ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၈ အမှတ် ၂ စာ. ၁၅
  • ၁၂ ပန်းတိုင်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၁၂ ပန်းတိုင်များ
  • နိုးလော့!—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆိုလိုရင်း
  • ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • ငါရည်မှန်းထားတဲ့ ပန်းတိုင်ရောက်အောင် ဘယ်လိုလုပ်နိုင်မလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • သင့်ဖန်ဆင်းရှင်၏ဘုန်းတော်ကို ထင်ရှားစေရန် ဝိညာဉ်ရေးပန်းတိုင်များ အသုံးပြုလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • သင့်ဝိညာဏပန်းတိုင်များ ပြည့်မီစေနိုင်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • လူငယ်တို့—သင်တို့ရဲ့အသက်တာကို ဘယ်လိုအသုံးပြုကြမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၈
န၁၈ အမှတ် ၂ စာ. ၁၅
လူငယ်တစ်ယောက် ပုံစံပြာ ပြင်ဆင်နေစဉ်

ပန်းတိုင်တွေဟာ ပုံစံပြာနဲ့ တူတယ်။ ကြိုးစားရင် တကယ်ဖြစ်လာနိုင်တယ်။

လူငယ်များအတွက်

၁၂ ပန်းတိုင်များ

ဆိုလိုရင်း

ပန်းတိုင်ဆိုတာ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်လောက်ပဲ မဟုတ်ဘူး။ တကယ့်ပန်းတိုင်တွေမှာ အစီအစဉ်ချတာ၊ ပြောင်းသာလဲသာရှိတာ၊ ဖြတ်လမ်းမလိုက်ဘဲ အလုပ်ကြိုးစားတာ ပါဝင်တယ်။

ပန်းတိုင်ရောက်ဖို့ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့ ရေတိုပန်းတိုင်တွေ၊ လအနည်းငယ်ကြာတဲ့ အလယ်အလတ်ပန်းတိုင်တွေ၊ နှစ်နဲ့ချီတဲ့ကြာတဲ့ ရေရှည်ပန်းတိုင်တွေ ရှိတယ်။ ရေတို၊ အလယ်အလတ် ပန်းတိုင်တွေကို ပြည့်မီပြီဆိုရင် ရေရှည်ပန်းတိုင် ပြည့်မီနိုင်မယ်။

ဘာကြောင့် အရေးကြီးသလဲ

ပန်းတိုင်ပြည့်မီခြင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု တိုးစေတယ်။ ခင်မင်ရင်းနှီးမှု တိုးစေတယ်။ ပိုပျော်ရွှင်စေတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု။ ပန်းတိုင်လေးတွေ ချမှတ်ပြီး ပြည့်မီသွားတဲ့အခါ ပန်းတိုင်ကြီးတွေ ချမှတ်ဖို့ ယုံကြည်စိတ်ချမှု ရှိလာတယ်။ ရွယ်တူချင်းဖိအားစတဲ့ နေ့စဉ်ပြဿနာတွေ ကြုံလာရတဲ့အခါမှာလည်း ယုံကြည်စိတ်ချမှု ပိုရှိလာတယ်။

ခင်မင်ရင်းနှီးမှု။ ရည်မှန်းချက် ပန်းတိုင်ရှိတဲ့သူ၊ ကိုယ်လုပ်ချင်တာကို ဖြစ်မြောက်အောင် လုပ်တတ်တဲ့သူနဲ့ လူတွေ ခင်မင်ရင်းနှီးချင်ကြတယ်။ ခင်မင်ရင်းနှီးမှု တိုးစေတဲ့ အကောင်းဆုံး နည်းတစ်နည်းကတော့ ပန်းတိုင်တစ်ခုကို ကိုယ့်မိတ်ဆွေနဲ့အတူ တက်လှမ်းခြင်းပါပဲ။

ပျော်ရွှင်မှု။ ချမှတ်ထားတဲ့ပန်းတိုင်ကို ပြည့်မီတဲ့အခါ ပြီးမြောက်အောင်မြင်တယ်လို့ ခံစားရတယ်။

“ပန်းတိုင်ထားရတာ ကြိုက်တယ်။ ပန်းတိုင်ရှိရင် လုပ်စရာ၊ ကြိုးစားစရာတစ်ခုခု ရှိသွားတယ်။ ပြည့်မီသွားတဲ့အခါ ‘ငါ တကယ် လုပ်နိုင်ပြီ။ စီစဉ်ထားတဲ့အတိုင်း ဖြစ်သွားပြီ’ လို့ ဝမ်းသာအားရ ပြောနိုင်တယ်။”—ခရစ္စတိုဖာ။

ကျမ်းစာ အခြေခံမူ။ “မိုးလေဝသ ကောင်းမွန်လာချိန်ကိုသာ စောင့်ဆိုင်းနေတတ်သူသည် အဘယ်အခါ၌မျှ အသီးအနှံများကို စိုက်ပျိုးရိတ်သိမ်းရလိမ့်မည် မဟုတ်။”—ဒေသနာ ၁၁:၄၊ ခေတ်သုံးမြန်မာ သမ္မာကျမ်း။

လုပ်ဆောင်နိုင်ရာ

ပန်းတိုင်တွေ ချမှတ်ပြီး ပြည့်မီဖို့ အောက်ပါအတိုင်း လုပ်ဆောင်ပါ။

ခွဲခြားသတ်မှတ်ပါ။ ပန်းတိုင်တွေကို စာရင်းလုပ်ပြီး ပထမ၊ ဒုတိယ၊ တတိယ စသဖြင့် ဦးစားပေးသတ်မှတ်ပါ။

အစီအစဉ် ဆွဲပါ။ ပန်းတိုင်တစ်ခုစီအတွက် အောက်ပါအတိုင်း လုပ်ဆောင်ပါ–

  • ပန်းတိုင် ပြီးမြောက်နိုင်တဲ့ အချိန်ကို သတ်မှတ်ပါ။

  • လုပ်ဆောင်ရမယ့်အချက်တွေကို စီစဉ်ပါ။

  • အတားအဆီးတွေကို မျှော်လင့်ထားပါ။ ကျော်လွှားမယ့် နည်းကို စဉ်းစားထားပါ။

လက်တွေ့လုပ်ဆောင်ပါ။ အားလုံး အဆင်ပြေသွားတဲ့အထိ စောင့်မနေပါနဲ့။ ‘ပန်းတိုင်ရောက်ဖို့ ဦးဆုံး ဘာလုပ်နိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ပြီးတဲ့နောက် လက်တွေ့ လုပ်ဆောင်ပါ။ တစ်ခုစီ ပြည့်မီတိုင်း တိုးတက်မှုကို မှတ်ထားပါ။

ကျမ်းစာ အခြေခံမူ။ “ဝီရိယရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။”—ပညာအလိမ္မာ ၂၁:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ