ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၈ အမှတ် ၂ စာ. ၅
  • ၂ ပူးပေါင်းလုပ်ဆောင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂ ပူးပေါင်းလုပ်ဆောင်ခြင်း
  • နိုးလော့!—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆိုလိုရင်း
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • လျှို့ဝှက်ချက် ၃– ပူးပေါင်းလုပ်ဆောင်မှု
    နိုးလော့!—၂၀၀၉
  • အပြန်အလှန် စေ့စပ်ညှိနှိုင်းနိုင်ပုံ
    နိုးလော့!—၂၀၁၄
  • သဘောထား ကွဲလွဲတဲ့အခါ
    မိသားစုအတွက် အကူအညီ
  • ‘အိမ်ထောင်မင်္ဂလာကို လေးစားရမယ်’
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၈
န၁၈ အမှတ် ၂ စာ. ၅
ဇနီးမောင်နှံနှစ်ယောက် လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးအဖြစ် လေယာဉ်မောင်းနေစဉ်

ပူးပေါင်းလုပ်ဆောင်ခြင်းဆိုတာ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့ ခရီးစဉ်တစ်ခု ပျံသန်း နေတာနဲ့ တူတယ်

ဇနီးမောင်နှံများအတွက်

၂ ပူးပေါင်းလုပ်ဆောင်ခြင်း

ဆိုလိုရင်း

ဇနီးမောင်နှံနှစ်ယောက် အိမ်ထောင်မှာ ပူးပေါင်းလုပ်ဆောင်ရင် လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့ ခရီးစဉ်တစ်ခု ပျံသန်းနေတာနဲ့ တူတယ်။ အခက်အခဲတွေ ပေါ်လာရင်တောင် “ငါ” လို့ မတွေးဘဲ “ငါတို့” လို့ တွေးတတ်တယ်။

ကျမ်းစာ အခြေခံမူ။ “သူတို့ဟာ နှစ်ယောက် မဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်း ဖြစ်သွားပြီ။”—မဿဲ ၁၉:၆။

“အိမ်ထောင်ဆိုတာ တစ်ယောက်တည်းနဲ့ပြီးတဲ့ ကိစ္စမဟုတ်ဘူး။ အောင်မြင်တဲ့အိမ်ထောင် ဖြစ်ဖို့ လင်နဲ့ မယား ပူးပေါင်းလုပ်ဆောင်ရမယ်။”—ခရစ္စတိုဖာ။

ဘာကြောင့် အရေးကြီးသလဲ

ပူးပေါင်းလုပ်ဆောင်ခြင်း မရှိတဲ့ လင်မယားဟာ ပြဿနာ ပေါ်လာတဲ့အခါ ပြဿနာကို မဖြေရှင်းဘဲ တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်ကြတယ်။ အသေးအဖွဲတွေက ပြဿနာကြီးတွေ ဖြစ်လာတတ်တယ်။

“အိမ်ထောင်မှာ ပူးပေါင်းလုပ်ဆောင်ခြင်းက အဓိကကျတယ်။ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိရင် အိမ်ထောင်ဖက် မဟုတ်ဘဲ အခန်းဖော်တွေပဲ ဖြစ်နေမှာ။ အတူနေပေမဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချဖို့ ခက်ခဲနိုင်တယ်။”—အလက်ဇန္ဒြာ။

လုပ်ဆောင်နိုင်ရာ

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ

  • ကိုယ့်ဝင်ငွေတွေကို “ငါ့ငွေ” လို့ပဲ မြင်သလား။

  • အိမ်ထောင်ဖက်နဲ့ ဝေးဝေးနေမှ စိတ်ချမ်းသာသလား။

  • အိမ်ထောင်ဖက်က သူ့ရဲ့ဆွေမျိုးတွေနဲ့ ရင်းရင်းနှီးနှီး ရှိနေပေမဲ့ ကိုယ့်ဘက်က ခပ်ကင်းကင်း နေသလား။

အိမ်ထောင်ဖက်နဲ့ ဆွေးနွေးပါ

  • ဘယ်ကဏ္ဍ (တွေ) မှာ ပူးပေါင်းလုပ်ဆောင်ကြသလဲ။

  • ဘယ်ကဏ္ဍ (တွေ) မှာ တိုးတက်ဖို့ လိုသလဲ။

  • ပူးပေါင်းလုပ်ဆောင်ချင်စိတ် ပိုရှိလာအောင် ဘာတွေ လုပ်နိုင်သလဲ။

အကြံပြုချက်များ

  • သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ ပြိုင်ဘက် တင်းနစ်သမားနှစ်ယောက် မဟုတ်ဘဲ တစ်ဖွဲ့တည်းမှာ တွဲကစားသူတွေလိုဖြစ်ဖို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ စဉ်းစားကြည့်ပါ။

  • ‘ငါ ဘယ်လို နိုင်မလဲ’ မဟုတ်ဘဲ “တို့နှစ်ယောက် ဘယ်လို နိုင်မလဲ’ လို့ စဉ်းစားပါ။

“ဘယ်သူ မှားတယ်၊ မှန်တယ်ဆိုတာကို မစဉ်းစားပါနဲ့။ အဲဒါတွေထက် အိမ်ထောင် စည်းလုံးသာယာဖို့က ပိုအရေးကြီးတယ်။”—အီသန်။

ကျမ်းစာ အခြေခံမူ။ “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။” —ဖိလိပ္ပိ ၂:၃၊ ၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ