ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၃ စာ. ၁၄-၁၅
  • ကောင်းကင်တမန်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းကင်တမန်များ
  • နိုးလော့!—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်တမန်တွေဟာ ဘယ်သူတွေလဲ
  • ကောင်းကင်တမန်တွေ အခု ဘာလုပ်နေကြသလဲ
  • ကောင်းကင်တမန်များ သင့်အားမည်သို့ကူညီနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကောင်းကင်တမန်တွေဆိုတာ ဘာတွေလဲ ဒါမှမဟုတ် ဘယ်သူတွေလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုအကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၃ စာ. ၁၄-၁၅
ကောင်းကင်တမန်တစ်ပါး ချုံပုတ်မှာလောင်နေတဲ့ မီးအသွင်နဲ့ မောရှေရှေ့ ပေါ်လာ

သမ္မာကျမ်းစာရှုထောင့်

ကောင်းကင်တမန်များ

စာပေ၊ အနုပညာလက်ရာနဲ့ ရုပ်ရှင်တွေမှာ ကောင်းကင်တမန်တွေအကြောင်း သရုပ်ဖော်တင်ဆက်ကြတယ်။ ကောင်းကင်တမန်တွေဟာ ဘယ်သူတွေလဲ။ ဘာတွေ လုပ်ကြသလဲ။

ကောင်းကင်တမန်တွေဟာ ဘယ်သူတွေလဲ

သမ္မာကျမ်းစာ ပြောဆိုရာ

ဘုရားသခင်ဟာ စကြဝဠာနဲ့ ပထမလူသားမောင်နှံကို မဖန်ဆင်းခင် လူထက် အဆင့်မြင့်ပြီး အသိဉာဏ်ရှိတဲ့သတ္တဝါတွေကို ဖန်ဆင်းခဲ့တယ်။ သူတို့ဟာ လူတွေထက် စွမ်းဆောင်နိုင်ပြီး ဘုရားသခင် စံမြန်းရာ၊ လူတွေ မရောက်နိုင်၊ မမြင်နိုင်တဲ့နေရာမှာ နေထိုင်ကြတယ်။ (ယောဘ ၃၈:၄၊ ၇) ကျမ်းစာမှာ အဲဒီအဆင့်မြင့်သတ္တဝါတွေကို “ကောင်းကင်တမန်တွေ” လို့ခေါ်တယ်။—ဆာလံ ၁၀၄:၄။a

ကောင်းကင်တမန် အရေအတွက် ဘယ်လောက်ရှိသလဲ။ အများကြီးပဲ။ ဘုရားသခင်ရဲ့ ရာဇပလ္လင်ပတ်လည်မှာရှိတဲ့ ကောင်းကင်တမန် အရေအတွက်ဟာ “ကုဋေအသင်္ချေမက များတယ်။” (ဗျာဒိတ် ၅:၁၁) ကိန်းဂဏန်းနဲ့ပြောရရင် ကောင်းကင်တမန်တွေ သန်းပေါင်းရာနဲ့ချီ ရှိတယ်။

‘ကျွန်တော်ကြည့်လိုက်တော့ ရာဇပလ္လင်ပတ်လည်မှာ ကောင်းကင်တမန် အမြောက်အမြားရှိတယ်။ သူတို့ရဲ့ အရေအတွက်ဟာ ကုဋေအသင်္ချေမက များတယ်။’—ဗျာဒိတ် ၅:၁၁။

ရှေးအချိန်တုန်းက ကောင်းကင်တမန်တွေ ဘာလုပ်ကြသလဲ

သမ္မာကျမ်းစာ ပြောဆိုရာ

ကောင်းကင်တမန်တွေဟာ ဘုရားသခင့်ကိုယ်စား ပြောဆိုသူ ဒါမှမဟုတ် တမန်အဖြစ် အမှုဆောင်ခဲ့ကြတယ်။b ဘုရားခိုင်းတဲ့အတိုင်း အံ့ဖွယ်အမှုတွေ လုပ်ဆောင်သူတွေအဖြစ်လည်း ကျမ်းစာမှာ ဖော်ပြတယ်။ ဘုရားသခင်ဟာ ကောင်းကင်တမန်ကို စေလွှတ်ပြီး အာဗြဟံကို ကောင်းချီးပေးခဲ့တယ်။ သားအိဇက်ကို ပူဇော်ခါနီးမှာ ကောင်းကင်တမန်ကတစ်ဆင့် တားခဲ့တယ်။ (ကမ္ဘာဦး ၂၂:၁၁-၁၈) ကောင်းကင်တမန်တစ်ပါးဟာ ချုံပုတ်မှာလောင်နေတဲ့ မီးအသွင်နဲ့ ပေါ်လာပြီး မောရှေရဲ့ ဘဝတစ်ခုလုံး ပြောင်းလဲစေတဲ့ သတင်းစကားကို ပြောတယ်။ (ထွက်မြောက်ရာ ၃:၁၊ ၂) ပရောဖက်ဒံယေလ ခြင်္သေ့တွင်းထဲ ပစ်ချခံရချိန်မှာ ‘ဘုရားက ကောင်းကင်တမန်ကို လွှတ်ပြီး ခြင်္သေ့တွေရဲ့ ပါးစပ်ကို ပိတ်ထားတယ်။’—ဒံယေလ ၆:၂၂။

“အဲဒီအခါ ယေဟောဝါရဲ့ ကောင်းကင်တမန်ဟာ ချုံပုတ်မှာလောင်နေတဲ့ မီးအသွင်နဲ့ [မောရှေရဲ့ ရှေ့] ပေါ်လာတယ်။” —ထွက်မြောက်ရာ ၃:၂။

ကောင်းကင်တမန်တွေ အခု ဘာလုပ်နေကြသလဲ

သမ္မာကျမ်းစာ ပြောဆိုရာ

ကောင်းကင်တမန်တွေ အခု လုပ်ဆောင်နေသမျှကို ကျွန်တော်တို့ မသိနိုင်ဘူး။ စိတ်ရင်းမှန်တဲ့သူတွေ ဘုရားအကြောင်း ပိုသိလာအောင် သူတို့ ကူညီပေးနေတယ်လို့တော့ ကျမ်းစာ ဖော်ပြတယ်။—တမန်တော် ၈:၂၆-၃၅။ ၁၀:၁-၂၂။ ဗျာဒိတ် ၁၄:၆၊ ၇။

ယေဟောဝါက ဘိုးဘေးယာကုပ်ကို အိပ်မက်ပေးခဲ့တယ်။ ကောင်းကင်အထိမီတဲ့ “လှေကား” မှာ ကောင်းကင်တမန်တွေ တက်လိုက်ဆင်းလိုက် လုပ်နေတာကို အိပ်မက်ထဲမှာ မြင်တယ်။ (ကမ္ဘာဦး ၂၈:၁၀-၁၂) ယေဟောဝါဘုရားက သစ္စာရှိသူတွေကို လိုအပ်သလို ကူညီပေးဖို့ ကောင်းကင်တမန်တွေကို မြေကြီးပေါ် စေလွှတ်ပေးတယ်လို့ ယာကုပ် ကောက်ချက်ချခဲ့မှာပဲ။ ကျွန်တော်တို့လည်း အဲဒီလို ကောက်ချက်ချနိုင်တယ်။—ကမ္ဘာဦး ၂၄:၄၀။ ထွက်မြောက်ရာ ၁၄:၁၉။ ဆာလံ ၃၄:၇။

“အိပ်မက်ထဲမှာ ကောင်းကင်အထိမီတဲ့ လှေကားကို မြင်တယ်။ လှေကားမှာ ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေ တက်လိုက်ဆင်းလိုက် လုပ်နေကြတယ်။” —ကမ္ဘာဦး ၂၈:၁၂။

a ဘုရားသခင်ရဲ့ အခွင့်အာဏာကို ပုန်ကန်တဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေရှိပြီး အဲဒီကောင်းကင်တမန်ဆိုးတွေကို “နတ်ဆိုးတွေ” လို့ ကျမ်းစာမှာ ဖော်ပြတယ်။—လုကာ ၁၀:၁၇-၂၀။

b “ကောင်းကင်တမန်” အတွက် ကျမ်းစာမှာသုံးထားတဲ့ မူရင်းဟီဘရူးနဲ့ ဂရိစကားလုံး နှစ်မျိုးစလုံးဟာ “တမန်” လို့အဓိပ္ပာယ်ရှိတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ