတည်းက ခိုင်းသင့်တယ်လို့ ပြောတဲ့သူတွေလည်း ရှိတယ်။ တကယ်တော့ ကလေးတွေဟာ ငယ်ငယ်လေးကတည်းက မိဘတွေကို အလုပ်ကူလုပ်ချင်တယ်၊ အတုယူချင်ကြတယ်။ —ကျမ်းစာအကြံပြုချက်– ပညာအလိမ္မာ ၂၂:၆။

အရွယ်နဲ့လိုက်တဲ့ အိမ်အလုပ်တွေ လုပ်ခိုင်းပါ။ ဥပမာ၊ သုံးနှစ်အရွယ်ကလေးဟာ ကစားစရာတွေကို ကောက်သိမ်းတာ၊ သန့်ရှင်းရေး ကူလုပ်တာ၊ အဝတ်တွေ ကူခေါက်တာ လုပ်ပေးနိုင်တယ်။ ဒီထက်ကြီးတဲ့ကလေးတွေဟာ တံမြက်စည်းလှည်းတာ၊ ပန်းကန်ဆေးတာ၊ ထမင်းဝိုင်းပြင်တာ လုပ်ပေးနိုင်တယ်။ ကလေးကို သူ့အရွယ်နဲ့နိုင်သလောက် လုပ်ခိုင်းပါ။ အိမ်အလုပ်ကို သူတို့ တက်တက်ကြွကြွ ဝိုင်းလုပ်ပေးတာ တွေ့ရလို့ သင် အံ့သြရလိမ့်မယ်။

ဦးစားပေးရမယ့်အလုပ်တွေကို သတ်မှတ်ပေးပါ။ သင့်ကလေး နေ့စဉ် အိမ်စာတွေ တစ်ပုံကြီး လုပ်နေရရင်တော့ အိမ်အလုပ်ဝိုင်းကူဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ ကျောင်းမှာ အဆင့်ကောင်းကောင်းရဖို့ အိမ်အလုပ် မခိုင်းဘဲနေတာဟာ “ဦးစားထားရာ လွဲနေတာ ဖြစ်တယ်” လို့ စာအုပ်တစ်အုပ် (The Price of Privilege) က ပြောတယ်။ အစောပိုင်းမှာ ပြောခဲ့သလိုပဲ အိမ်အလုပ် ဝိုင်းကူတာဟာ ကလေးတွေကို ထူးချွန်တဲ့ကျောင်းသားတွေ ဖြစ်လာစေတယ်။ သူတို့ သင်ယူသိရှိလာတာတွေက ကိုယ့်မိသားစုနဲ့ကိုယ် ဖြစ်လာမယ့်အချိန်အတွက် အသင့်ဖြစ်စေတယ်။—ကျမ်းစာအကြံပြုချက်– ဖိလိပ္ပိ ၁:၁၀။

ရလဒ်ထက် ရည်ရွယ်ချက်ကို အာရုံစိုက်ပါ။ သင့်ကလေးကို တစ်ခုခုခိုင်းတဲ့အခါ ထင်ထားတာထက် ပိုကြာကောင်း ကြာနိုင်တယ်။ ကလေးလုပ်တာကို စိတ်တိုင်းမကျတာလည်း ဖြစ်နိုင်တယ်။ အဲဒီလိုအခါမျိုးမှာ ကိုယ်တိုင်ဝင်လုပ်လိုက်တာမျိုးကို ရှောင်ပါ။ ကလေးကိုခိုင်းတဲ့ ရည်ရွယ်ချက်က လူကြီးတွေလောက် စေ့စပ်သေချာအောင် လုပ်နိုင်ဖို့မဟုတ်ဘဲ တာဝန်သိတတ်အောင်၊ အလုပ်ကနေ ပျော်ရွှင်မှု ခံစားရအောင် ကူညီပေးဖို့ပဲ။—ကျမ်းစာအကြံပြုချက်– ဒေသနာ ၃:၂၂။

မှန်မှန်ကန်ကန် ဆုချတတ်ပါ။ ကလေးကို ပိုက်ဆံပေးပြီး အိမ်အလုပ်လုပ်ခိုင်းတာက တာဝန်သိတတ်သူ ဖြစ်လာစေတယ်လို့ တချို့ ပြောကြတယ်။ တချို့ကျတော့ အဲဒီလိုလုပ်ရင် ဘာပေးရမလဲဆိုတာထက် ဘာရမလဲဆိုတာကိုပဲ ကလေးတွေ အာရုံစိုက်သွားနိုင်တယ်လို့ ပြောကြတယ်။ ကလေးမှာ ပိုက်ဆံရှိနေရင် အိမ်အလုပ် ခိုင်းမရတော့တာ ဖြစ်နိုင်တယ်၊ ဒါဆိုရင် အိမ်အလုပ်လုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို ခံစားရတော့မှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ဘာသင်ခန်းစာရသလဲ။ အိမ်အလုပ်လုပ်ခိုင်းတာနဲ့ မုန့်ဖိုးပေးတာကို သီးသန့်စီ ခွဲထားတာ ပိုကောင်းတယ်။

ကျမ်းစာအကြံပြုချက်များ

  • “ကလေးကို သူသွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ။ အသက်ကြီးလာရင်တောင် အဲဒီလမ်းကို သူစွန့်ခွာမှာ မဟုတ်ဘူး။”—ပညာအလိမ္မာ ၂၂:၆။

  • ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိနိုင်အောင် လုပ်ပါ။’—ဖိလိပ္ပိ ၁:၁၀။

  • ‘ကိုယ့်အလုပ်မှာ ပျော်ရွှင်ကျေနပ်နေတာထက် ကောင်းတာ ဘာမှမရှိဘူး။’ —ဒေသနာ ၃:၂၂။

စတီဗင်နဲ့ စတက်ဖနီ

“မိသားစုမှာ အိမ်အလုပ်ဝိုင်းလုပ်တာက ကူညီရိုင်းပင်းချင်စိတ် ဖြစ်ပေါ်စေတယ်။ ခြံထဲမှာ၊ အိမ်ထဲမှာ မိသားစုလိုက် အိမ်အလုပ် ဝိုင်းလုပ်ပြီးသွားတဲ့အခါ ပိုချစ်ခင်စည်းလုံးလာတယ်။ ယောက်တိုင်း တက်ညီလက်ညီ ပါဝင်တဲ့အတွက် ပျော်ဖို့ကောင်းလိုက်တာ။”—စတီဗင်။

“ငယ်ငယ်ကတည်းက သမီးတွေကို အိမ်အလုပ် ဝိုင်းကူခိုင်းတဲ့အတွက် သူတို့ ကြီးပြင်းလာတဲ့အခါ ဘဝကို ရင်ဆိုင်တတ်သူတွေ ဖြစ်လာတယ်။ မိသားစုဆိုတာ အဖွဲ့လိုက် အတူလုပ်ဆောင်ရမှန်း သူတို့ သိလာအောင် သင်ပေးတယ်။ မိဘတွေဖြစ်တဲ့ ကျွန်မတို့က အိမ်အလုပ်တွေကို ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်ပြတဲ့အခါ သမီးတွေလည်း အဲဒီအတိုင်း လိုက်လုပ်ကြတယ်။”—စတက်ဖနီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ