ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၈ အမှတ် ၂ စာ. ၇
  • ၄ ခွင့်လွှတ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၄ ခွင့်လွှတ်ခြင်း
  • နိုးလော့!—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆိုလိုရင်း
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • ဘယ်လို ခွင့်လွှတ်ရမလဲ
    နိုးလော့!—၂၀၁၃
  • နာကြည်းစိတ်ကို ဘယ်လို ဖြေဖျောက်မလဲ
    နိုးလော့!—၂၀၁၄
  • လျှို့ဝှက်ချက် ၆– ခွင့်လွှတ်ခြင်း
    နိုးလော့!—၂၀၀၉
  • ‘အချင်းချင်း အပြစ်ကိုလွှတ်ကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၈
န၁၈ အမှတ် ၂ စာ. ၇
ဇနီးမောင်နှံနှစ်ယောက် အတူ မီးငြိမ်းသတ်နေစဉ်

ခွင့်လွှတ်ခြင်းက ရန်မီးကို ငြိမ်းစေတယ်

ဇနီးမောင်နှံများအတွက်

၄ ခွင့်လွှတ်ခြင်း

ဆိုလိုရင်း

ခွင့်လွှတ်ခြင်းဆိုတာ ဗွေမယူခြင်း၊ အငြိုးမထားခြင်းကို ဆိုလိုတယ်။ အမှားကို လျှော့ပေါ့ခြင်း၊ ဘာမှ မဖြစ်သယောင် ဟန်ဆောင်ခြင်းကို မဆိုလိုဘူး။

ကျမ်းစာ အခြေခံမူ။ “အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီးသည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။”—ကောလောသဲ ၃:၁၃။

“တစ်ယောက်ယောက်ကို ချစ်ရင် သူ့အားနည်းချက်တွေကို ကျော်ပြီး ဘယ်လိုလူမျိုးဖြစ်ဖို့ သူ ကြိုးစားနေတယ်ဆိုတာကိုပဲ ကြည့်တတ်တယ်။”—အေရွန်။

ဘာကြောင့် အရေးကြီးသလဲ

အငြိုးထားရင် ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နိုင်တယ်။ အိမ်ထောင်ရေးကိုလည်း ထိခိုက်နိုင်တယ်။

“တစ်ခါတုန်းက ကျွန်မကို အကြီးအကျယ် စိတ်ထိခိုက်စေတဲ့အရာအတွက် ကျွန်မအမျိုးသားက တောင်းပန်တယ်။ တော်တော်နဲ့ ခွင့်မလွှတ်နိုင်ဘူး။ နောက်ဆုံးတော့ ခွင့်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ စောစောစီးစီး ခွင့်မလွှတ်ခဲ့မိလို့ နောင်တရတယ်။ မလိုအပ်ဘဲ အိမ်ထောင်ရေးမှာ အဖုအထစ် ဖြစ်သွားလို့ပါ။”—ဂျူလီယာ။

လုပ်ဆောင်နိုင်ရာ

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ

အိမ်ထောင်ဖက်ရဲ့ အပြော၊ အလုပ်ကြောင့် စိတ်ထိခိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ–

  • ‘ငါ ဆတ်ဆတ်ထိမခံ ဖြစ်နေသလား။’

  • ‘တောင်းပန်ခံရလောက်တဲ့အထိ အရေးကြီးလို့လား။ လျစ်လျူရှုလိုက်နိုင်မလား။’

အိမ်ထောင်ဖက်နဲ့ ဆွေးနွေးပါ

  • အပြန်အလှန် ခွင့်လွှတ်ဖို့ ဘယ်လောက်ကြာတတ်သလဲ။

  • အမြန်ဆုံး ခွင့်လွှတ်နိုင်အောင် ဘာတွေ လုပ်နိုင်မလဲ။

အကြံပြုချက်များ

  • ကိုယ့်ကို စိတ်ထိခိုက်အောင်လုပ်တဲ့အခါ အိမ်ထောင်ဖက်ကို စိတ်ထားမကောင်းဘူးလို့ မသတ်မှတ်လိုက်ပါနဲ့။

  • “ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်” ဆိုတာကို သတိရပြီး အိမ်ထောင်ဖက်ရဲ့ လုပ်ရပ်ကို ခွင့်လွှတ်ဖို့ ကြိုးစားပါ။—ယာကုပ် ၃:၂။

“နှစ်ဖက်စလုံး မှားတဲ့အခါ ခွင့်လွှတ်ဖို့ လွယ်ပေမဲ့ တစ်ဖက်ကပဲ မှားရင်တော့ ခွင့်လွှတ်ဖို့ ခက်တတ်တယ်။ တောင်းပန်တာကိုလက်ခံဖို့၊ ခွင့်လွှတ်ဖို့ စစ်မှန်တဲ့နှိမ့်ချမှု ရှိရမယ်။”—ကင်ဘာလီ။

ကျမ်းစာ အခြေခံမူ။ “ပြေလည်အောင် ချက်ချင်း လုပ်ပါ။”—မဿဲ ၅:၂၅။

အငြိုးထားရင် ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နိုင်တယ်။ အိမ်ထောင်ရေးကိုလည်း ထိခိုက်နိုင်တယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ