ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၃ စာ. ၁၆
  • ပင်လယ်ဖျံရဲ့ အမွေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပင်လယ်ဖျံရဲ့ အမွေး
  • နိုးလော့!—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၁၇
  • ကြောင်လျှာ
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ထူးခြားချက် များစွာရှိသော ပင်လယ်သေ
    နိုးလော့!—၂၀၀၈
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၃ စာ. ၁၆
ပင်လယ်ဖျံ

ဒါဟာ သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ပင်လယ်ဖျံရဲ့ အမွေး

အေးစိမ့်တဲ့ရေမှာနေတဲ့ နို့တိုက်ရေသတ္တဝါ အတော်များများရဲ့ အရေပြားအောက်မှာ ခပ်ထူထူ အဆီလွှာတစ်ခုရှိတယ်။ အဲဒီအလွှာဟာ ခန္ဓာကိုယ်အပူဓာတ်ကို ထိန်းပေးတယ်။ ပင်လယ်ဖျံမှာ အပူဓာတ်ထိန်းပေးတဲ့အရာ နောက်တစ်ခုရှိတယ်။ အဲဒါကတော့ ထူထဲတဲ့ အမွေးတွေပဲ။

သုံးသပ်ကြည့်ပါ– ပင်လယ်ဖျံတွေဟာ နို့တိုက်သတ္တဝါတွေထဲမှာ အမွေးအထူဆုံးပဲ။ တစ်စတုရန်းလက်မမှာ အမွေးတစ်သန်းလောက် ရှိတယ်။ ဖျံတွေ ရေကူးတဲ့အခါ အမွေးတွေက ကိုယ်ခန္ဓာနဲ့အနီးဆုံးမှာရှိတဲ့ လေထုအလွှာကို ဖမ်းယူထားတယ်။ အဲဒီလေက အပူဓာတ် ထိန်းပေးတယ်။ အေးစိမ့်တဲ့ရေတွေ အရေပြားနဲ့ တိုက်ရိုက် မထိတွေ့အောင်၊ ခန္ဓာကိုယ်အပူဓာတ် ဆုံးရှုံးမသွားအောင် ကာကွယ်ပေးတယ်။

ပင်လယ်ဖျံရဲ့ အမွေးကနေ သင်ယူစရာရှိတယ်လို့ သိပ္ပံပညာရှင်တွေ ယူဆတယ်။ အမွေးအရှည်နဲ့ အမွေးအထူ အမျိုးမျိုးရှိတဲ့ သားမွေးကုတ်အင်္ကျီ အတော်များများကို လေ့လာစမ်းသပ်ကြတယ်။ “အမွေးထူလေ၊ ရှည်လေ အရေပြားထဲ ရေမစိမ့်ဝင်နိုင်လေပဲ” လို့ ကောက်ချက်ချကြတယ်။ တစ်နည်းပြောရရင် ပင်လယ်ဖျံတွေဟာ တကယ် လက်ရာမြောက်တဲ့ သားမွေးကုတ်အင်္ကျီကို ပိုင်ဆိုင်ထားကြတယ်။

သုတေသီတွေဟာ သူတို့ရဲ့လေ့လာမှုကနေ ရေမစိမ့်ဝင်နိုင်တဲ့ အထည်ဆန်းဆန်းလေးတွေကို ဒီဇိုင်းထွင် ချုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ကြတယ်။ အေးစိမ့်တဲ့ရေမှာ ရေငုပ်သမားတွေဟာ ပင်လယ်ဖျံရဲ့ ထူထဲတဲ့သားမွေးလိုမျိုး အမွေးထူတဲ့ဝတ်စုံ ဝတ်ရင် ပိုကောင်းမယ်လို့ အတွေးဝင်စေတယ်။

သင် ဘယ်လိုထင်ပါသလဲ။ ပင်လယ်ဖျံရဲ့ အပူဓာတ်ထိန်းတဲ့ အမွေးတွေဟာ သူ့အလိုလို ဖြစ်လာတာလား။ တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ