ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၆ စာ. ၆-၇
  • သမ္မာကျမ်းစာ ပြောဆိုရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာ ပြောဆိုရာ
  • နိုးလော့!—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • လုံခြုံစိတ်ချရတဲ့ အနာဂတ်အတွက် လမ်းညွှန် ရှိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ဤဖြစ်ရပ်အားလုံး အဘယ်အဓိပ္ပာယ်ရှိသနည်း
    စောင့်နေကြလော့!
  • အဆုံးနီးပြီလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ကမ္ဘာပျက်မယ့်နေ့ လူအများထင်ထားသလို ဖြစ်မှာမဟုတ်
    နိုးလော့!—၂၀၁၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၆ စာ. ၆-၇
ဘုရားသခင် ကတိပြုထားတဲ့ ကမ္ဘာသစ်မှာ ရောက်နေတဲ့လူ

ကမ္ဘာမြေနဲ့ လူတွေအတွက် တောက်ပတဲ့အနာဂတ် ရှိမယ်ဆိုတဲ့ ဘုရားရဲ့ ကတိကြောင့် ကမ္ဘာပျက်ချိန်ညွှန်ပြတဲ့ နာရီအတိုင်း တကယ်ဖြစ်လာမှာ မဟုတ်ဘူး

မျက်နှာဖုံးအကြောင်းအရာ | ကမ္ဘာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီလား

သမ္မာကျမ်းစာ ပြောဆိုရာ

ကမ္ဘာကြီးရဲ့ လက်ရှိအခြေအနေဆိုးတွေအကြောင်း ရာစုနှစ်များစွာကတည်းက ကျမ်းစာမှာ ကြိုဟောထားတယ်။ လူတွေအတွက် တောက်ပတဲ့အနာဂတ် ရှိကြောင်းကိုလည်း အတိအကျ ကြိုဟောတယ်။ ကျမ်းစာကြိုဟောချက်အများစုဟာ အသေးစိတ်ကအစ ပြည့်စုံခဲ့တယ်။ ဒါကြောင့် ကျမ်းစာပြောဆိုရာတွေကို စိတ်မဝင်စားဘူးလို့ ချက်ချင်း မငြင်းလိုက်ပါနဲ့။

ဥပမာအနေနဲ့ အောက်ပါ ကျမ်းစာကြိုဟောချက်တွေကို သုံးသပ်ကြည့်ပါ–

  • “လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။ အစာခေါင်းပါးတာ၊ ငလျင်လှုပ်တာတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။”​—⁠မဿဲ ၂၄:⁠၇။

  • ‘နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ ဝါကြွားသူ၊ မောက်မာသူ၊ ဘုရားကို စော်ကားပြောဆိုသူ၊ မိဘစကား နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ ချစ်ခင်တွယ်တာစိတ် မရှိသူ၊ ညှိနှိုင်းလို့မရသူ၊ သွားပုပ်လေလွင့်ပြောသူ၊ မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ရာကို မုန်းတီးသူ၊ သစ္စာဖောက်သူ၊ တဇောက်ကန်းနိုင်သူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို ချစ်တာထက် အပျော်အပါးကို ပိုနှစ်သက်သူတွေ ဖြစ်ကြလိမ့်မယ်။’​—⁠၂ တိမောသေ ၃:​၁-၄။

အဲဒီကြိုဟောချက်တွေဟာ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ ကမ္ဘာ့အခြေအနေကို ဖော်ပြနေတယ်။ ကမ္ဘာကြီးဟာ လူသားတွေအတွက် တကယ်ပဲ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီ။ ကမ္ဘာ့အခြေအနေတွေကို အပြီးသတ်ဖြေရှင်းနိုင်တဲ့ အစွမ်းတန်ခိုးနဲ့ ဉာဏ်ပညာ လူတွေမှာ မရှိဘူးလို့ ကျမ်းစာပြောတယ်။ အောက်ပါကျမ်းချက်တွေမှာ ဒီလို ဖော်ပြတယ်–

  • “လူ့အမြင်မှာ မှန်တယ်ထင်ရပေမဲ့ နောက်ဆုံးမှာတော့ သေခြင်းဆီ ပို့ဆောင်ပေးတဲ့ လမ်းတစ်မျိုးရှိတယ်။” ​—⁠ပညာအလိမ္မာ ၁၄:⁠၁၂။

  • “လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေတယ်။”​—⁠ဒေသနာ ၈:⁠၉။

  • ‘လူဟာ ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့် မရှိပါဘူး။’​—⁠ယေရမိ ၁၀:⁠၂၃။

လူတွေ လုပ်ချင်သလိုသာ လုပ်နေမယ်ဆိုရင် ကမ္ဘာကြီး ပျက်စီးသွားဖို့ပဲရှိတယ်။ ဒါပေမဲ့ အဲဒီလို ပျက်စီးသွားမှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ ကျမ်းစာမှာ ဒီလိုပြောထားလို့ပဲ–

  • ဘုရားသခင်ဟာ “ကမ္ဘာမြေကို အုတ်မြစ်တွေပေါ် တည်ဆောက်တယ်။ သူ့နေရာကနေ ဘယ်တော့မှ ရွှေ့လို့ရမှာ မဟုတ်ဘူး။”​—⁠ဆာလံ ၁၀၄:⁠၅။

  • “လူမျိုးတစ်ဆက် လွန်သွားတယ်။ လူမျိုးတစ်ဆက် ပေါ်လာတယ်။ ကမ္ဘာမြေကတော့ ထာဝစဉ်တည်တယ်။” ​—⁠ဒေသနာ ၁:⁠၄။

  • “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”​—⁠ဆာလံ ၃၇:⁠၂၉။

  • “ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။” ​—⁠ဆာလံ ၇၂:⁠၁၆။

အဲဒီကျမ်းချက်တွေဟာ ရှင်းလင်းတဲ့ အဖြေတွေပါပဲ။ လေထုညစ်ညမ်းမှု၊ အစာရေစာပြတ်လပ်မှု၊ ကမ္ဘာချီ ကပ်ရောဂါဘေးတွေကြောင့် လူသားတွေ ပျက်သုဉ်းပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ကမ္ဘာမြေဟာ နျူကလီးယားလက်နက်တွေကြောင့် မီးလောင်ပြာကျသွားမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ။ ဘုရားသခင်ဟာ ကမ္ဘာမြေရဲ့ အခြေအနေကို ထိန်းချုပ်ထားလို့ပဲ။ လူတွေကို လွတ်လပ်စွာရွေးချယ်ခွင့် ပေးထားတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေအတွက် အကျိုးဆက်ကိုတော့ ပြန်ရိတ်သိမ်းရမယ်။ (ဂလာတိ ၆:⁠၇) ကမ္ဘာကြီးဟာ အရှိန်ထိန်းမရလို့ ဇာတ်သိမ်းမလှ ပျက်စီးသွားမယ့် ရထားတစ်စင်းနဲ့ မတူဘူး။ လူလူချင်း ထိခိုက်နစ်နာအောင် လုပ်နေတာကို အတိုင်းအတာတစ်ခုအထိပဲ ဘုရားသခင် ခွင့်ပြုမယ်။​—⁠ဆာလံ ၈၃:၁၈။ ဟီဘရူး ၄:⁠၁၃။

ဘုရားသခင်ဟာ ဒီထက်မက လုပ်ဆောင်ပေးမယ်၊ “များပြားလှတဲ့ ငြိမ်သက်ခြင်း” ရှိစေမယ်။ (ဆာလံ ၃၇:၁၁) ဒီဆောင်းပါးမှာ ဖော်ပြထားရာတွေဟာ တောက်ပတဲ့ အနာဂတ်ရဲ့ အရိပ်အမြွက်ပဲ ရှိပါသေးတယ်။ သန်းနဲ့ချီရှိတဲ့ ယေဟောဝါသက်သေတွေက အဲဒီအနာဂတ်အကြောင်း ကျမ်းစာကနေ သိထားကြတယ်။

ယေဟောဝါသက်သေတွေဆိုတာ လူမျိုးပေါင်းစုံ၊ အသက်အရွယ်အသီးသီး ပါဝင်တဲ့ ကမ္ဘာချီအဖွဲ့အစည်းတစ်ခုပဲ။ သူတို့ဟာ ယေဟောဝါလို့ခေါ်တဲ့ တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားကို ကိုးကွယ်ကြတယ်။ အနာဂတ်ကိုလည်း တွေးပူမနေကြဘူး။ ကျမ်းစာမှာ ဒီလိုပြောထားလို့ပဲ– “ယေဟောဝါဟာ မိုးကောင်းကင်ကို ဖန်ဆင်းတဲ့အရှင်၊ စစ်မှန်တဲ့ ဘုရားသခင်၊ ကမ္ဘာမြေကို ပုံသွင်းတဲ့အရှင်၊ ကမ္ဘာမြေကို အခိုင်အမာတည်တဲ့အရှင်ပဲ။ ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့တဲ့အရှင်ပဲ။ ကိုယ်တော်ပြောတာက ‘ငါဟာ ယေဟောဝါပဲ။ ငါကလွဲလို့ တခြားဘုရား မရှိဘူး။’”​—⁠ဟေရှာယ ၄၅:⁠၁၈။

ဒီဆောင်းပါးမှာ ကမ္ဘာမြေနဲ့ လူသားတွေရဲ့ အနာဂတ်အကြောင်း ကျမ်းစာသွန်သင်ရာကို ရှင်းပြထားတယ်။ ပိုသိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ လူမျိုးအားလုံးအတွက် သတင်းကောင်း စာစောင်ရဲ့ အခန်း ၅ ကို ကြည့်ပါ။ www.pr2711.com/mya မှာလည်း ကြည့်နိုင်တယ်။

www.pr2711.com/mya မှာ ကမ္ဘာကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့တာလဲ ဆိုတဲ့ ဗီဒီယိုကိုလည်း ကြည့်နိုင်တယ်။ (စာအုပ်စာပေများ > ဗီဒီယိုများ ခေါင်းစဉ်အောက်မှာ ကြည့်ပါ)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ