ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၉ အမှတ် ၁ စာ. ၈-၉
  • ရီကာဒိုနဲ့ အန်ဒရေတို့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရီကာဒိုနဲ့ အန်ဒရေတို့အကြောင်း
  • နိုးလော့!—၂၀၁၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
    ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး
  • “ကျွန်တော်ဟာ ဒေါသအိုးပါ”
    ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး
  • “သင်တို့ကြောင့် ယေဟောဝါသက်သေတို့အပေါ်ကျွန်တော့်ထင်မြင်ချက်ပြောင်းသွားပြီ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၉
န၁၉ အမှတ် ၁ စာ. ၈-၉

စိန်ခေါ်ချက်ကို ရင်ဆိုင်ကြ

ရီကာဒိုနဲ့ အန်ဒရေတို့အကြောင်း

ကျမ်းစာအခြေခံတဲ့ ပညာရေးမှာ ဘဝကို တိုးတက်ကောင်းမွန်စေ နိုင်တဲ့ အံ့ဖွယ်အစွမ်း ရှိတယ်။ ရီကာဒိုနဲ့ အန်ဒရေတို့အကြောင်း သုံးသပ်ကြည့်ပါ။

ရီကာဒို။ အတုမြင် အတတ်သင်တတ်တဲ့အရွယ် အသက် ၁၅ နှစ်မှာ လူဆိုးဂိုဏ်းတစ်ခုထဲ ဝင်လိုက်တယ်။ သူငယ်ချင်းသစ်တွေက ကျွန်တော့်အပေါ် အတော်ဩဇာလွှမ်းကြတယ်။ ဒါကြောင့် ထောင်ထဲမှာ ဆယ်နှစ်နေဖို့ ပန်းတိုင်ထားတယ်။ အတော်မိုက်မဲတယ်လို့ ထင်စရာပဲ။ ဒါပေမဲ့ ကျွန်တော်တို့အသိုင်းအဝိုင်းမှာ ထောင်ထွက်တွေကို အထင်ကြီးလေးစားကြတယ်။ ဒါကြောင့် ကျွန်တော်လည်း သူတို့လို ဖြစ်ချင်တယ်။

တစ်ချိန်က ရီကာဒို သေနတ်ကို အသုံးပြုနေစဉ်၊ ဆေးလိပ် သောက်သုံးနေစဉ်။ ယေဟောဝါသက်သေအဖြစ် ရီကာဒိုကို တွေ့ရစဉ်

လူဆိုးဂိုဏ်းသားဘဝမှာ မူးယစ်ဆေးဝါး၊ လိင်မှုကိစ္စ၊ အကြမ်းဖက်မှု အပါအဝင် အစုံလုပ်ခဲ့တယ်။ တစ်ည ပစ်ခတ်မှုမှာ ပါဝင်ခဲ့တယ်။ သေတော့မယ် ထင်ပေမဲ့ လွတ်သွားတယ်။ နောက်ပိုင်းမှာ ကျွန်တော့်ဘဝနဲ့ ပန်းတိုင်တွေကို လေးလေးနက်နက် စဉ်းစားကြည့်လာတယ်။ ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်လို ပြောင်းလဲရမလဲ။ အကူအညီ ဘယ်က ရနိုင်မလဲ။

ကျွန်တော့်ဆွေမျိုးသားချင်းအများစုက မပျော်ရွှင်ကြဘူး။ ပြဿနာတွေချည်းပဲ။ ဒါပေမဲ့ ဦးလေးတစ်ယောက်ရဲ့ မိသားစုကတော့ အများနဲ့ မတူဘူး။ လူကောင်းတွေ ဖြစ်မှန်း၊ ကျမ်းစာအခြေခံမူတွေအတိုင်း နေထိုင်ကြမှန်း ကျွန်တော် သိတယ်။ တကယ်တော့ ဘုရားနာမည် ယေဟောဝါဆိုတာ သူတို့ပြောပြလို့ သိလာတယ်။ အဲဒီ ပစ်ခတ်မှုအပြီး မကြာခင်မှာ ယေဟောဝါကို နာမည်နဲ့ ခေါ်ပြီး ကူညီပေးဖို့ ဆုတောင်းခဲ့တယ်။ နောက်တစ်နေ့မှာပဲ ယေဟောဝါသက်သေတစ်ယောက် ကျွန်တော့်အိမ်တံခါး လာခေါက်လို့ အံ့ဩသွားရတယ်။ သူက ကျွန်တော့်ကို ကျမ်းစာ သင်ပေးတယ်။

မကြာပါဘူး၊ စိန်ခေါ်ချက်ကြီးတစ်ခု ရင်ဆိုင်ရတယ်။ မိတ်ဟောင်းဆွေဟောင်းတွေက သူတို့ဆီ လာဖို့ မကြာမကြာ ဖုန်းဆက်ခေါ်တယ်။ မလွယ်ပေမဲ့ ကျွန်တော် ငြင်းဆန်နိုင်ခဲ့တယ်။ ကျမ်းစာ ဆက်လေ့လာဖို့ ဆုံးဖြတ်ထားတယ်။ ဆက်လေ့လာလို့ ဝမ်းသာရတယ်။ ကျွန်တော့်ဘဝလည်း သိသိသာသာ တိုးတက်လာတယ်။ စစ်မှန်တဲ့ ပျော်ရွှင်မှု ရရှိခဲ့တယ်။

လူဆိုးဂိုဏ်းသားတစ်ယောက်အဖြစ် လေးစားခံရဖို့ ထောင်ဆယ်နှစ် နေချင်ခဲ့ဖူးတဲ့အကြောင်း ဘုရားသခင်ဆီ ဆုတောင်းပြောပြတာကို သတိရမိတယ်။ ကျွန်တော့်ကို ကူညီပေးသလို တခြားသူတွေကို ကူညီပေးနိုင်ဖို့ အချိန်ပြည့်အမှုဆောင်တစ်ဦးအဖြစ် အနည်းဆုံး ဆယ်နှစ် ထမ်းဆောင်ခွင့် ပြုပါလို့ ဆုတောင်းတယ်။ ကျွန်တော့်ဆုတောင်းချက်ကို ဘုရားသခင် အဖြေပေးခဲ့တယ်။ အခုဆိုရင် အချိန်ပြည့် အမှုဆောင်နေတာ ၁၇ နှစ် ရှိပါပြီ။ ထောင်တော့ မကျခဲ့ဖူးဘူး။

မိတ်ဟောင်းဆွေဟောင်းတွေကတော့ နှစ်ရှည်ထောင်ဒဏ် ကျနေကြတယ်။ တချို့ သေကုန်ကြပြီ။ သက်သေခံဆွေမျိုးတွေကို ကျေးဇူးတင်လို့ မဆုံးဘူး။ သူတို့ဟာ အများနဲ့မတူ ကျမ်းစာအတိုင်း နေထိုင်ချင်ကြတယ်။ လူဆိုးဂိုဏ်းထဲက ဘယ်သူထက်မဆို သူတို့ကို ပိုလေးစားတယ်။ အထူးသဖြင့် အကောင်းဆုံး ဘဝနေနည်း သင်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အန်ဒရေ။ မူးယစ်ဆေးဝါး၊ ငွေညှစ်မှု၊ လူသတ်မှု၊ ပြည့်တန်ဆာမှုတို့ ပေါများတဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော် မွေးဖွားကြီးပြင်းလာတယ်။ အဖေက အရက်သမား၊ ဆေးသမား။ အဖေနဲ့ အမေက အမြဲတမ်း တကျက်ကျက် စကားများ ရန်ဖြစ်ကြတယ်။

တစ်ချိန်က အန်ဒရေ ခိုးဝှက်နေစဉ်၊ သောက်ကြူးနေစဉ်။ ယေဟောဝါသက်သေအဖြစ် အန်ဒရေကို တွေ့ရစဉ်

ကျွန်တော် ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တယ်။ မူးယစ်ဆေး သုံးတယ်။ လမ်းပေါ်မှာ နေတယ်။ ခိုးတယ်။ ခိုးရာပါပစ္စည်းတွေ ရောင်းစားတယ်။ ကြီးလာတော့ အဖေက ကျွန်တော်နဲ့ ရင်းနှီးအောင် လုပ်တယ်။ မူးယစ်ဆေးဝါး၊ တရားမဝင်ပစ္စည်းတွေ မှောင်ခိုသွင်းတတ်အောင် သင်ပေးတယ်။ မြန်မြန်နဲ့ ငွေ များများရတယ်။ တစ်နေ့ကျတော့ အိမ်ကို ရဲတွေ ရောက်လာပြီး ကျွန်တော့်ကို ဖမ်းလိုက်တယ်။ လူသတ်ဖို့ ကြံစည်မှုနဲ့ ထောင်ဒဏ် ငါးနှစ် ကျသွားတယ်။

တစ်မနက်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာဆွေးနွေးဖို့ အကျဉ်းသားတွေကို ဖိတ်ခေါ်ကြောင်း ကြေညာတယ်။ ဆွေးနွေးပွဲ တက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကြားရတာတွေဟာ လက်တွေ့ကျတဲ့အတွက် သက်သေခံတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ကျမ်းစာအကြောင်း ပြောပြရုံသက်သက် မဟုတ်ဘဲ ဘုရားရဲ့ မြင့်မားတဲ့ စာရိတ္တစံနှုန်းတွေ ပြောပြကြတယ်။

အထူးသဖြင့် ကျွန်တော် ကျမ်းစာ လေ့လာနေတာကို မကြိုက်တဲ့ အကျဉ်းသားတွေရဲ့ ခြိမ်းခြောက်မှု ကြုံရတဲ့အခါ အကူအညီ မပါဘဲ ပြောင်းလဲလို့ မရနိုင်မှန်း သဘောပေါက်လာတယ်။ ဒါနဲ့ ခွန်အားနဲ့ ဉာဏ်ပညာ ပေးဖို့ ဆုတောင်းတယ်။ ယေဟောဝါလည်း ကူညီပေးတယ်။ သူတို့ရဲ့ စော်ကားမှုတွေကို ခံရပ်နိုင်တဲ့အပြင် တခြားအကျဉ်းသားတွေကို ကျမ်းစာအကြောင်း ပြောပြနိုင်ခဲ့တယ်။

လွတ်ချိန်တန်တဲ့အခါ ထောင်ကနေ မထွက်ချင်ဘူး။ ဆက်နေချင်သေးတယ်။ ထွက်တော့ အကျဉ်းသားအတော်များများက လက်ပြနှုတ်ဆက်ကြတယ်။ တချို့က “အိမ်ပြန်တော့၊ သိုးထိန်းလေးရေ” လို့တောင် ရင်းရင်းနှီးနှီး နှုတ်ဆက်ကြတယ်။

ဘုရားပေးတဲ့ ပညာရေးကို လက်မခံခဲ့ရင် ကျွန်တော့်ဘဝ ဘယ်လိုများ ဖြစ်နေမလဲဆိုတာ မစဉ်းစားရဲဘူး။ ကျွန်တော့်ကို ဘုရားသခင် ချစ်တဲ့အတွက်၊ မျှော်လင့်ချက် မရှိတဲ့သူလို့ မယူဆတဲ့အတွက် သိပ်ကျေးဇူးတင်ပါတယ်။a

a ကျမ်းစာအစွမ်းကြောင့် ဘဝပုံစံ ပြောင်းလဲခဲ့ကြသူတွေအကြောင်းကို jw.org/my မှာ တွေ့နိုင်ပါတယ်။ စာကြည့်တိုက်၊ ဆောင်းပါးတွဲများ ထဲက “ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး” မှာ ဆောင်းပါးကို ရှာပါ။

အဓိကအချက်

နှိမ့်ချမယ်၊ ရိုးသားမယ်၊ ပြောင်းလဲဖို့ လိုအပ်မှန်း အသိအမှတ်ပြုမယ်၊ ပြောင်းလဲချင်စိတ် ရှိမယ်ဆိုရင် ကျမ်းစာက ကူညီပေးနိုင်ပါတယ်။ ကျမ်းစာဟာ လူတွေကို ကူညီပေးတဲ့အခါမှာလည်း အလွန်အောင်မြင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ