ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၃ စာ. ၁၂-၁၃
  • ဆော့ဖ်ဝဲဒီဇိုင်နာတစ်ဦး သူ့ယုံကြည်ချက်ကို ရှင်းပြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆော့ဖ်ဝဲဒီဇိုင်နာတစ်ဦး သူ့ယုံကြည်ချက်ကို ရှင်းပြ
  • နိုးလော့!—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခင်ဗျားရဲ့မိသားစု ဘာကို ယုံကြည်သလဲ။
  • သင်္ချာပညာကို ဘာကြောင့် စိတ်ဝင်စားတာလဲ။
  • ကျမ်းစာကို ဘာကြောင့် စိတ်ဝင်စားတာလဲ။
  • ကျမ်းစာကို ဘာကြောင့် ပြန်စိတ်ဝင်စားလာတာလဲ။
  • အဖြစ်အပျက်ကို ဆက်ပြောပြပါဦး။
  • ကျမ်းစာဟာ ဘုရားသခင်ဆီက လာတယ်ဆိုတာ ဘာကြောင့် ယုံကြည်သလဲ။
  • ဖန်ဆင်းရှင်ရှိမှန်း ဘာကြောင့် အခုထိ ယုံကြည်နေတာလဲ။
  • “ဖန်ဆင်းရှင်တစ်ပါး ရှိကိုရှိရမယ်”
    နိုးလော့!—၂၀၁၄
  • ကျွန်ုပ်တို့အားမည်သူပြောပြနိုင်သနည်း
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
  • သင်သည် တကယ်ပင် ပြိုင်စံရှားလေစွ!
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • အဏုဇီဝဗေဒပညာရှင်တစ်ဦးက ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာကြောင်း ရှင်းပြ
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၃ စာ. ၁၂-၁၃
ဒေါက်တာဖန်းယူ

တွေ့ဆုံမေးမြန်းခန်း | ဖန်းယူ

ဆော့ဖ်ဝဲဒီဇိုင်နာတစ်ဦး သူ့ယုံကြည်ချက်ကို ရှင်းပြ

ဒေါက်တာဖန်းယူဟာ ပေကျင်းမြို့အနီး တရုတ်အနုမြူစွမ်းအင်ဌာနမှာ သင်္ချာပညာရှင်တစ်ဦးဖြစ်တယ်။ အရင်တုန်းက သူဟာ ဘုရားမဲ့ဝါဒီဖြစ်ပြီး ဆင့်ကဲသီအိုရီကို ယုံတယ်။ အခုတော့ အသက်ကို ဘုရားသခင် ပုံစံပြု၊ ဖန်ဆင်းတယ်လို့ ဒေါက်တာယူ ယုံကြည်တယ်။ နိုးလော့! မဂ္ဂဇင်းရေးသူတစ်ဦးက သူ့ရဲ့ယုံကြည်ချက်ကို မေးခဲ့တယ်။

ကျေးဇူးပြုပြီး ခင်ဗျားရဲ့နောက်ခံကို ပြောပြပါ။

၁၉၅၉ တုန်းက တရုတ်နိုင်ငံ၊ ဂျီယန်ရှီခရိုင်၊ ဖူဂျိုးမြို့မှာ ကျွန်တော်မွေးလာတယ်။ ကျွန်တော့်အသက်ရှစ်နှစ်မှာ ယဉ်ကျေးမှု ခေတ်ပြောင်း တော်လှန်ရေးရဲ့ အကျိုးဆက်ကို နိုင်ငံတစ်ဝန်း ခံစားနေရတယ်။ အဖေဟာ မြို့ပြအင်ဂျင်နီယာဖြစ်ပြီး ဝေးလံတဲ့ ကန္တာရတစ်လျှောက် ရထားလမ်းဖောက်ဖို့ တာဝန် ရတယ်။ တစ်နှစ်တစ်ခေါက်ပဲ ကျွန်တော် တို့ဆီ ပြန်လာလည်နိုင်တယ်။ အဲဒီအချိန်မှာ မူလတန်းကျောင်းဆရာမဖြစ်တဲ့ အမေနဲ့အတူ ကျွန်တော်နေတယ်။ အမေ စာသင်တဲ့ကျောင်းမှာပဲ ကျွန်တော်တို့ နေထိုင်ခဲ့ရတယ်။ ၁၉၇၀ မှာ လင်ချွမ်ခရိုင်က ယူဖန်းရွာလေးကို ပြောင်းရွှေ့ခဲ့ရတယ်။ အဲဒီရွာဟာ ဆင်းရဲပြီး အစားအစာရှားပါးတယ်။

ခင်ဗျားရဲ့မိသားစု ဘာကို ယုံကြည်သလဲ။

ကျွန်တော့်အဖေဟာ ဘာသာရေးနဲ့ နိုင်ငံရေးကို စိတ်မဝင်စားဘူး။ အမေကတော့ ဗုဒ္ဓဘာသာဝင်ပါ။ အသက်ဟာ သဘာဝအလျောက် အဆင့်ဆင့်ဖြစ်လာတယ်လို့ ကျောင်းမှာ သင်ပေးတယ်။ ဆရာတွေ သင်ပေးတဲ့အတိုင်း ကျွန်တော် ယုံတယ်။

သင်္ချာပညာကို ဘာကြောင့် စိတ်ဝင်စားတာလဲ။

သင်္ချာပညာရပ်မှာ ယုတ္တိရှိရှိ ကျိုးကြောင်းဆင်ခြင်ပြီး အမှန်တရားကို ရှာရတဲ့အတွက် ကျွန်တော် စိတ်ဝင်စားတယ်။ တော်လှန်ရေးခေါင်းဆောင် မော်စီတုန်း သေတဲ့နှစ် ၁၉၇၆ မှာ ကျွန်တော် တက္ကသိုလ်တက်ခဲ့တယ်။ သင်္ချာဘာသာရပ်ကို အထူးပြုသင်ယူပြီး မဟာဘွဲ့ရခဲ့တယ်။ ကျွန်တော့်ရဲ့ ဦးဆုံးအလုပ်ကတော့ နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်ဖို့အတွက် သုတေသနပြုရတဲ့အလုပ်ပဲ။

ကျမ်းစာကို ဘာကြောင့် စိတ်ဝင်စားတာလဲ။

၁၉၈၇ မှာ ပါရဂူဘွဲ့ရဖို့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက် (A&M) တက္ကသိုလ်မှာ ပညာသင်ယူခဲ့တယ်။ အမေရိကန်နိုင်ငံမှာ လူအတော်များများဟာ ဘုရားကို ယုံကြည်ပြီး ကျမ်းစာဖတ်ကြမှန်း သတိပြုမိတယ်။ ကျမ်းစာမှာ လက်တွေ့ကျတဲ့ ပညာရှိစကားတွေ အများကြီးပါတယ်လို့ ကြားဖူးတဲ့အတွက် ဖတ်ကြည့်ရမယ်လို့ စဉ်းစားခဲ့တယ်။

ကျမ်းစာသွန်သင်ချက်တွေဟာ လက်တွေ့ကျပုံရတယ်။ ဒါပေမဲ့ နားမလည်တာတွေလည်း ရှိတော့ ဆက်မဖတ်တော့ဘူး။

ကျမ်းစာကို ဘာကြောင့် ပြန်စိတ်ဝင်စားလာတာလဲ။

ဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့ အယူအဆဟာ ကျွန်တော့်အတွက် အသစ်အဆန်းပဲ။ ဒါကြောင့် ကိုယ်တိုင်လေ့လာကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်

၁၉၉၀ မှာ ယေဟောဝါသက်သေတစ်ယောက် အိမ်ကို ရောက်လာပြီး လူသားတွေအတွက် ပိုကောင်းတဲ့အနာဂတ်ရှိကြောင်း ကျမ်းစာထဲကနေ ပြောပြတယ်။ ကျမ်းစာသင်ပေးဖို့ မောင်နှံတစ်စုံကို စီစဉ်ပေးတယ်။ နောက်တော့ ဘုရားမဲ့ဝါဒီတစ်ဦးဖြစ်တဲ့ ကျွန်တော့်ဇနီး လီပင်းလည်း ကျမ်းစာ စလေ့လာတယ်။ သူဟာ တရုတ်နိုင်ငံ အထက်တန်းကျောင်းမှာ ရူပဗေဒဆရာမပေါ့။ အသက်ရဲ့ မူလအစနဲ့ပတ်သက်တဲ့ ကျမ်းစာအဆိုကို ကျွန်တော် သိလာတယ်။ ဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့ အယူအဆဟာ ကျွန်တော့်အတွက် အသစ်အဆန်းပဲ။ ဒါကြောင့် ကိုယ်တိုင်လေ့လာကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

အဖြစ်အပျက်ကို ဆက်ပြောပြပါဦး။

သင်္ချာပညာရှင်ဖြစ်တဲ့ ကျွန်တော်ဟာ ဖြစ်ရပ်တွေရဲ့ ဖြစ်နိုင်ခြေကို တွက်ချက်ဖို့ သင်ယူခဲ့ရတယ်။ အသက် အလိုအလျောက် ဖြစ်လာဖို့ဆိုရင် ပရိုတင်းတွေ ရှိနှင့်ပြီးသားဖြစ်ရမယ်လို့ သိထားတယ်။ ဒါကြောင့် အစီအစဉ်တကျမဟုတ်ဘဲ ပရိုတင်းတစ်ခု အလိုအလျောက်ဖြစ်ပေါ်လာနိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာ တွက်ချက်ကြည့်တယ်။ ပရိုတင်းတွေဟာ အရှုပ်ထွေးဆုံး မော်လီကျူးတွေဖြစ်တယ်လို့ သိထားကြတယ်။ သက်ရှိဆဲလ်တွေမှာ တိကျတဲ့နည်းနဲ့ အပြန်အလှန်အကျိုးပြုနေတဲ့ ပရိုတင်းအမျိုးအစား ထောင်နဲ့ချီ ရှိနိုင်တယ်။ ပရိုတင်းတွေ အလိုအလျောက် လုံးဝမဖြစ်လာနိုင်မှန်း တခြားသူတွေလိုပဲ ကျွန်တော်လည်း သိတယ်။ ဆင့်ကဲသီအိုရီဟာ မော်လီကျူးတွေ ပါဝင်ဖွဲ့စည်းထားတဲ့ သက်ရှိစနစ်အကြောင်း ရှင်းပြနိုင်ဖို့နေနေသာသာ ရှုပ်ထွေးလွန်းတဲ့ မော်လီကျူးတွေ သူ့အလိုလို ဖြစ်လာနိုင်ပုံကိုတောင် ကောင်းကောင်းမရှင်းပြနိုင်ဘူး။ ကျွန်တော့်အတွက်တော့ ဒီအချက်တွေက ဖန်ဆင်းရှင်ရှိတယ်ဆိုတာ ညွှန်ပြနေတယ်။

ကျမ်းစာဟာ ဘုရားသခင်ဆီက လာတယ်ဆိုတာ ဘာကြောင့် ယုံကြည်သလဲ။

ယေဟောဝါသက်သေတွေနဲ့ ဆက်လေ့လာတဲ့အခါ ကျမ်းစာထဲမှာ အသေးစိတ်ကျတဲ့ ပြည့်စုံပြီးသား ကြိုဟောချက် အများကြီးရှိမှန်း သိလာတယ်။ ကျမ်းစာလမ်းညွှန်ချက်တွေ ကျင့်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကိုလည်း ခံစားရတယ်။ ‘လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက အသက်ရှင်ခဲ့တဲ့ ကျမ်းရေးသူတွေဟာ ဒီနေ့အထိ လက်တွေ့ကျနေတဲ့ ဉာဏ်ပညာရှိစကားတွေ ဘယ်လိုလုပ်ပြီး ရေးနိုင်တာလဲ’ ဆိုတာ သိချင်တယ်။ ကျမ်းစာဟာ ဘုရားရဲ့ နှုတ်ထွက်စကားဖြစ်မှန်း တဖြည်းဖြည်း သဘောပေါက်လာတယ်။

ဖန်ဆင်းရှင်ရှိမှန်း ဘာကြောင့် အခုထိ ယုံကြည်နေတာလဲ။

သဘာဝတရားမှာရှိတဲ့ အရာများစွာအကြောင်း တွေးကြည့်တဲ့အခါ ဖန်ဆင်းရှင်ရှိမှန်း မယုံလို့ကို မရဘူး။ အခု ကျွန်တော် ကွန်ပျုတာဆော့ဖ်ဝဲ ဒီဇိုင်းဆွဲနေတယ်။ ဦးနှောက်ဟာ ကွန်ပျူတာပရိုဂရမ်တွေထက် သာတယ်ဆိုတာ တွေ့ရလို့ အံ့သြမိတယ်။ ဥပမာ၊ စကားသံတွေကို မှတ်မိနိုင်တဲ့ ဦးနှောက်ရဲ့ စွမ်းရည်ဟာ အံ့သြစရာပဲ။ ကျွန်တော်တို့အများစုဟာ စကားသံတွေကို အလွယ်တကူ နားလည်နိုင်တယ်။ ဝါကျတစ်ဝက်တစ်ပျက် ဖြစ်နေရင်တောင်၊ စကားထစ်တာ၊ တယ်လီဖုန်းသံ မရှင်းတာ၊ လေယူလေသိမ်း၊ ရယ်သံ၊ ချောင်းဟန့်သံ၊ ပဲ့တင်သံ၊ နောက်ခံဆူညံသံ ဖြစ်နေရင်တောင် အလွယ်တကူ နားလည်နိုင်တယ်။ ဒါဟာ ဘာမှ မထူးဆန်းပါဘူးလို့ သင် ထင်နိုင်တယ်။ ဆော့ဖ်ဝဲ ဒီဇိုင်နာတွေအတွက်တော့ သိပ်ထူးဆန်းတယ်။ အသံတွေကို မှတ်မိနိုင်တဲ့ အကောင်းဆုံး ဆော့ဖ်ဝဲတောင်မှ လူ့ဦးနှောက်နဲ့ ယှဉ်လို့မရဘူး။

အရှုပ်ထွေးဆုံး ကွန်ပျူတာတွေနဲ့မတူဘဲ လူ့ဦးနှောက်ဟာ စိတ်ခံစားချက်တွေကို သိမြင်နိုင်တယ်။ လေယူလေသိမ်းကို မှတ်မိနိုင်တယ်။ အသံနေအသံထားကို နားထောင်ရုံနဲ့ ပြောတဲ့သူကို ခွဲခြားသိနိုင်တယ်။ စကားသံတွေကို မှတ်မိနိုင်တဲ့ လူ့ဦးနှောက်ရဲ့ စွမ်းရည်ကို ကွန်ပျူတာတွေ ဘယ်လိုတုပနိုင်မလဲဆိုတာ ဆော့ဖ်ဝဲဒီဇိုင်နာတွေ သုတေသနလုပ်နေကြတယ်။ တကယ်တော့ သူတို့ဟာ ဘုရားရဲ့ ဖန်ဆင်းခြင်းလက်ရာကို လေ့လာနေကြတာလို့ ကျွန်တော် ယူဆတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ