ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၃ စာ. ၁၀-၁၁
  • အူလမ်းကြောင်း အာရုံကြောစနစ်—ကိုယ်ခန္ဓာရဲ့ “ဒုတိယမြောက်ဦးနှောက်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အူလမ်းကြောင်း အာရုံကြောစနစ်—ကိုယ်ခန္ဓာရဲ့ “ဒုတိယမြောက်ဦးနှောက်”
  • နိုးလော့!—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဓာတုစက်ရုံ”
  • ဆက်သွယ်ရေးကောင်းရှိခြင်း
  • သင်သည် တကယ်ပင် ပြိုင်စံရှားလေစွ!
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • ဦးနှောက်သုတေသီတစ်ဦး သူ့ယုံကြည်ချက်ကို ရှင်းပြ
    နိုးလော့!—၂၀၁၇
  • ထူးဆန်းလှတဲ့ သင့်ခန္ဓာကိုယ်အတွက် ကျေးဇူးတင်ပါ
    နိုးလော့!—၂၀၁၁
  • မာတိကာ
    နိုးလော့!—၂၀၁၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၃ စာ. ၁၀-၁၁
အစာခြေလမ်းကြောင်းမှာရှိတဲ့ အူလမ်းကြောင်း အာရုံကြောစနစ်

အစာခြေလမ်းကြောင်းမှာရှိတဲ့ အူလမ်းကြောင်း အာရုံကြောစနစ် (အပြာရောင်နဲ့ဖော်ပြထား)

အူလမ်းကြောင်း အာရုံကြောစနစ်—ကိုယ်ခန္ဓာရဲ့ “ဒုတိယမြောက်ဦးနှောက်”

သင့်မှာ ဦးနှောက်ဘယ်နှစ်ခု ရှိသလဲ။ ‘တစ်ခု’ လို့ဖြေရင် သင့်အဖြေ မှန်ပါတယ်။ ဒါပေမဲ့ သင့်ကိုယ်ခန္ဓာမှာ တခြား အာရုံကြောစနစ်တွေ ရှိသေးတယ်။ အာရုံကြောစနစ်တစ်ခုဟာ ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို ဖြန့်ကျက်ထားလို့ သိပ္ပံပညာရှင်တချို့က “ဒုတိယမြောက်ဦးနှောက်” လို့ခေါ်ကြတယ်။ အဲဒါက ဦးခေါင်းမှာမဟုတ်ဘဲ ဝမ်းဗိုက်အတွင်းမှာရှိတဲ့ အူလမ်းကြောင်း အာရုံကြောစနစ် (ENS) ဖြစ်တယ်။

ခန္ဓာကိုယ်မှာ စားလိုက်တဲ့အစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးဖို့ ညှိနှိုင်းဆောင်ရွက်မှု၊ အားစိုက်ထုတ်မှု အများကြီးလိုတယ်။ ဒါကြောင့် ဦးနှောက်ဟာ အစာခြေဖျက်တဲ့ လုပ်ငန်းအများစုကို ထိန်းချုပ်ဖို့ အူလမ်းကြောင်း အာရုံကြောစနစ်ကို တာဝန်ပေးထားတာ သင့်လျော်ပါတယ်။

အူလမ်းကြောင်း အာရုံကြောစနစ်ဟာ ဦးနှောက်ထက် အများကြီး ရိုးရှင်းပေမဲ့ အလွန်ရှုပ်ထွေးတယ်။ လူတွေမှာ အာရုံကြော သန်း ၂၀၀ ကနေ ၆၀၀ လောက်ရှိတယ်။ ရှုပ်ထွေးလှတဲ့ ဒီအာရုံကြောတွေကို အစာခြေစနစ်အဖြစ် ဖွဲ့စည်းထားတယ်။ အူလမ်းကြောင်း အာရုံကြောစနစ်ရဲ့ လုပ်ဆောင်မှုတွေကို ဦးနှောက်က လုပ်ဆောင်ရမယ်ဆိုရင် အာရုံကြောတွေ အတော့်ကို ထူဖို့ လိုမယ်ဆိုပြီး သိပ္ပံပညာရှင်တွေ ယူဆကြတယ်။ “ဒါကြောင့် အစာခြေတာကို [အစာခြေစနစ်က] ပဲ တာဝန်ယူကြည့်ရှုပေးတာဟာ ပိုစိတ်ချရတယ်၊ ပိုအဆင်ပြေတယ်” လို့ ဒုတိယမြောက်ဦးနှောက် ဆိုတဲ့စာအုပ်က ဆိုတယ်။

“ဓာတုစက်ရုံ”

အစာခြေဖို့အတွက် အချိန်မှန် ထုတ်လုပ်တဲ့၊ နေရာမှန် ပို့ပေးတဲ့ ဓာတုဒြပ်ပေါင်း အမျိုးမျိုးလိုအပ်တယ်။ ပါမောက္ခ ဂယ်ရီမောက အစာခြေစနစ်ကို “ဓာတုစက်ရုံ” လို့ခေါ်တာဟာ သင့်လျော်တယ်။ အဲဒီဓာတုပစ္စည်းတွေရဲ့ လည်ပတ်လုပ်ဆောင်မှုဟာ ဆန်းကြယ်လှတယ်။ ဥပမာ၊ အူနံရံမှာ အထူးဆဲလ်တွေ ရှိတယ်။ အဲဒီဆဲလ်တွေဟာ စားလိုက်တဲ့အစာမှာပါတဲ့ ဓာတုပစ္စည်းတွေကို အာရုံခံပြီး ခွဲခြားပေးတယ်။ ဒီလုပ်ဆောင်မှုဟာ ခန္ဓာကိုယ် စုပ်ယူနိုင်အောင် အစာတွေ ခြေဖျက်ပေးတဲ့ အစာခြေအင်ဇိုင်းတွေရဲ့ အကူအညီကို အူလမ်းကြောင်း အာရုံကြောစနစ် ရယူနိုင်ဖို့ ထောက်ကူပေးတယ်။ ဒါ့အပြင် အူလမ်းကြောင်း အာရုံကြောစနစ်ဟာ ခြေဖျက်လိုက်တဲ့အစာမှာပါတဲ့ အက်စစ်ဓာတ်နဲ့ တခြား ဓာတုပစ္စည်းတွေကို ထိန်းညှိပေးရာမှာ၊ အစာခြေအင်ဇိုင်းတွေကို လိုအပ်သလို ချိန်ညှိပေးရာမှာ အလွန်အရေးပါတယ်။

အစာခြေလမ်းကြောင်းမှာ အစာတွေ ရွေ့လျားနေတာ၊ အဲဒါကို အူလမ်းကြောင်း အာရုံကြောစနစ်က အဓိက ကြီးကြပ်ပေးနေတာဟာ အံ့သြစရာပါပဲ။ “ဒုတိယမြောက်ဦးနှောက်” ဟာ အစာခြေလမ်းကြောင်း နံရံတစ်လျှောက်မှာရှိတဲ့ ကြွက်သားတွေကို ကျုံ့အောင် စီမံပေးခြင်းအားဖြင့် အစာခြေစနစ်တစ်လျှောက် အစာတွေကို ရွေ့လျားစေတယ်။ အူလမ်းကြောင်း အာရုံကြောစနစ်ဟာ ကြွက်သားတွေရဲ့ ကျုံ့အားနဲ့ ကျုံ့တဲ့အကြိမ်နှုန်းကို လိုရင်လိုသလို ပြောင်းလဲပေးတယ်။

အူလမ်းကြောင်း အာရုံကြောစနစ်ဟာ အန္တရာယ်ကင်းကင်း လည်ပတ်နိုင်အောင်လည်း ကြီးကြပ်ပေးတယ်။ သင်စားလိုက်တဲ့အစာမှာ အန္တရာယ်ရှိတဲ့ ဗက်တီးရီးယားတွေ ပါနိုင်တယ်။ ကိုယ်ခံစွမ်းအားစနစ်အတွက် အရေးပါတဲ့ ပြန်ရည်ဆဲလ် ၇၀ ကနေ ၈၀ ရာခိုင်နှုန်းခန့်ဟာ ဝမ်းဗိုက်ထဲမှာ ရှိတယ်။ သင် စားလိုက်တဲ့အစာထဲမှာ အန္တရာယ်ရှိတဲ့ ဗက်တီးရီးယားတွေ အများကြီး ပါမယ်ဆိုရင် အူလမ်းကြောင်း အာရုံကြောစနစ်က အန်တာ ဒါမဟုတ် ဝမ်းကတစ်ဆင့် အဆိပ်အတောက်တွေ ထွက်သွားအောင် ကြွက်သားတွေမှာ ပြင်းထန်တဲ့ကျုံ့အား ဖြစ်ပေါ်စေတယ်။ ဒီနည်းနဲ့ ကိုယ်ခန္ဓာကို ကာကွယ်ပေးတယ်။

ဆက်သွယ်ရေးကောင်းရှိခြင်း

အူလမ်းကြောင်း အာရုံကြောစနစ်နဲ့ ဦးနှောက်ဟာ သီးခြားစီ လုပ်ဆောင်တယ်လို့ ထင်ရပေမဲ့ ဒီဗဟိုအာရုံကြောစနစ်နှစ်ခုဟာ အမြဲ အဆက်အသွယ် ရှိတယ်။ ဥပမာ၊ အူလမ်းကြောင်း အာရုံကြောစနစ်ဟာ ဘယ်အချိန်မှာ အစာစားသင့်မှန်း၊ ဘယ်လောက်စားသင့်မှန်း ဦးနှောက်ကို အသိပေးတဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးတယ်။ အူလမ်းကြောင်း အာရုံကြောစနစ်ရဲ့ အာရုံကြောဆဲလ်တွေက ဗိုက်ပြည့်နေပြီဆိုတာ ဦးနှောက်ကို အချက်ပြတယ်။ စားတာ များသွားရင်လည်း မအီမသာဖြစ်အောင် စေ့ဆော်ပေးနိုင်တယ်။

ဒီဆောင်းပါးကို မဖတ်ခင်ကတည်းက အစာခြေလမ်းကြောင်းနဲ့ ဦးနှောက်ဟာ ဆက်စပ်မှုရှိနေရမယ်လို့ သင် တွေးမိမှာပဲ။ ဥပမာ၊ အဆီအဆိမ့်များတဲ့အစာကို စားလိုက်ရရင် သင် စိတ်ပျော်သွားတယ်မဟုတ်လား။ အူလမ်းကြောင်း အာရုံကြောစနစ်က ဦးနှောက်ဆီ ‘ပျော်တယ်လို့အချက်ပြ’ လိုက်တဲ့အခါ စိတ်ပျော်သွားတယ်လို့ သုတေသနပြုချက်တွေအရ သိရတယ်။ ဒါကြောင့် လူတွေဟာ စိတ်ဖိစီးတဲ့အခါ စားကောင်းသောက်ဖွယ်တွေ စားတတ်ကြတယ်။ စိတ်ကျဝေဒနာကို ကုသဖို့အတွက် အူလမ်းကြောင်း အာရုံကြောစနစ်ကို လှုံ့ဆော်ပေးတဲ့စနစ်တစ်ခု ဖန်တီးလို့ရမရ သိပ္ပံပညာရှင်တွေ စူးစမ်းရှာဖွေနေကြတယ်။

စိတ်ဂနာမငြိမ်ဖြစ်တယ်ဆိုတာ ဦးနှောက်နဲ့ အစာခြေစနစ် ဆက်စပ်နေတယ်ဆိုတဲ့ သာဓကပဲ။ ဦးနှောက်မှာ တင်းကျပ်မှု၊ ဖိစီးမှုရှိလာတဲ့အခါ အစာအိမ်ကို သွေးမရောက်အောင် အူလမ်းကြောင်း အာရုံကြောစနစ်က လမ်းလွှဲပေးလို့ ဖြစ်နိုင်တယ်။ စိတ်ဖိစီးမှုများတဲ့အခါ ဦးနှောက်က အူလမ်းကြောင်းစနစ်ကို လှုံ့ဆော်ပြီး အူလမ်းကြောင်းရဲ့ ပုံမှန်ကျုံ့အားကို ပြောင်းလဲစေတဲ့အတွက် ပျို့အန်ချင်တာတွေ ဖြစ်လာနိုင်တယ်။

အူလမ်းကြောင်း အာရုံကြောစနစ်ဟာ အဲဒီလိုခံစားချက်တွေ ဖြစ်ပေါ်စေနိုင်ပေမဲ့ သင့်အတွက် စဉ်းစားပေးလို့၊ ဆုံးဖြတ်ချက်ချပေးလို့ မရဘူး။ တကယ်တော့ အူလမ်းကြောင်း အာရုံကြောစနစ်ဟာ ဦးနှောက်မဟုတ်ဘူး။ သီချင်းရေးစပ်တာ၊ ဘဏ်စာရင်းတွက်ချက်တာ၊ အိမ်စာလုပ်တာတွေကို မကူညီပေးနိုင်ဘူး။ ဒီအံ့ဖွယ်စနစ်ရဲ့ ရှုပ်ထွေးဆန်းကြယ်မှုကြောင့် သိပ္ပံပညာရှင်တွေ အံ့သြလို့ မကုန်နိုင်ဘူး။ အဲဒီစနစ်အကြောင်း မသိတာတွေ အများကြီး ရှိနေသေးတယ်။ ဒါကြောင့် သင် အစာမစားမီ သင့်ရဲ့အစာခြေစနစ်မှာ ဖြစ်ပျက်နေတဲ့ ချိန်ညှိကြီးကြပ်ပေးခြင်း၊ အချက်အလက်တွေ ပို့ဆောင်ပေးခြင်း၊ ဆက်သွယ်ပေးခြင်း စတဲ့အရာတွေကို ခဏလောက် စဉ်းစားကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ