ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၁ အမှတ် ၃ စာ. ၁၂-၁၄
  • လုံခြုံစိတ်ချရတဲ့ အနာဂတ်အတွက် လမ်းညွှန် ရှိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုံခြုံစိတ်ချရတဲ့ အနာဂတ်အတွက် လမ်းညွှန် ရှိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကောင်းဆုံး လမ်းညွှန် ရနိုင်တဲ့ နေရာ
  • သမ္မာကျမ်းစာ ပြောဆိုရာ
    နိုးလော့!—၂၀၁၇
  • ဘုရားသခင်နှစ်သက်လက်ခံသည့် စစ်မှန်သောသွန်သင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • အမှားနဲ့ အမှန်– စိတ်ချရတဲ့ လမ်းညွှန် ကျမ်းစာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၄
  • ယုံကြည်စိတ်ချလောက်သော လမ်းပြမှုကို သင်အဘယ်မှာ ရှာတွေ့နိုင်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
ကလ၂၁ အမှတ် ၃ စာ. ၁၂-၁၄
လူတစ်ယောက် သမ္မာကျမ်းစာ ဖတ်နေစဉ်။

လုံခြုံစိတ်ချရတဲ့ အနာဂတ်အတွက် လမ်းညွှန် ရှိသလား

ရှေ့ဆောင်းပါးတွေမှာ ဖတ်ခဲ့ရတဲ့အတိုင်း လူတွေဟာ ပိုကောင်းတဲ့ အနာဂတ်ရဖို့ ကံကြမ္မာ၊ ပညာရေး၊ စည်းစိမ်ဥစ္စာတွေကို လိုက်စားကြတယ်။ လူကောင်းဖြစ်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ အဲဒါတွေ လုပ်တာက ကိုယ်မသိတဲ့ နေရာတစ်ခုကို သွားဖို့ မှားနေတဲ့မြေပုံ သုံးတာနဲ့ တူတယ်။ ဒါဆိုရင် အနာဂတ်အတွက် စိတ်ချရတဲ့ လမ်းညွှန် မရှိတော့ဘူးလား။ မဟုတ်ပါဘူး။

အကောင်းဆုံး လမ်းညွှန် ရနိုင်တဲ့ နေရာ

လူတွေဟာ ဆုံးဖြတ်ချက် ချတော့မယ်ဆိုရင် ကိုယ့်ထက်အသက်ကြီးသူ၊ ဉာဏ်ပညာရှိသူနဲ့ တိုင်ပင်တတ်ကြတယ်။ အဲဒီလိုပဲ အနာဂတ်အတွက် စိတ်ချရတဲ့ လမ်းညွှန်ကို ကျွန်တော်တို့ထက် ပိုအသက်ကြီးပြီး ဉာဏ်ပညာရှိသူဆီက ရနိုင်ပါတယ်။ အဲဒီပုဂ္ဂိုလ်ရဲ့ အကြံဉာဏ်တွေကို လွန်ခဲ့တဲ့ အနှစ် ၃,၅၀၀ ကျော်က စရေးခဲ့တဲ့ စာအုပ်မှာ တွေ့နိုင်ပါတယ်။ အဲဒီစာအုပ်ကို သမ္မာကျမ်းစာလို့ ခေါ်တယ်။

သမ္မာကျမ်းစာကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ အကြောင်းကတော့ သမ္မာကျမ်းစာဟာ စကြဝဠာမှာ အသက်အကြီးဆုံး၊ ဉာဏ်ပညာအရှိဆုံး ပုဂ္ဂိုလ်ဆီက လာတာဖြစ်လို့ပဲ။ အဲဒီပုဂ္ဂိုလ်ကို “အသက်အကြီးဆုံးအရှင်၊” “ထာဝစဉ်ထာဝရ ဘုရားသခင်” လို့ ဖော်ပြထားတယ်။ (ဒံယေလ ၇:၉။ ဆာလံ ၉၀:၂) “မိုးကောင်းကင်ကို ဖန်ဆင်းတဲ့အရှင်၊ စစ်မှန်တဲ့ ဘုရားသခင်၊ ကမ္ဘာမြေကို ပုံသွင်းတဲ့အရှင်” လို့လည်း ဖော်ပြထားတယ်။ (ဟေရှာယ ၄၅:၁၈) မိမိရဲ့ နာမည်ဟာ ယေဟောဝါ ဆိုတာကို ပြောပြထားတယ်။—ဆာလံ ၈၃:၁၈။

သမ္မာကျမ်းစာဟာ လူအားလုံးကို ဖန်ဆင်းတဲ့ ဖန်ဆင်းရှင်ဆီက လာတာဖြစ်လို့ ယဉ်ကျေးမှုတစ်ခု၊ လူမျိုးတစ်မျိုးက နောက်တစ်မျိုးထက် သာတယ်လို့ မဖော်ပြထားဘူး။ သမ္မာကျမ်းစာဟာ အချိန်တိုင်းမှာ မှန်ကန်ပြီး လူမျိုးအားလုံးအတွက် အကျိုးရှိတယ်။ ဘယ်စာအုပ်ထက်မဆို ဘာသာစကား အရေအတွက်၊ ထုတ်ဝေတဲ့ စောင်ရေ ပိုများတယ်။a ဆိုလိုတာက နေရာတိုင်းက လူတွေဟာ သမ္မာကျမ်းစာကို အလွယ်တကူ ရနိုင်တယ်။ သမ္မာကျမ်းစာရဲ့ လမ်းညွှန်မှုကို ခံယူနိုင်တယ်။ ဒီအချက်က ကျမ်းစာကိုယ်နှိုက်ရဲ့ အဆိုနဲ့ ကိုက်ညီတယ်။

“ဘုရားသခင် မျက်နှာမလိုက်[ဘူး]။ ဘယ်လူမျိုးဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မှန်ရာလုပ်မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်လက်ခံမှုကို ရတာပဲ။” —တမန်တော် ၁၀:၃၄၊ ၃၅။

မေတ္တာရှိပြီး ဂရုစိုက်စောင့်ရှောက်တဲ့ မိဘလိုပဲ ယေဟောဝါဟာ သမ္မာကျမ်းစာကတစ်ဆင့် ကျွန်တော်တို့ကို ကူညီပေးတယ်။ (၂ တိမောသေ ၃:၁၆) ဘုရားသခင့် နှုတ်ထွက်စကားကို ယုံကြည်စိတ်ချနိုင်ပါတယ်။ ဘုရားက ကျွန်တော်တို့ကို ဖန်ဆင်းထားလို့ ကျွန်တော်တို့အတွက် အကောင်းဆုံး ဘဝလမ်းစဉ်ကို သိတယ်။

ယုံကြည်စိတ်ချရတဲ့ လမ်းညွှန်

ရုပ်ပုံများ– ၁။ လူတစ်ယောက် မြေအောက်ရထားစီးရင်း ဖုန်းထဲက စာကို ဖတ်နေစဉ်။ ၂။ သူ့ဖုန်းမှာ ကျမ်းစာသားတွေ ပေါ်နေ။

သမ္မာကျမ်းစာဟာ အနာဂတ်အတွက် ယုံကြည်စိတ်ချရတဲ့ လမ်းညွှန်ပါ။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ လောက်ကတည်းက အခုအချိန်မှာ ဖြစ်ပျက်မယ့် အဖြစ်အပျက်တွေ၊ မြင်တွေ့ရမယ့် အမူအကျင့်တွေကို ကြိုပြောထားတယ်။ ကြိုပြောထားတဲ့အတိုင်း တကယ် ဖြစ်ပျက်နေပြီ။

အဖြစ်အပျက်များ

“လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။ ငလျင်တွေ အကြီးအကျယ် လှုပ်လိမ့်မယ်။ အစာခေါင်းပါးမှုတွေ၊ ကပ်ရောဂါဘေးတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။”—လုကာ ၂၁:၁၀၊ ၁၁။

အမူအကျင့်များ

“နောက်ဆုံးကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ ဝါကြွားသူ၊ မောက်မာသူ၊ ဘုရားကို စော်ကားပြောဆိုသူ၊ မိဘစကား နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ ချစ်ခင်တွယ်တာစိတ် မရှိသူ၊ ညှိနှိုင်းလို့မရသူ၊ သွားပုပ်လေလွင့်ပြောသူ၊ မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ရာကို မုန်းတီးသူ၊ သစ္စာဖောက်သူ၊ တဇောက်ကန်းနိုင်သူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို မချစ်ဘဲ အပျော်အပါးကိုသာ နှစ်သက်သူ ဖြစ်ကြလိမ့်မယ်။”—၂ တိမောသေ ၃:၁-၄။

သမ္မာကျမ်းစာမှာ ကြိုဟောထားတဲ့အချက်တွေ ဘာကြောင့် ဒီလောက် တိတိကျကျ ပြည့်စုံနေသလဲ။ ဟောင်ကောင်က လျောင် ပြောတဲ့စကားကို သင်လည်း သဘောတူမှာပါ။ သူ ဒီလိုပြောတယ်– “သမ္မာကျမ်းစာ ကြိုဟောချက်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဟောခဲ့တာ။ လူသာဆိုရင် ဒီလို တိတိကျကျ ပြောနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ထက် ပိုပညာရှိတဲ့ ပုဂ္ဂိုလ် ပြောတာပဲ ဖြစ်ရမယ်။”

သမ္မာကျမ်းစာထဲမှာ ပြည့်စုံပြီးသွားတဲ့ ကြိုဟောချက် ရာနဲ့ချီ ရှိတယ်။b အဲဒီ ကြိုဟောချက်တွေက သမ္မာကျမ်းစာဟာ ဘုရားရဲ့ နှုတ်ထွက်စကားဖြစ်မှန်း သက်သေထူတယ်။ “ငါဟာ ဘုရားသခင်ပဲ။ ငါ့လိုဘုရားမျိုး မရှိဘူး။ နောက်ဆုံးရလဒ်ကို အစကတည်းက ငါကြိုဟောခဲ့တယ်” လို့ ယေဟောဝါဘုရား ပြောတယ်။ (ဟေရှာယ ၄၆:၉၊ ၁၀) ဒါကြောင့် သမ္မာကျမ်းစာမှာပါတဲ့ အနာဂတ်အကြောင်း ကြိုဟောချက်တွေကိုလည်း ယုံကြည်စိတ်ချနိုင်ပါတယ်။

အခုနဲ့ ထာဝစဉ် အကျိုးပြုမယ့် လမ်းညွှန်ချက်

မိဘနဲ့ ကလေးနှစ်ယောက် လက်တွဲပြီး ကွင်းပြင်မှာ ပျော်ပျော်ရွှင်ရွှင် ပြေးနေကြစဉ်။

သမ္မာကျမ်းစာမှာပါတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရင် အကျိုးခံစားရမယ်။ နမူနာတချို့ကို သုံးသပ်ကြည့်ပါ။

ငွေနဲ့ အလုပ်အတွက် အကြံပြုချက်

“လက်တစ်ဆုပ်စာ အနားယူရတာဟာ လက်နှစ်ဆုပ်စာ တပင်တပန်း လုပ်ဆောင်ပြီး လေကိုဖမ်းဆုပ်ဖို့ အားထုတ်နေတာထက် ပိုကောင်းတယ်။”—ဒေသနာ ၄:၆။

မိသားစုဘဝအတွက် အကြံပြုချက်

“ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။ ဇနီးကလည်း ခင်ပွန်းကို အလွန်ရိုသေရမယ်။”—ဧဖက် ၅:၃၃။

ပေါင်းသင်းဆက်ဆံရေးအတွက် အကြံပြုချက်

“အမျက်မထွက်နဲ့။ ဒေါသူပုန်မထနဲ့။ စိတ်မပျက်ပါနဲ့။ မကောင်းမှုတွေ မလုပ်နဲ့။”—ဆာလံ ၃၇:၈။

သမ္မာကျမ်းစာမှာပါတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရင် အခုအချိန်မှာလည်း အကျိုးကျေးဇူးတွေ ခံစားရမယ်။ လုံခြုံစိတ်ချရတဲ့ အနာဂတ်လည်း ရရှိမယ်။ သမ္မာကျမ်းစာမှာ ဘုရားကတိပေးထားတဲ့ သိပ်ကောင်းတဲ့ အနာဂတ်အကြောင်း ပါတယ်။

ငြိမ်းချမ်း လုံခြုံစွာ နေထိုင်ရမယ်

“များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။”—ဆာလံ ၃၇:၁၁။

လူတိုင်းမှာ နေစရာ၊ စားစရာ ရှိမယ်

“လူတွေက အိမ်တွေဆောက်ပြီး ကိုယ်တိုင်နေထိုင်ရလိမ့်မယ်။ စပျစ်ခြံတွေစိုက်ပြီး စပျစ်သီးတွေကို ကိုယ်တိုင်စားသုံးရလိမ့်မယ်။”—ဟေရှာယ ၆၅:၂၁။

အဖျားအနာနဲ့ သေခြင်း ရှိတော့မှာ မဟုတ်ဘူး

“သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာဒိတ် ၂၁:၄။

အဲဒီလို အနာဂတ်မျိုးရဖို့ ဘာလုပ်ရမလဲ။ နောက်ဆောင်းပါးမှာ ဖတ်ကြည့်ပါ။

a ကျမ်းစာ ဘာသာပြန်ခြင်းနဲ့ ဖြန့်ချိခြင်းအကြောင်း ပိုသိချင်ရင် www.pr2711.com/my ထဲက သမ္မာကျမ်းစာ သွန်သင်ချက်များ > သမိုင်းနဲ့ သမ္မာကျမ်းစာ မှာကြည့်ပါ။

b ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေများ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ—ဘုရားသခင့် နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော စာအုပ် အခန်း ၉ ကိုကြည့်ပါ။ www.pr2711.com/my ထဲက စာကြည့်တိုက် > စာအုပ်စာစောင်များမှာ တွေ့နိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ