ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ အောက်တိုဘာ စာ. ၂၉-၃၁
  • ရှေးအစ္စရေးတွေ စစ်တိုက်ခဲ့ပေမဲ့ ကျွန်တော်တို့ ဘာကြောင့် စစ်မတိုက်ကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှေးအစ္စရေးတွေ စစ်တိုက်ခဲ့ပေမဲ့ ကျွန်တော်တို့ ဘာကြောင့် စစ်မတိုက်ကြ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁။ ဘုရားလူမျိုးဟာ လူမျိုးတစ်မျိုးတည်း ဖြစ်
  • ၂။ စစ်တိုက်ဖို့ အစ္စရေးတွေကို ယေဟောဝါ မိန့်မှာ
  • ၃။ ယုံကြည်ကြောင်း ပြသူတွေကို အစ္စရေးတွေ အသက်ချမ်းသာပေးကြ
  • ၄။ ဘုရားသခင့် စစ်ပွဲစည်းကမ်းတွေကို အစ္စရေးတွေ လိုက်နာရ
  • ၅။ မိမိလူမျိုးအတွက် ဘုရား တိုက်ခိုက်ပေး
  • ခရစ်ယာန်စစ်တွေဟာ ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်သူတွေ ဖြစ်ကြ
  • ရှေးခေတ်မှာစစ်ပွဲအပေါ်ထားတဲ့ ဘုရားသခင့်ရှုမြင်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • စစ်ပွဲ
    နိုးလော့!—၂၀၁၇
  • စစ်ပွဲတွေကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဒီနေ့ခေတ်မှာ စစ်ပွဲတွေအပေါ် ဘုရားသခင့်ရှုမြင်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ အောက်တိုဘာ စာ. ၂၉-၃၁
ဘုရင်အာသ မြင်းစီးလာ။ စစ်တိုက်ဖို့ စစ်သားတွေကို ဦးဆောင်လာ။

ရှေးအစ္စရေးတွေ စစ်တိုက်ခဲ့ပေမဲ့ ကျွန်တော်တို့ ဘာကြောင့် စစ်မတိုက်ကြ

“ပြင်သစ်ကို ဖြစ်ဖြစ်၊ အင်္ဂလန်ကို ဖြစ်ဖြစ် မတိုက်ရင် ခင်ဗျားတို့ တစ်ယောက်မကျန် သေရမယ်” လို့ ဒုတိယ ကမ္ဘာစစ်အတွင်း ယေဟောဝါသက်သေအုပ်စုကို နာဇီအရာရှိတစ်ယောက် အော်ပြောတယ်။ လက်နက်အပြည့် ကိုင်ထားတဲ့ အက်စ်အက်စ် (SS) စစ်သားတွေ အနားမှာ ရပ်နေတာတောင် ညီအစ်ကို တစ်ယောက်မှ အလျှော့မပေးကြဘူး။ ရဲရဲတောက် သတ္တိပါပဲ။ ဒီဥပမာက ကမ္ဘာ့စစ်ပွဲတွေမှာ ဝင်မတိုက်ခိုက်ဘူး ဆိုတဲ့ ယေဟောဝါသက်သေတွေရဲ့ အမြင်ကို ပေါ်လွင်စေတယ်။ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံရချိန်မှာတောင် ကမ္ဘာ့ပဋိပက္ခတွေမှာ ကျွန်တော်တို့ ဘယ်ဘက်မှ မပါကြဘူး။

ခရစ်ယာန် အမည်ခံသူတိုင်း အဲဒီလိုတော့ မဟုတ်ကြဘူး။ ခရစ်ယာန်တစ်ယောက်ဟာ ကိုယ့်တိုင်းပြည်ကို ကာကွယ်နိုင်ပြီး ကာလည်း ကာကွယ်သင့်တယ်လို့ အများစု ယူဆကြတယ်။ ‘ရှေးအစ္စရေးတွေတောင် ဘုရားလူမျိုး ဖြစ်ပြီး စစ်တိုက်ခဲ့ကြရင် ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း တိုက်သင့်တယ်’ လို့ သူတို့ တွေးမိနိုင်တယ်။ သင် ဘယ်လို ဖြေမလဲ။ ရှေးအစ္စရေး အခြေအနေနဲ့ ဒီနေ့ခေတ် ဘုရားလူမျိုး အခြေအနေ အလွန် ကွာခြားတယ်လို့ ရှင်းပြနိုင်တယ်။ ကွာခြားချက် ငါးခုကို ဆွေးနွေးကြည့်ရအောင်။

၁။ ဘုရားလူမျိုးဟာ လူမျိုးတစ်မျိုးတည်း ဖြစ်

အရင်တုန်းက မိမိလူမျိုးကို အစ္စရေးလူမျိုး တစ်မျိုးတည်းအဖြစ် ယေဟောဝါ စုသိမ်းတယ်။ အစ္စရေးတွေကို ‘လူမျိုးအားလုံးထဲမှာ တန်ဖိုးအထားရဆုံးလူမျိုး’ အဖြစ် ဘုရား ခေါ်တယ်။ (ထွ. ၁၉:၅) နယ်မြေလည်း သတ်သတ်မှတ်မှတ် ခွဲဝေပေးတယ်။ တခြားလူမျိုးတွေကို စစ်တိုက်တဲ့အခါ ယေဟောဝါကို ဝတ်ပြုသူ အချင်းချင်း မတိုက်ခိုက်ဖို့၊ မသတ်ဖို့ ဘုရား မိန့်မှာတယ်။a

ဒီနေ့ခေတ်မှာ ယေဟောဝါကို စစ်မှန်တဲ့ နည်းနဲ့ ဝတ်ပြုနေသူတွေဟာ “လူမျိုးတွေ၊ မျိုးနွယ်တွေ၊ လူစုတွေ၊ ဘာသာစကားအမျိုးမျိုး ပြောဆိုသူတွေထဲက” ဖြစ်ကြတယ်။ (ဗျာ. ၇:၉) ဘုရားလူမျိုးသာ စစ်တိုက်မယ်ဆိုရင် ဝတ်ပြုသူ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်မိနိုင်တယ်။

၂။ စစ်တိုက်ဖို့ အစ္စရေးတွေကို ယေဟောဝါ မိန့်မှာ

အရင်တုန်းက အစ္စရေးတွေ ဘယ်အချိန်မှာ ဘာကြောင့် စစ်တိုက်ရမယ်ဆိုတာ ယေဟောဝါ ဆုံးဖြတ်ပေးတယ်။ ဥပမာ၊ အယူမှား ကိုးကွယ်မှု၊ လိင်အကျင့်ယိုယွင်းမှု၊ ကလေး ယဇ်ပူဇော်မှုတွေကြောင့် နာမည်ဆိုး ကျော်တဲ့ ခါနန်လူမျိုးတွေအပေါ် ဘုရားရဲ့ တရားစီရင်ချက်အတိုင်း အရေးယူဆောင်ရွက်ဖို့၊ ကတိထားရာပြည်မှာ သူတို့ရဲ့မကောင်းတဲ့ ဩဇာလွှမ်းမိုးမှု မရှိအောင် ဖယ်ရှားဖို့ အစ္စရေးတွေကို ဘုရား ညွှန်ကြားတယ်။ (ဝတ်. ၁၈:၂၄၊ ၂၅) ကတိထားရာပြည်မှာ အစ္စရေးတွေ အခြေချပြီးနောက် တစ်ခါတလေ ဖိနှိပ်ညှဉ်းပန်းတဲ့ ရန်သူ့လက်ကနေ ကာကွယ်ဖို့ စစ်တိုက်ပါလို့ ဘုရား မိန့်မှာတယ်။ (၂ ရှ. ၅:၁၇-၂၅) ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပြီး စစ်တိုက်တာကိုတော့ ယေဟောဝါ ခွင့်မပြုဘူး။ အစ္စရေးတွေ အဲဒီလို တိုက်တဲ့အခါ အရှုံးနဲ့ပဲ ရင်ဆိုင်ရလေ့ရှိတယ်။—တော. ၁၄:၄၁-၄၅။ ၂ ရာ. ၃၅:၂၀-၂၄။

ဒီနေ့ခေတ်မှာ လူတွေ စစ်တိုက်ဖို့ ယေဟောဝါ အခွင့်အာဏာ ပေးမထားဘူး။ နိုင်ငံတွေ စစ်တိုက်တာ ဘုရားအတွက် မဟုတ်ဘဲ ကိုယ့်အတွက်ကိုယ် တိုက်နေကြတာ။ နယ်မြေလုဖို့၊ စီးပွားရေး၊ နိုင်ငံရေး အကျိုးအမြတ် ရဖို့ တိုက်နေကြတာ။ ဒါပေမဲ့ ဝတ်ပြုရေးကို ကာကွယ်ဖို့၊ ဘုရားရန်သူတွေကို ချေမှုန်းဖို့ ဘုရားနာမည်နဲ့ တိုက်ခိုက်နေတယ်လို့ ပြောနေကြသူတွေကော။ အနာဂတ် အာမဂေဒုန်စစ်ပွဲမှာ ယေဟောဝါက မိမိကို ဝတ်ပြုသူတွေကို ကာကွယ်ပြီး ရန်သူတွေကို ဖျက်ဆီးပစ်ပါလိမ့်မယ်။ (ဗျာ. ၁၆:၁၄၊ ၁၆) အဲဒီစစ်ပွဲမှာ တိုက်ခိုက်မယ့် ဘုရားစစ်တပ်ဟာ ကောင်းကင်စစ်တပ် ဖြစ်တယ်။ ယေဟောဝါကို ဝတ်ပြုတဲ့ လူသားတွေ မဟုတ်ဘူး။—ဗျာ. ၁၉:၁၁-၁၅။

၃။ ယုံကြည်ကြောင်း ပြသူတွေကို အစ္စရေးတွေ အသက်ချမ်းသာပေးကြ

ယေရိခေါမြို့ ဖျက်ဆီးခံရပြီးနောက် သက်ကြီးမိသားစုဝင်တစ်ယောက်ကို ရာခပ် တွဲခေါ်လာ။ တခြားမိသားစုဝင်တွေ နောက်ကနေ လိုက်လာ။

ယေရိခေါမြို့ကို တိုက်တဲ့ ယေဟောဝါရဲ့ စစ်ပွဲက ရာခပ်နဲ့ မိသားစုကို အသက်ချမ်းသာ ပေးသလို ဒီနေ့ခေတ် စစ်ပွဲတွေက ယုံကြည်သူတွေကို အသက်ချမ်းသာ ပေးသလား

အရင်တုန်းက အစ္စရေး စစ်တပ်ဟာ ဘုရားကို ယုံကြည်ကြောင်း ပြသူတွေကို ကရုဏာ ပြလေ့ ရှိပြီး သေဒဏ်ခံသင့်တယ်လို့ ယေဟောဝါ စီရင်သူတွေကိုတော့ သတ်ပစ်လေ့ ရှိတယ်။ ဖြစ်ရပ် နှစ်ခုကို သုံးသပ်ကြည့်ပါ။ ယေရိခေါမြို့ကို ဖျက်ဆီးဖို့ ယေဟောဝါ မိန့်မှာတဲ့အခါ ရာခပ်ရဲ့ ယုံကြည်ခြင်းကြောင့် သူနဲ့ မိသားစုကို အစ္စရေးတွေ အသက်ချမ်းသာပေးခဲ့တယ်။ (ယောရှု ၂:၉-၁၆။ ၆:၁၆၊ ၁၇) နောက်ပိုင်း၊ ဘုရားကို ကြောက်ရွံ့ရိုသေကြောင်း ဂိဗောင်မြို့သားတွေ ပြပြီးနောက် တစ်မြို့လုံးကိုလည်း အစ္စရေးတွေ အသက်ချမ်းသာပေးခဲ့တယ်။ —ယောရှု ၉:၃-၉၊ ၁၇-၁၉။

ဒီနေ့ခေတ်မှာ နိုင်ငံတွေ စစ်တိုက်တဲ့အခါ ယုံကြည်ကြောင်း ပြသူတွေကို အသက်ချမ်းသာ မပေးကြဘူး။ တစ်ခါတလေ အပြစ်မဲ့ ပြည်သူတွေ သေကြရတယ်။

၄။ ဘုရားသခင့် စစ်ပွဲစည်းကမ်းတွေကို အစ္စရေးတွေ လိုက်နာရ

အရင်တုန်းက ဘုရား ညွှန်ကြားချက်အတိုင်း အစ္စရေး စစ်သားတွေ စစ်တိုက်ရတယ်။ ဥပမာ၊ မြို့တစ်မြို့ကို မတိုက်ခင် “ငြိမ်းချမ်းရေးစကား” ပြောဖို့ တစ်ခါတလေ ဘုရား ညွှန်ကြားတယ်။ (တရား. ၂၀:၁၀) အစ္စရေး စစ်သားတွေရော တပ်စခန်းပါ ကိုယ်ခန္ဓာပိုင်း၊ ကိုယ်ကျင့်တရားပိုင်း သန့်ရှင်းဖို့ ယေဟောဝါ မျှော်လင့်တယ်။ (တရား. ၂၃:၉-၁၄) ပတ်ဝန်းကျင် နိုင်ငံက စစ်တပ်တွေ စစ်နိုင်ရင် အဲဒီနယ်မြေမှာ ရှိတဲ့ အမျိုးသမီးတွေကို မုဒိမ်းကျင့်ကြတယ်။ ယေဟောဝါကတော့ အဲဒီလို မလုပ်ဖို့ တားမြစ်တယ်။ မြို့ကို သိမ်းပိုက်ပြီး တစ်လကြာမှ သုံ့ပန်း အမျိုးသမီးကို လက်ထပ်ခွင့် ရှိတယ်။—တရား. ၂၁:၁၀-၁၃။

ဒီနေ့ခေတ်မှာ နိုင်ငံအများစုဟာ အပြည်ပြည်ဆိုင်ရာ စစ်ပွဲ သဘောတူညီချက်တွေကို လက်မှတ်ထိုးကြတယ်။ ပြည်သူတွေကို ကာကွယ်ဖို့ ရည်ရွယ်ပေမဲ့ အဲဒီသဘောတူညီချက်တွေကို ချိုးဖောက်လေ့ရှိတာ ဝမ်းနည်းစရာပါပဲ။

၅။ မိမိလူမျိုးအတွက် ဘုရား တိုက်ခိုက်ပေး

အစ္စရေးတွေ အော်ဖို့၊ ပုရောဟိတ်တွေ တံပိုးမှုတ်ဖို့ ယောရှု အမိန့်ပေး။ မြို့ရိုး ပြိုကျလာ။ ပြတင်းပေါက်မှာ ကြိုးနီ ဆွဲထားတဲ့ မြို့ရိုး နေရာကတော့ မပြိုဘဲ ကျန်ရှိနေ။

ယေရိခေါမြို့မှာ အစ္စရေးတွေအတွက် ဘုရား တိုက်ခိုက်ပေးခဲ့သလို ဒီနေ့ခေတ် နိုင်ငံတစ်နိုင်ငံအတွက် တိုက်ခိုက်ပေးသလား

အရင်တုန်းက အစ္စရေးတွေအတွက် ယေဟောဝါ တိုက်ခိုက်ပေးတယ်။ တစ်ခါတလေ အံ့ဖွယ်နည်းနဲ့ အောင်ပွဲ ရစေတယ်။ ဥပမာ၊ ယေရိခေါမြို့ကို အနိုင်ရဖို့ အစ္စရေးတွေကို ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။ ယေဟောဝါရဲ့ ညွှန်ကြားချက်အရ “အော်ပြီး စစ်ငြာသံ ပေးလိုက်တာနဲ့ မြို့ရိုး လုံးဝ ပြိုကျသွား” တယ်။ မြို့ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တယ်။ (ယောရှု ၆:၂၀) အာမောရိတွေကိုရော ဘယ်လို အနိုင်ရခဲ့သလဲ။ ‘ယေဟောဝါက မိုးသီးကြီးတွေ ကျစေတယ်။ အစ္စရေးတွေရဲ့ ဓားချက်ကြောင့် သေတာထက် မိုးသီးကြောင့် သေတာ ပိုများတယ်။’—ယောရှု ၁၀:၆-၁၁။

ဒီနေ့ခေတ်မှာ မြေကြီးပေါ်က ဘယ်နိုင်ငံအတွက်မှ ယေဟောဝါ မတိုက်ခိုက်ပေးဘူး။ ဘုရင် ယေရှု ဦးဆောင်တဲ့ ဘုရားနိုင်ငံဟာ “ဒီလောကနဲ့ မပတ်သက်ဘူး။” (ယော. ၁၈:၃၆) လူ့အစိုးရအားလုံးကို ကြိုးကိုင်နေသူဟာ စာတန်ပဲ။ ကြောက်မက်ဖွယ် ကမ္ဘာ့စစ်ပွဲတွေက စာတန့်စရိုက်ကို ထင်ဟပ်ပြနေတယ်။—လု. ၄:၅၊ ၆။ ၁ ယော. ၅:၁၉။

ခရစ်ယာန်စစ်တွေဟာ ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်သူတွေ ဖြစ်ကြ

ဒီနေ့ခေတ် အခြေအနေနဲ့ ရှေးအစ္စရေး အခြေအနေ အလွန် ကွာခြားကြောင်း သိခဲ့ရပြီ။ ဒါပေမဲ့ အဲဒီကွာခြားချက်တွေကြောင့်ပဲ ကျွန်တော်တို့ စစ်မတိုက်ကြတာ မဟုတ်ဘူး။ တခြားအကြောင်းရင်းတွေ ရှိသေးတယ်။ ဥပမာ၊ နောက်ဆုံးကာလမှာ ဘုရားသွန်သင်မှု ခံယူသူတွေဟာ စစ်ပွဲမှာ ပါဝင်ဖို့ မပြောနဲ့၊ ‘စစ်အတတ်ပညာကိုတောင် မသင်ကြတော့ဘူး။’ (ဟေရှာ. ၂:၂-၄) မိမိတပည့်တွေ ‘ဒီလောကနဲ့ ဘာမှ မပတ်သက်ဘူး၊’ လောက အရေးကိစ္စတွေမှာ ဘယ်ဘက်မှ မပါဘူးလို့ ခရစ်တော် ပြောတယ်။—ယော. ၁၅:၁၉။

ဒီထက်မက လုပ်ဆောင်ဖို့လည်း နောက်လိုက်တွေကို ခရစ်တော် တိုက်တွန်းတယ်။ “ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်” ဖို့၊ နာကြည်းမှု၊ ဒေါသ၊ စစ်ပွဲတွေ ဖြစ်စေတဲ့ သဘောထားတွေကို ရှောင်ဖို့၊ ရန်သူတွေကိုတောင် ချစ်ဖို့ မိန့်မှာထားတယ်။—မ. ၅:၉၊ ၂၁၊ ၂၂၊ ၄၄။

ကျွန်တော်တို့ တစ်ဦးစီကော ဘယ်လိုလဲ။ စစ်မတိုက်ချင်ကြပေမဲ့ အသင်းတော်မှာ အငြင်းပွားစေတဲ့၊ စိတ်ဝမ်းကွဲစေတဲ့ ရန်လိုမုန်းတီးမှုတွေ စိတ်နှလုံးထဲ ရှိနေသလား။ အဲဒီလို ခံစားချက်တွေကို စိတ်ထဲကနေ အမြစ်ပါ မကျန် ထုတ်ပစ်ဖို့ ဆက်ကြိုးစားကြပါစို့။—ယာ. ၄:၁၊ ၁၁။

စစ်ပွဲတွေမှာ ပါဝင်ပတ်သက်မယ့်အစား အချင်းချင်းကြားမှာ ငြိမ်သက်မှု၊ မေတ္တာ ရှိနေဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်။ (ယော. ၁၃:၃၄၊ ၃၅) စစ်ပွဲအားလုံးကို ယေဟောဝါ ထာဝစဉ် အဆုံးတိုင်စေမယ့်နေ့ကို စောင့်မျှော်ရင်း ဆက်ကြားနေဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—ဆာ. ၄၆:၉။

a တစ်ခါတလေ အစ္စရေး အချင်းချင်း တိုက်ခိုက်ကြတာတွေရှိတယ်။ ဒါပေမဲ့ ယေဟောဝါ မနှစ်သက်ဘူး။ (၁ ဘု. ၁၂:၂၄) မျိုးနွယ်တချို့ ဘုရားကို သစ္စာ မရှိတဲ့အခါ၊ ကြီးလေးတဲ့ အပြစ်တွေ ကျူးလွန်တဲ့အခါမှာတော့ အဲဒီလို တိုက်ခိုက်တာတွေကို ဘုရား ခွင့်ပြုတယ်။—သူကြီး. ၂၀:၃-၃၅။ ၂ ရာ. ၁၃:၃-၁၈။ ၂၅:၁၄-၂၂။ ၂၈:၁-၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ