ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၄ စာ. ၁၆
  • ဝင်းလက်တောက်ပတဲ့ အပြာရောင် ပိုလီယာ ဘယ်ရီသီး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝင်းလက်တောက်ပတဲ့ အပြာရောင် ပိုလီယာ ဘယ်ရီသီး
  • နိုးလော့!—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၁၇
  • ရှေးအချိန်က အသုံးပြုခဲ့ကြတဲ့ အရောင်များနဲ့ အထည်အလိပ်များအကြောင်း တစေ့တစောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • အရောင်တွေက သင့်အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၄ စာ. ၁၆
ပိုလီယာ ဘယ်ရီသီး

ဒါဟာ သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ဝင်းလက်တောက်ပတဲ့ အပြာရောင် ပိုလီယာ ဘယ်ရီသီး

ပိုလီယာ ကွန်ဒန်စေတာ ဘယ်ရီပင်ရဲ့ ဘယ်ရီသီးလေးတွေကို အာဖရိကတိုက်တစ်ဝန်းမှာ တွေ့ရတယ်။ တွေ့ဖူးသမျှမှာ အပြာရောင်အရင့်ဆုံး အသီးပဲ။ ဒါပေမဲ့ သူ့မှာ အပြာ ရောင်ခြယ်ပစ္စည်း မရှိဘူး။ ဒါဆို ဒီအရောင်ရဲ့ လျှို့ဝှက်ချက်ဟာ ဘာလဲ။

စဉ်းစားကြည့်ပါ– ဘယ်ရီသီးအခွံရဲ့ ဆဲလ်နံရံတွေမှာ သေးငယ်တဲ့ အမျှင်တွေ အတန်းလိုက်ရှိပြီး အလွှာတွေ ဖြစ်လာတယ်။ အလွှာတွေဟာ တစ်ခုနဲ့တစ်ခု ထောင့်ချိုးကျကျ ထပ်နေတဲ့အတွက် ခရုပတ်ပုံအလွှာတွေ ဖြစ်ပေါ်လာတယ်။ အမျှင်တွေဟာ အပြာရောင် မဟုတ်ပါဘူး။ အမျှင်တွေ ထပ်နေတဲ့ပုံကြောင့် အရောင်ထွက်လာခြင်းပါ။ ဒါကြောင့် ဘယ်ရီသီးရဲ့ ဝင်းလက်တောက်ပတဲ့ အပြာရောင်ဟာ ရောင်ခြယ်ပစ္စည်းကြောင့် မဟုတ်ဘဲ တည်ဆောက်ပုံကြောင့်ပါ။ ဆဲလ်အများစုဟာ အပြာရောင်လို့ ထင်ရတယ်။ ဒါပေမဲ့ အလွှာတွေရဲ့ မသိမသာ ပြောင်းလဲမှုကြောင့် ရှုထောင့်အမျိုးမျိုးက ကြည့်ရင် တချို့ဟာ အစိမ်းရောင်၊ ပန်းရောင်၊ အဝါရောင် ထွက်နေကြတယ်။ အဲဒီအပြင် အနီးကပ်ကြည့်တဲ့အခါ အရောင်တွေဟာ တစ်ညီတည်းမဟုတ်ဘဲ ကွန်ပျူတာ ဖန်သားပြင်ပေါ်က အရောင်တွေလို အစက်အပြောက်တွေပါ။

ပိုလီယာဘယ်ရီသီးတွေမှာ ရောင်ခြယ်ပစ္စည်း မရှိတဲ့အတွက် ကြွေကျပြီးနောက်မှာတောင် အရောင်မပြယ်ကြဘူး။ တချို့ဘယ်ရီသီးတွေဆို နှစ်တစ်ရာကျော် ကြာတာတောင် လတ်လတ်ဆတ်ဆတ်အသီးလို အရောင်တောက်နေတုန်းပဲ။ ဒီဘယ်ရီသီးမှာ စားလို့ရတဲ့ အသားမရှိဘဲ အစေ့တွေချည်း ဖြစ်ပေမဲ့ လေ့လာရေးသမားတွေရဲ့ အဆိုအရ အနီးအနားက ငှက်တွေကို အင်မတန် ဆွဲဆောင်နိုင်တယ်။

ပိုလီယာဘယ်ရီသီးရဲ့ ရောင်ခြယ်မဲ့ အရောင်က တာရှည်ခံဆိုးဆေးတွေ၊ အတုလုပ်လို့မရတဲ့ စက္ကူတွေ တီထွင်ဖို့ စိတ်ကူးပေါ်စေတယ်လို့ သိပ္ပံပညာရှင်တွေ ယူဆကြတယ်။

သင် ဘယ်လိုထင်ပါသလဲ။ ပိုလီယာဘယ်ရီသီးရဲ့ ဝင်းလက်တောက်ပတဲ့ အပြာရောင်ဟာ အလိုလိုဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပုံစံပြုဖန်ဆင်းထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ