ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၈ အမှတ် ၂ စာ. ၈
  • ၅ ပြောဆိုဆက်သွယ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၅ ပြောဆိုဆက်သွယ်ခြင်း
  • နိုးလော့!—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆိုလိုရင်း
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • မိဘနဲ့ သားသမီးတို့၊ မေတ္တာရှိရှိ ပြောဆို ဆက်သွယ်ကြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆက်သွယ်ရေးလမ်းကြောင်းအစဉ်ဖွင့်ထားပါ
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ဘုရားသခင့်ကမ္ဘာသစ်သို့ရောက်ရန် သင့်မိသားစုကိုကြိုးစားထိန်းသိမ်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ၈ စံနမူနာ
    နိုးလော့!—၂၀၁၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၈
န၁၈ အမှတ် ၂ စာ. ၈
သမီးနဲ့ ဆုံဖို့ မိဘတွေ တံတား ဖြတ်ကူးလာစဉ်

ပြောဆိုဆက်သွယ်ခြင်းက တံတားနဲ့ တူတယ်။ မိဘနဲ့သားသမီးကြား ပေါင်းစည်းပေးတယ်။

မိဘများအတွက်

၅ ပြောဆိုဆက်သွယ်ခြင်း

ဆိုလိုရင်း

ပြောဆိုဆက်သွယ်မှုကောင်းရှိတဲ့ မိဘနဲ့သားသမီးတွေက အတွေးအခေါ်၊ ခံစားချက်တွေကို အပြန်အလှန် ဝေမျှကြတယ်။

ဘာကြောင့် အရေးကြီးသလဲ

အထူးသဖြင့် ဆယ်ကျော်သက်တွေနဲ့ ပြောဆိုဆက်သွယ်ဖို့ ခက်နိုင်တယ်။ သားသမီးတွေ ငယ်ရွယ်ချိန်တုန်းက အရာရာကို ပြောပြတတ်ကြတယ်။ ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ သိပ်မပြောတော့လို့ သားသမီးတွေရဲ့ အတွေးတွေ၊ ခံစားချက်တွေကို မသိရဘူး။ မြစ်ကြီးတစ်ခု ခြားနေသလို ဖြစ်သွားပြီ။ တကယ်တော့ ဒီအရွယ်မှာ ပြောဆိုဆက်သွယ်ဖို့ ပိုလိုအပ်တယ်။

လုပ်ဆောင်နိုင်ရာ

သားသမီး ပြောချင်တဲ့အချိန်မှာ နားထောင်ပေးပါ။ ညဉ့်နက်မှ စကားပြောချင်တယ်ဆိုရင်တောင် နားထောင်ပေးလိုက်ပါ။

“‘တစ်နေကုန် ပြောလို့ရရဲ့သားနဲ့ အခုမှ ပြောချင်ရသလား’ လို့ တွေးမိနိုင်တယ်။ ဒါပေမဲ့ သားသမီးတွေဘက်က ရင်ဖွင့်ပြောပြချင်နေတာကို အပြစ်တင်လို့ မရဘူး။ အဲဒီလို ရင်ဖွင့်တာကို မိဘတိုင်း လိုချင်ကြတယ် မဟုတ်လား။”—လီဇာ။

“ကျွန်တော်က စောစောအိပ်ချင်တာ။ ဒါပေမဲ့ ညသန်းခေါင်ကျော်မှ ဆယ်ကျော်သက်ကလေးတွေက ကျွန်တော်နဲ့ စကား ကောင်းကောင်း ပြောဖြစ်တယ်။”—ဟားဘတ်။

ကျမ်းစာ အခြေခံမူ။ “လူတိုင်း ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြပါ။”—၁ ကောရိန္သု ၁၀:၂၄။

အာရုံမပျံ့လွင့်စေပါနဲ့။ ဖခင်တစ်ယောက် ဒီလိုဝန်ခံတယ်– “သားသမီးတွေ စကားပြောနေတုန်း ကျွန်တော့်စိတ်တွေ တခြားကို ရောက်သွားတဲ့အခါတွေ ရှိတယ်။ သူတို့ကို လိမ်လို့မရဘူး။ သူတို့ သိတယ်။”

အဲဒီလို ဖြစ်တတ်ရင် တီဗီ ပိတ်ထားပါ။ အီလက်ထရောနစ်ပစ္စည်းတွေ ချထားပါ။ ကလေး ပြောနေတာ အသေးအဖွဲကိစ္စ ဖြစ်ပုံရရင်တောင် အပြည့်အဝ အာရုံစိုက်နားထောင်ပေးပါ။

“သားသမီးတွေရဲ့ ခံစားချက်တွေကို မိဘတွေ အလေးထားကြောင်း သိစေပါ။ မဟုတ်ရင် သူတို့ရဲ့ ခံစားချက်တွေကို ထုတ်မပြောတော့ဘဲ တခြားသူတွေကိုပဲ ပြောပြကြလိမ့်မယ်။”—မာရန်ဒါ။

“သားသမီးတွေရဲ့ အတွေးအခေါ် မှားနေရင်တောင် လွန်လွန်ကဲကဲ မတုံ့ပြန်ပါနဲ့။”—အန်ထော်နီ။

ကျမ်းစာ အခြေခံမူ။ “အာရုံစိုက်နားထောင်နေရဲ့လားဆိုတာ သတိပြုပါ။”—လုကာ ၈:၁၈။

ပေါ်လာတဲ့အခွင့်အရေးကို အမိအရ ယူပါ။ တစ်ခါတလေ သားသမီးတွေဟာ မိဘတွေနဲ့ မျက်နှာချင်းဆိုင် မဟုတ်တဲ့အခါတွေမှာ ပိုပြောဆိုတတ်ကြတယ်။

“ကားစီးတဲ့အခါတွေမှာ စကားပြောဖြစ်တယ်။ မျက်နှာချင်းဆိုင် မဟုတ်ဘဲ ဘေးချင်းယှဉ် ထိုင်တဲ့အခါမှာ ပြောလို့ဆိုလို့ ပိုကောင်းတယ်။”—နီကိုး။

ထမင်းစားချိန်မှာလည်း စကားလက်ဆုံကျဖို့ အခွင့်အရေးရနိုင်တယ်။

“ညစာစားချိန်မှာ တစ်နေ့တာရဲ့ အကောင်းဆုံး၊ အဆိုးဆုံး ဖြစ်ရပ်တွေကို ပြောဖြစ်ကြတယ်။ ဒါက စည်းလုံးစေတယ်။ ပြဿနာတွေကို တစ်ယောက်တည်း ရင်ဆိုင်နေရတာ မဟုတ်မှန်း သိစေတယ်။”—ရော်ဘင်။

ကျမ်းစာ အခြေခံမူ။ “နားထောင်ဖို့ အမြဲအသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။”—ယာကုပ် ၁:၁၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ