ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၈ အမှတ် ၁ စာ. ၁၀-၁၁
  • ခွင့်လွှတ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခွင့်လွှတ်ခြင်း
  • နိုးလော့!—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအခြေခံမူတွေ တကယ် အသုံးဝင်
  • ခွင့်လွှတ်တယ်ဆိုတာ ဘာကိုပြောတာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ‘အချင်းချင်း အပြစ်ကိုလွှတ်ကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • အဘယ်ကြောင့်ခွင့်လွှတ်လိုစိတ်ရှိသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • အကြွင်းမဲ့ ခွင့်လွှတ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၈
န၁၈ အမှတ် ၁ စာ. ၁၀-၁၁
အမျိုးသမီးတစ်ယောက် မိတ်ဆွေကို ခွင့်လွှတ်

ပျော်ရွှင်မှု ရစေတဲ့လမ်း

ခွင့်လွှတ်ခြင်း

“အချင်းချင်း ဆဲဆိုအော်ငေါက်တတ်တဲ့ မိသားစုမှာ ကြီးပြင်းလာတယ်။ ကျွန်မ ခွင့်မလွှတ်တတ်ဘူး။ အရွယ်ရောက်လာတော့လည်း အိပ်ရေးပျက်ခံပြီး ရက်အတန်ကြာ စိတ်နာစရာပဲ တွေးနေတတ်တယ်” လို့ ပက်ထရစ်ရှာ ပြောပြတယ်။ ဒေါသနဲ့ အငြိုးအတေး ပြည့်နေတဲ့ဘဝဟာ ပျော်ရွှင်မှု မပေးသလို ကျန်းမာရေးလည်း ထိခိုက်စေတယ်။ လေ့လာမှုတွေအရ ခွင့်မလွှတ်တတ်တဲ့သူတွေဟာ . . .

  • ဒေါသစိတ်၊ နာကြည်းစိတ်ကြောင့် မိတ်ပျက်ရတယ်၊ အထီးကျန်တယ်

  • စိတ်ဆိုးလွယ်တယ်၊ စိတ်ပူတတ်တယ်၊ စိတ်ကျဝေဒနာတောင် ခံစားတတ်တယ်

  • မပျော်နိုင်လောက်အောင် အမှားကိုပဲ အာရုံစိုက်လွန်းတတ်တယ်

  • ခွင့်မလွှတ်လို့ အပြစ်ရှိတယ်လို့ ခံစားရတယ်

  • စိတ်ဖိစီးမှု များလာတယ်။ သွေးတိုး၊ နှလုံးရောဂါ၊ လေးဖက်နာ၊ ခေါင်းကိုက်ဝေဒနာစတဲ့ ကျန်းမာရေးပြဿနာတွေ ခံစားရတတ်တယ်a

ခွင့်လွှတ်ခြင်းဆိုတာ ဘာလဲ။ ခွင့်လွှတ်ခြင်းဆိုတာ အပြစ်ကျူးလွန်သူကို ဗွေမယူခြင်း၊ အငြိုးအာဃာတ မထားခြင်း၊ လက်တုံ့မပြန်ခြင်းကို ဆိုလိုတယ်။ အမှားကို လျစ်လျူရှုခြင်း၊ လျှော့ပေါ့စေခြင်း၊ ဘာမှ မဖြစ်သယောင် ဟန်ဆောင်ခြင်းကို မဆိုလိုဘူး။ ခွင့်လွှတ်ခြင်းဆိုတာ သူတစ်ပါးနဲ့ သင့်မြတ်ဖို့၊ ဆက်ဆံရေးကောင်း ရှိနေစေဖို့ သေသေချာချာ စဉ်းစားရွေးချယ်မှု ဖြစ်တယ်။

ခွင့်လွှတ်ခြင်းက နားလည်ပေးတတ်ခြင်းလည်း ဖြစ်တယ်။ ကျွန်တော်တို့အားလုံး ပြောမှားဆိုမှား၊ လုပ်မှားတတ်ကြတယ်ဆိုတာ ခွင့်လွှတ်တတ်တဲ့သူ သိနားလည်တယ်။ (ရောမ ၃:၂၃) အဲဒါကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီးသည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။”—ကောလောသဲ ၃:၁၃။

ခွင့်လွှတ်ခြင်းဆိုတာ “စည်းလုံးခြင်းအတွက် ခိုင်မြဲတဲ့ နှောင်ကြိုး” ချစ်ခြင်းမေတ္တာရဲ့ အရေးကြီးတဲ့ အသွင်အပြင်တစ်ခု ဖြစ်တယ်။ (ကောလောသဲ ၃:၁၄) Mayo ဆေးခန်းဝက်ဘ်ဆိုက်အရ ခွင့်လွှတ်ခြင်းက . . .

  • ပြစ်မှားသူကို ထောက်ထား၊ စာနာ၊ နားလည်ပေးတယ်။ ဆက်ဆံရေးကောင်း ရှိစေတယ်

  • စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း တိုးတက်ကောင်းမွန်စေတယ်

  • ပူပင်သောက၊ စိတ်ဖိစီးမှု၊ ရန်လိုမှုတို့ လျော့နည်းစေတယ်

  • စိတ်ကျဝေဒနာ လျော့နည်းစေတယ်

ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ။ Disability & Rehabilitation အရ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ခြင်းဟာ “အခက်အခဲဆုံး” ဖြစ်နိုင်ပေမဲ့ ကိုယ်စိတ်နှစ်ဖြာ “ကျန်းမာရေးအတွက် အရေးကြီးဆုံး ဖြစ်တယ်။” ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

  • ပြီးပြည့်စုံလင်သူဖြစ်ဖို့ မမျှော်လင့်ပါနဲ့။ ဘယ်သူမှ အမှားနဲ့ မကင်းနိုင်ကြောင်း လက်ခံပါ။—ဒေသနာ ၇:၂၀

  • နောက်တစ်ကြိမ် ထပ်မမှားစေဖို့ ကိုယ့်အမှားတွေကနေ သင်ခန်းစာ ယူပါ

  • စိတ်ရှည်ပါ။ တချို့အားနည်းချက်၊ အကျင့်ဆိုးတွေကို ညတွင်းချင်း မဖျောက်နိုင်ဘူး။—ဧဖက် ၄:၂၃၊ ၂၄

  • အားပေးတတ်တဲ့၊ အပြုသဘောရှိတဲ့၊ ကြင်ကြင်နာနာ၊ ရိုးရိုးသားသား တည့်မတ်ပေးနိုင်တဲ့ မိတ်ဆွေတွေနဲ့ ပေါင်းပါ။—ပညာအလိမ္မာ ၁၃:၂၀

  • တစ်ယောက်ယောက်ကို စိတ်ထိခိုက်အောင် လုပ်မိရင် ကိုယ့်အမှားကို ဝန်ခံပါ၊ ချက်ချင်း တောင်းပန်ပါ။ သင့်မြတ်သွားရင် စိတ်ငြိမ်သက်မှု ခံစားရပါလိမ့်မယ်။—မဿဲ ၅:၂၃၊ ၂၄

ကျမ်းစာအခြေခံမူတွေ တကယ် အသုံးဝင်

ကျမ်းစာ လေ့လာပြီးတဲ့နောက် ပက်ထရစ်ရှာဟာ ခွင့်လွှတ်တတ်လာတယ်။ “ကျွန်မဘဝကို အဆိပ်သင့်စေတဲ့ ဒေါသကနေ ရုန်းထွက်နိုင်ပြီလို့ ခံစားရတယ်။ အခု ထိခိုက်ခံစားမနေတော့ဘူး၊ တခြားသူတွေကိုလည်း ထိခိုက်မခံစားစေတော့ဘူး။ ကျွန်မတို့ကို ဘုရားသခင် ချစ်မှန်း၊ အကောင်းဆုံး ဖြစ်စေချင်မှန်း ကျမ်းစာအခြေခံမူတွေက ဖော်ပြတယ်။”

ရွန် ဒီလိုပြောတယ်– “တခြားသူတွေရဲ့ အတွေးတွေ၊ လုပ်ရပ်တွေကို ကျွန်တော် မထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့ ကိုယ့်အတွေး၊ လုပ်ရပ်တွေကို ထိန်းချုပ်လို့ ရတယ်။ သင့်မြတ်ချင်ရင် နာကြည်းစိတ်ကို ဖျောက်ပစ်ရမယ်။ သင့်မြတ်မှုနဲ့ နာကြည်းမှုကို တောင်အရပ်နဲ့ မြောက်အရပ်လို သဘောထားလာတယ်။ နှစ်နေရာလုံးမှာ တစ်ချိန်တည်း မရှိနိုင်ဘူး။ အခုတော့ ကြည်လင်တဲ့သိစိတ် ရှိနေပြီ။”

a ရင်းမြစ်များ။ Mayo ဆေးခန်း။ Johns Hopkins Medicine ဝက်ဘ်ဆိုက်။ Social Psychiatry and Psychiatric Epidemiology ဂျာနယ်။

အဓိကအချက်များ

“အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီးသည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။”​—ကောလောသဲ ၃:၁၃

ခွင့်လွှတ်ခြင်းက . . .

  • ဆက်ဆံရေးကောင်း ရှိစေတယ်၊ စိတ်ငြိမ်သက်မှု ရှိစေတယ်

  • ပူပင်သောက၊ ရန်လိုမှု၊ ဖိစီးမှုတို့ လျော့နည်းစေတယ်

  • ကာယပိုင်း၊ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း တိုးတက်ကောင်းမွန်စေတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ