ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၈ အမှတ် ၂ စာ. ၁၀
  • ၇ စံနှုန်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၇ စံနှုန်းများ
  • နိုးလော့!—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆိုလိုရင်း
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • ကိုယ်ကျင့်တရားစံနှုန်း လိုအပ်ချက်
    နိုးလော့!—၂၀၁၉
  • ကိုယ်ကျင့်တရားကောင်းအောင် ကူညီပေးမယ့်စံနှုန်းများ
    နိုးလော့!—၂၀၁၃
  • ကိုယ်ကျင့်တရားစံနှုန်းတွေကို သားသမီးတွေရဲ့ နှလုံးထဲ စွဲမှတ်သွားအောင် သင်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ၅ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားစံနှုန်း သတ်မှတ်ပါ
    နိုးလော့!—၂၀၁၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၈
န၁၈ အမှတ် ၂ စာ. ၁၀
အဖေနဲ့ သား သံလိုက်အိမ်မြှောင် ကြည့်ပြီး လမ်းရှာနေစဉ်

စံနှုန်းကောင်းတွေဟာ ယုံကြည်စိတ်ချရတဲ့ သံလိုက်အိမ်မြှောင်နဲ့ တူတယ်။ သားသမီးတွေ သွားသင့်တဲ့လမ်းကို ပြညွှန်ပေးနိုင်တယ်။

မိဘများအတွက်

၇ စံနှုန်းများ

ဆိုလိုရင်း

စံနှုန်းဆိုတာ ရွေးချယ်လိုက်လျှောက်တဲ့ ကျင့်ဝတ်စံနှုန်းတွေကို ဆိုလိုတယ်။ ဥပမာ၊ အရာရာမှာ ရိုးသားဖို့ ကြိုးစားနေသလား။ ဒါဆိုရင် သားသမီးတွေကိုလည်း အဲဒီစံနှုန်းကို သင်ပေးချင်မှာပဲ။

စံနှုန်းတွေမှာ လူ့ကျင့်ဝတ်တွေလည်း ပါတယ်။ ဝီရိယရှိဖို့၊ မျှတဖို့၊ စာနာတတ်ဖို့ အရေးကြီးကြောင်း သင်ပေးနိုင်တယ်။ ဒီကျင့်ဝတ်တွေကို ငယ်ရွယ်စဉ်ကတည်းက မွေးမြူတာ အကောင်းဆုံးပဲ။

ကျမ်းစာ အခြေခံမူ။ “ကလေးကို သူသွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ။ အသက်ကြီးလာရင်တောင် အဲဒီလမ်းကို သူစွန့်ခွာမှာ မဟုတ်ဘူး။”—ပညာအလိမ္မာ ၂၂:၆။

ဘာကြောင့် အရေးကြီးသလဲ

နည်းပညာခေတ်မှာ ကိုယ်ကျင့်တရားစံနှုန်းတွေ မရှိမဖြစ်လိုတယ်။ “မိုဘိုင်းပစ္စည်းတွေကတစ်ဆင့် အချိန်မရွေး မကောင်းတဲ့ဩဇာတွေ ဝင်လာနိုင်တယ်။ သားသမီးတွေက ကိုယ့်ဘေးမှာ ထိုင်နေရင်းနဲ့ မတော်လျော်တာတွေ ကြည့်နေနိုင်တယ်” လို့ ကာရင်ဆိုတဲ့ မိခင်တစ်ယောက် ပြောတယ်။

ကျမ်းစာ အခြေခံမူ။ “ရင့်ကျက်သူတွေ . . . ဟာ ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲအသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထားတယ်။”—ဟီဘရူး ၅:၁၄။

လူ့ကျင့်ဝတ်စံနှုန်းတွေလည်း မရှိမဖြစ်လိုတယ်။ (“ကျေးဇူးပြု၍၊” “ကျေးဇူးတင်ပါတယ်” စတဲ့) ယဉ်ကျေးပျူငှာတဲ့စကားတွေ သုံးနှုန်းတာ၊ သူတစ်ပါးကို အလေးထားတာကလည်း လူ့ကျင့်ဝတ်ဖြစ်တယ်။ အခုခေတ်မှာ လူ့ကျင့်ဝတ်ကိုလိုက်နာတဲ့လူတွေ ရှားပါးနေပြီ။ လူလူချင်းထက် ဖုန်းတွေကိုပဲ ပိုအာရုံရောက်နေကြတယ်။

ကျမ်းစာ အခြေခံမူ။ “ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။”—လုကာ ၆:၃၁။

လုပ်ဆောင်နိုင်ရာ

ကိုယ်ကျင့်တရားစံနှုန်းတွေကို ပြောပြပါ။ ဥပမာ၊ လက်မထပ်ခင် လိင်ဆက်ဆံတာ မှားတယ်လို့ ရှင်းရှင်းလင်းလင်း သွန်သင်ခံရတဲ့ ဆယ်ကျော်သက်တွေက အဲဒီလုပ်ရပ်ကို ရှောင်ကြတာ များတယ်လို့ လေ့လာတွေ့ရှိချက်တွေက ဖော်ပြတယ်။

အကြံပြုချက်။ လောလောဆယ်ဖြစ်ရပ်ကို အခြေခံပြီး စံနှုန်းတွေအကြောင်း သင်ပေးပါ။ ဥပမာ၊ သတင်းမှာ လူမျိုးရေးမုန်းတီးမှုကြောင့် ဖြစ်တဲ့ ရာဇဝတ်မှုတွေအကြောင်း ပါလာရင် “တခြားသူတွေအပေါ် အဲဒီလိုဒေါသထွက်တာ ဆိုးဝါးလွန်းတယ်။ လူတွေ ဘာကြောင့် အဲဒီလိုဖြစ်သွားကြတယ်လို့ ထင်သလဲ” ဆိုပြီး မေးနိုင်တယ်။

“ဘယ်ဟာ မှားတယ်၊ ဘယ်ဟာ မှန်တယ်ဆိုတာ သိမထားရင် အမှားနဲ့ အမှန်ကို သားသမီးတွေ ရွေးချယ်ဖို့ ပိုခက်မယ်။”—ဘရန်ဒန်။

လူ့ကျင့်ဝတ်စံနှုန်းတွေကို သင်ပေးပါ။ “ကျေးဇူးပြု၍၊ ကျေးဇူးတင်ပါတယ်” လို့ ပြောတတ်အောင်၊ သူတစ်ပါးကို လေးစားတတ်အောင် ကလေးငယ်တွေ သင်ယူနိုင်ပါတယ်။ “သားသမီးတွေအနေနဲ့ မိသားစု၊ ကျောင်း၊ ရပ်ကွက်အသိုင်းအဝိုင်းမှာ ရှိနေမှန်း သိထားရင် ကိုယ့်အတွက်ပဲ မကြည့်တော့ဘဲ လူတိုင်းအပေါ် ကြင်နာတဲ့လုပ်ရပ်တွေ အလွယ်တကူ လုပ်တတ်လာမယ်” လို့ Parenting Without Borders စာအုပ်မှာ ဖော်ပြထားတယ်။

အကြံပြုချက်။ သူတစ်ပါးအကျိုး ဆောင်တတ်အောင် သင်ပေးဖို့ သားသမီးတွေကို အိမ်အလုပ်တွေ ပေးလုပ်ပါ။

“သားသမီးတွေအနေနဲ့ အခုအချိန်မှာ အိမ်အလုပ်တွေ လုပ်တတ်ရင် ကိုယ့်ဘာသာကိုယ် နေထိုင်တဲ့အခါ ဒုက္ခရောက်မှာ မဟုတ်ဘူး။ တာဝန်ယူတတ်သူတွေ ဖြစ်လာကြမယ်။”—တယ်ရာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ