ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၈ အမှတ် ၂ စာ. ၁၁
  • ၈ စံနမူနာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၈ စံနမူနာ
  • နိုးလော့!—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆိုလိုရင်း
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • သားသမီးလေ့ကျင့်ရေးတွင် သမ္မာကျမ်းစာ ကူညီပေးနိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • မိဘတို့၊ သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • မိဘတို့ သားသမီးတွေကို ထိန်းကျောင်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကလေးတွေကို ဘုရားသခင်အကြောင်း သင်ပေးနိုင်ပုံ—ဘယ်နည်းစနစ်က အထိရောက်ဆုံးလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၈
န၁၈ အမှတ် ၂ စာ. ၁၁
သမီးငယ်က နှင်းတောထဲမှာ ဖခင်ရဲ့ ခြေရာအတိုင်း လိုက်နင်းသွားနေစဉ်

သားသမီးတွေအတွက် ဘယ်လိုလမ်းစဉ်မျိုး ချမှတ်ပေးနေသလဲ

မိဘများအတွက်

၈ စံနမူနာ

ဆိုလိုရင်း

စံပြမိဘတွေဟာ သားသမီးတွေကို သင်ပေးတဲ့အတိုင်း နေထိုင်ကြတယ်။ ဥပမာ၊ ကိုယ်စကားမပြောချင်တဲ့သူ အိမ်ကိုလာတယ် ဆိုပါစို့။ “မိဘတွေ အိမ်မှာမရှိဘူးလို့ ပြောလိုက်” လို့ပြောခိုင်းရင် သားဖြစ်သူကို အမှန်အတိုင်း ပြောတတ်ဖို့ သင်ပေးနိုင်မှာ မဟုတ်ဘူး။

“‘ငါပြောသလို လုပ်၊ ငါလုပ်သလို မလုပ်နဲ့’ ဆိုတဲ့အဆို ရှိတယ်။ ဒီအဆိုဟာ သားသမီးတွေအတွက် အကျိုးမရှိဘူး။ သားသမီးတွေဟာ ရေမြှုပ်နဲ့ တူတယ်။ လူကြီးတွေရဲ့ အပြောအဆို၊ အပြုအမူတွေကို အတုမြင်အတတ်သင်တတ်ကြတယ်။ လူကြီးတွေ အပြောနဲ့ အလုပ် မညီတဲ့အခါ ထောက်ပြတတ်ကြတယ်။”—ဒေးဗစ်။

ကျမ်းစာ အခြေခံမူ။ “‘မခိုးနဲ့’ လို့ သူတစ်ပါးကို ဆုံးမပြီး ဘာလို့ ကိုယ်တိုင် ခိုးနေသလဲ။”—ရောမ ၂:၂၁။

ဘာကြောင့် အရေးကြီးသလဲ

ရွယ်တူတွေအပါအဝင် တခြားသူအားလုံးထက် ကလေးတွေ၊ ဆယ်ကျော်သက်တွေအပေါ် ပိုဩဇာလွှမ်းနိုင်သူက မိဘတွေဖြစ်တယ်။ ဒါကြောင့် မိဘတွေသာ အပြောနဲ့အလုပ် ညီမယ်ဆိုရင် သားသမီးတွေ လမ်းမှန်ပေါ် ရှိနေစေဖို့ အကောင်းဆုံးလမ်းပြနိုင်မယ်။

“အကြိမ်တစ်ရာလောက် ပြောနေရတော့ ကလေး နားမှထောင်ရဲ့လားလို့ တွေးမိနိုင်တယ်။ ဒါပေမဲ့ ပြောတဲ့အတိုင်း တစ်ကြိမ်တစ်ခါလောက် ကိုယ်မလုပ်ရင် ထောက်ပြကြလိမ့်မယ်။ လူကြီးတွေ လုပ်သမျှကို ကလေးတွေ ဂရုမစိုက်ဘူးလို့ ထင်ရရင်တောင် တကယ်တော့ ဂရုစိုက်ကြည့်နေတတ်ကြတယ်။”—နီကိုး။

ကျမ်းစာ အခြေခံမူ။ “အထက်ကလာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့သူဟာ . . . သူတော်ကောင်းအဖြစ် ဟန်မဆောင်ဘူး။”—ယာကုပ် ၃:၁၇။

လုပ်ဆောင်နိုင်ရာ

ကိုယ့်စံနှုန်းတွေကို ဆန်းစစ်ပါ။ ဘယ်လို ဖျော်ဖြေမှုတွေကို ကြည့်တတ်သလဲ။ ကိုယ့်အိမ်ထောင်ဖက်နဲ့ သားသမီးတွေကို ဘယ်လို ဆက်ဆံသလဲ။ ကိုယ်ချင်းစာတတ်သူလား။ ဘယ်လို မိတ်ဆွေမျိုး ရှိသလဲ။ အတိုချုပ်ပြောရရင် သားသမီးတွေကို ဖြစ်စေချင်တဲ့လူစားမျိုး ကိုယ်တိုင် ဖြစ်နေရဲ့လား။

“ကျွန်မတို့လင်မယားက ကိုယ်,မလိုက်နိုင်တဲ့ စံနှုန်းတွေကို သားသမီးတွေအတွက် မချမှတ်ပေးဘူး။”—ခရစ္စတင်း။

အမှားတွေအတွက် တောင်းပန်ပါ။ သင်ဟာ ပြည့်ဝစုံလင်သူ မဟုတ်မှန်း သားသမီးတွေ သိထားတယ်။ တောင်းပန်သင့်တဲ့အချိန်မှာ အိမ်ထောင်ဖက်ကိုဖြစ်စေ၊ သားသမီးကိုဖြစ်စေ “တောင်းပန်ပါတယ်” လို့ပြောမယ်ဆိုရင် ရိုးသားမှု၊ နှိမ့်ချမှု ရှိဖို့လိုကြောင်း သင်ပေးနိုင်မယ်။

“ကျွန်တော်တို့ မှားသွားတဲ့အခါ အမှား ဝန်ခံတာ၊ တောင်းပန်တာကို သားသမီးတွေ ကြားဖို့ လိုတယ်။ မဟုတ်ရင် အမှားကို ဖုံးကွယ်တတ်အောင် သင်ပေးသလို ဖြစ်သွားမယ်။”—ရော်ဘင်။

“မိဘတွေဟာ သားသမီးတွေအပေါ် ဩဇာအလွှမ်းနိုင်ဆုံးသူတွေ ဖြစ်တယ်။ မိဘတွေကို တစ်ချိန်လုံး ကြည့်နေကြလို့ စံနမူနာပြတာ အကောင်းဆုံးပါပဲ။ မိဘတွေရဲ့ ကျင့်ကြံပြုမူပုံနဲ့ သားသမီးတွေကို အမြဲသင်ပေးနိုင်တယ်။”—ဝင်ဒယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ