ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၉ အမှတ် ၁ စာ. ၁၂-၁၅
  • ဘုရားနိုင်ငံတော်မှာ “ငြိမ်သက်ခြင်း တိုးများ” စေဖို့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားနိုင်ငံတော်မှာ “ငြိမ်သက်ခြင်း တိုးများ” စေဖို့
  • နိုးလော့!—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားနိုင်ငံတော် ဘယ်တော့ လာမလဲ
  • ဘုရားနိုင်ငံတော် ဘယ်တော့ အုပ်ချုပ်မလဲ
  • ဘုရားနိုင်ငံတော်ကနေ ကျွန်တော်တို့ ဘယ်လို အကျိုးခံစားနိုင်သလဲ
  • ဘုရားသခင့်နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အမှန်တရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှု သွန်သင်ခဲ့ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • “ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံ”
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၉
န၁၉ အမှတ် ၁ စာ. ၁၂-၁၅
ပရဒိသုအသက်တာကို လူတွေ ပျော်မွေ့နေကြစဉ်

ဘုရားနိုင်ငံတော်မှာ “ငြိမ်သက်ခြင်း တိုးများ” စေဖို့

စိန်ခေါ်ချက်ကို အောင်မြင်ကျော်လွှားနိုင်ပုံ

ကြာရှည်စွာ စောင့်လာခဲ့တဲ့ ဘုရားနိုင်ငံတော် (ဘုရားသခင် တည်ထောင်တဲ့ ကမ္ဘာ့အစိုးရ) က ကမ္ဘာပေါ်မှာ သင့်မြတ်ညီညွတ်မှု ဆောင်ကြဉ်းပေးပါတော့မယ်။ ဆာလံ ၇၂:၇ မှာ ကတိပြုထားတဲ့အတိုင်း “ငြိမ်သက်ခြင်း တိုးများလိမ့်မယ်။” ဒါပေမဲ့ ဘုရားနိုင်ငံတော် ဘယ်တော့ အုပ်ချုပ်မလဲ။ ဘယ်လို အုပ်ချုပ်မလဲ။ ကျွန်တော်တို့ ဘယ်လို အကျိုးခံစားနိုင်မလဲ။

ဘုရားနိုင်ငံတော် ဘယ်တော့ လာမလဲ

ဘုရားနိုင်ငံတော် လာတော့မယ်ဆိုတာကို ဖော်ပြတဲ့ ထူးခြားတဲ့ဖြစ်ရပ်တွေအကြောင်း ကျမ်းစာမှာ ကြိုဖော်ပြထားတယ်။ အဲဒီဖြစ်ရပ်တွေမှာ နိုင်ငံတကာ စစ်မှု၊ ငတ်မွတ်မှု၊ ရောဂါ၊ မြေငလျင်၊ ရာဇဝတ်မှုတို့ ပါဝင်တဲ့ စုပေါင်း “နိမိတ်” ပါတယ်။—မဿဲ ၂၄:၃၊ ၇၊ ၁၂။ လုကာ ၂၁:၁၁။ ဗျာဒိတ် ၆:၂-၈။

“နောက်ဆုံး ကာလဟာ အလွန် ခက်ခဲကျပ်တည်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ . . . မိဘစကား နားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ ချစ်ခင်တွယ်တာစိတ် မရှိသူ၊ ညှိနှိုင်းလို့မရသူ၊ သွားပုပ်လေလွင့်ပြောသူ၊ မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ရာကို မုန်းတီးသူ၊ . . . မာနထောင်လွှားသူ၊ ဘုရားသခင်ကို မချစ်ဘဲ အပျော်အပါးကိုသာ နှစ်သက်သူ . . . ဖြစ်ကြလိမ့်မယ်” လို့လည်း ကြိုပြောထားတယ်။ (၂ တိမောသေ ၃:၁-၅) အရင်က အဲဒီလိုစရိုက်တွေကို အတိုင်းအတာတစ်ခုအထိပဲ မြင်ရတယ်။ အခုတော့ နေရာတိုင်းမှာ တွေ့မြင်နေရပြီ။

အထက်ပါ ပရောဖက်ပြုချက်တွေဟာ ၁၉၁၄ ခုနှစ်မှာ စတင်ပြည့်စုံခဲ့တယ်။ အဲဒီနှစ်နောက်ပိုင်း ကမ္ဘာကြီး ပြောင်းလဲသွားပုံအကြောင်း သမိုင်းဆရာတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ၊ စာရေးဆရာတွေ ဖော်ပြကြတယ်။ ဥပမာ၊ ဒိန်းမတ် သမိုင်းဆရာ ပီတာမွန့် ဒီလိုရေးတယ်– “၁၉၁၄ ခုနှစ်မှာ ဖြစ်ပွားတဲ့စစ်ဟာ လူ့သမိုင်းရဲ့ အလှည့်အပြောင်းကြီး ဖြစ်ခဲ့တယ်။ ထွန်းတောက်တဲ့ ခေတ်ဆန်းချိန်ကနေ . . . သဘာဝဘေး၊ ထိတ်လန့်မှု၊ မုန်းတီးမှုအပြင် နေရာတိုင်း မလုံခြုံမှုအတိဖြစ်တဲ့ ခေတ်အတွင်း ကျွန်တော်တို့ ဝင်ရောက်ခဲ့လေပြီ။”

အကောင်းဘက်ကကြည့်ရင် အဲဒီအခြေအနေတွေဟာ မုန်တိုင်းပြီးရင် လေပြေလာမယ့် သဘောပါပဲ။ ကမ္ဘာတစ်ခုလုံးကို ဘုရားနိုင်ငံတော် အုပ်ချုပ်တော့မယ်ဆိုတာ ဖော်ပြတယ်။ အဆုံးနီးပြီဆိုတဲ့ နိမိတ်မှာ ဒီအပြုသဘောပါတဲ့ အကြောင်းအရာကို ယေရှု ထည့်ပြောခဲ့တယ်– “လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော်သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံး ရောက်လာလိမ့်မယ်။”—မဿဲ ၂၄:၁၄။

အဲဒီသတင်းကောင်းဟာ ယေဟောဝါသက်သေတွေရဲ့ အဓိက သတင်းစကားပါပဲ။ သူတို့ အဓိက ထုတ်ဝေတဲ့ဂျာနယ်ကို ကင်းမျှော်စင်၊ ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခြင်းလို့ ခေါ်တယ်။ ကင်းမျှော်စင်မှာ ကမ္ဘာမြေနဲ့ လူသားတွေအတွက် ဘုရားနိုင်ငံတော် လုပ်ဆောင်ပေးမယ့် အံ့ဖွယ်ရာတွေအကြောင်းကို မှန်မှန် ဆွေးနွေးဖော်ပြတယ်။

ဘုရားနိုင်ငံတော် ဘယ်တော့ အုပ်ချုပ်မလဲ

အဖြေမှာ အရေးကြီးတဲ့ အောက်ပါအချက်လေးချက် ပါဝင်တယ်–

  1. ၁။ ဘုရားနိုင်ငံတော်မှာ လက်ရှိ ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်တွေ ပါဝင်မှာ မဟုတ်ဘူး။

  2. ၂။ အာဏာမက်တဲ့ ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်တွေက ဘုရားနိုင်ငံတော် အုပ်ချုပ်မှုကို မိုက်မဲစွာ ဆန့်ကျင်ကြမယ်။—ဆာလံ ၂:၂-၉။

  3. ၃။ လူလူချင်း ဖိနှိပ်ချင်နေတဲ့ နိုင်ငံတွေကို ဘုရားနိုင်ငံတော်က ဖျက်ဆီးပစ်ရပါမယ်။ (ဒံယေလ ၂:၄၄။ ဗျာဒိတ် ၁၉:၁၇-၂၁) နောက်ဆုံး တိုက်ပွဲကို အာမဂေဒုန်လို့ ခေါ်တယ်။—ဗျာဒိတ် ၁၆:၁၄၊ ၁၆။

  4. ၄။ ဘုရားနိုင်ငံတော်ကို လက်အောက်ခံချင်သူအားလုံး အာမဂေဒုန်ကို ကပ်ကျော်ကာ ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်ထဲ ဝင်ရောက်ကြမယ်။ သူတို့ကို ကျမ်းစာမှာ အရေအတွက် သန်းချီတဲ့ “လူအုပ်ကြီး” လို့ ခေါ်ထားတယ်။—ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၃၊ ၁၄။

    နိုင်ငံတော် ဘယ်လို အုပ်ချုပ်မလဲ

    ယေရှု ကမ္ဘာပေါ်မှာ ရှိတုန်းက ဘုရားနိုင်ငံတော် ဘုရင်အဖြစ် လုပ်ဆောင်ပေးမယ့်အရာတွေကို ဖော်ပြခဲ့တယ်။ လူနာတွေ၊ မသန်စွမ်းသူတွေ ကျန်းမာစေခဲ့တယ်။ (မဿဲ ၄:၂၃) လူထောင်ချီကို ကျွေးမွေးခဲ့တယ်။ (မာကု ၆:၃၅-၄၄) သဘာဝစွမ်းအားစုတွေကိုတောင်မှ ထိန်းချုပ်ခဲ့တယ်။—မာကု ၄:၃၇-၄၁။

    ပတ်လည်မှာရှိတဲ့ လူတွေကို ယေရှု သွန်သင်ပေးနေစဉ်

    သင့်မြတ်ညီညွတ်စွာ အတူတကွ နေထိုင်နိုင်ပုံကိုလည်း ယေရှု သင်ပေးခဲ့တယ်။ ယေရှုရဲ့ သွန်သင်ချက်တွေကို နှိမ့်ချစွာ လိုက်နာကျင့်သုံးသူအားလုံး ဘုရားနိုင်ငံတော်မှာ ပျော်ရွှင်စွာ ထာဝစဉ် နေထိုင်နိုင်စေမယ့် စရိုက်တွေ ပျိုးထောင်ကြတယ်။ အဲဒါမျိုးကို တခြားဘယ်ပညာရေးကမှ မစွမ်းဆောင်ပေးနိုင်ဘူး။ ယေရှုရဲ့ ကောင်းမွန်တဲ့ သွန်သင်ချက်တွေကို တောင်ပေါ်ဒေသနာလို့ ခေါ်တဲ့ မဿဲ အခန်းကြီး ၅-၇ မှာ တွေ့ရတယ်။ ဖတ်ကြည့်ပါ။ ရိုးရှင်းပေမဲ့ ထိရောက်တယ်။ စိတ်နှလုံးကို တကယ် ထိမိတယ်။

ဘုရားနိုင်ငံတော်ကနေ ကျွန်တော်တို့ ဘယ်လို အကျိုးခံစားနိုင်သလဲ

ဘုရားနိုင်ငံတော် လက်အောက်ခံ ဖြစ်လာဖို့ ပထမခြေလှမ်းက ပညာရေးပါပဲ။ ဘုရားသခင်ဆီ ယေရှု ဒီလိုဆုတောင်းခဲ့တယ်– “ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော အဖ စေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်။”—ယောဟန် ၁၇:၃။

ယေဟောဝါဘုရားကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် သိကျွမ်းလာပြီဆိုရင် နည်းအမျိုးမျိုးနဲ့ အကျိုးခံစားရတယ်။ နည်းနှစ်နည်းကိုပဲ သုံးသပ်ကြည့်ပါ– ပထမ၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ခိုင်မာလာတယ်။ အထောက်အထားအပေါ် အခြေခံတဲ့ အဲဒီယုံကြည်ခြင်းက ဘုရားနိုင်ငံတော် အမှန်တကယ် ရှိတယ်၊ အုပ်ချုပ်တော့မယ်ဆိုတာ စိတ်ချစေတယ်။ (ဟီဘရူး ၁၁:၁) ဒုတိယ၊ ဘုရားသခင်နဲ့ လူလူချင်းကို ပိုချစ်လာတယ်။ ဘုရားသခင်ကို ချစ်တဲ့စိတ်က ဘုရားသခင်ကို လိုလိုလားလား နာခံစေတယ်။ လူလူချင်းကို ချစ်တဲ့စိတ်က ရွှေပညတ်လို့ ခေါ်တဲ့ ယေရှုရဲ့ စကားတွေကို လိုက်နာကျင့်သုံးစေတယ်– “ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။”—လုကာ ၆:၃၁။

ဖန်ဆင်းရှင်ဟာ မေတ္တာပြည့်ဝတဲ့ ဖခင်လိုပဲ ကျွန်တော်တို့အတွက် အကောင်းဆုံးအကျိုးကို လိုလားတယ်။ ကျမ်းစာအခေါ် “စစ်မှန်တဲ့အသက်” ကို မွေ့လျော်ခံစားစေချင်တယ်။ (၁ တိမောသေ ၆:၁၉) လက်ရှိအသက်ဟာ “စစ်မှန်တဲ့အသက်” မဟုတ်ဘူး။ လူများစွာဟာ ခက်ခက်ခဲခဲ ရုန်းကန်ပြီး အသက်ဆက်နေရတယ်။ “စစ်မှန်တဲ့အသက်” ကို သဘောပေါက်ဖို့ ဘုရားနိုင်ငံတော် လုပ်ဆောင်ပေးမယ့် အံ့ဖွယ်ရာတချို့ကို သုံးသပ်ကြည့်ပါ။

စစ်မှန်တဲ့အသက် ကြိုတင်မြင်ကွင်း

  • “မင်းကြီး [ခရစ်တော်] ရဲ့လက်ထက်မှာ ဖြောင့်မတ်သူတွေ ကြီးပွားလိမ့်မယ်။ . . . ငြိမ်သက်ခြင်း တိုးများလိမ့်မယ်။ လက်အောက်ခံ ပြည်သူပြည်သားတွေဟာ . . . မြေကြီးစွန်းအထိ ရှိကြလိမ့်မယ်။”—ဆာလံ ၇၂:၇၊ ၈၊ ၁၃၊ ၁၄။

  • “ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။ လေးတွေကို ချိုးပြီး လှံတွေကို အပိုင်းပိုင်း ဖြတ်ပစ်တယ်။” —ဆာလံ ၄၆:၉။

  • “ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။”—ဆာလံ ၇၂:၁၆။

  • “လူတွေက အိမ်တွေ ဆောက်ပြီး ကိုယ်တိုင် နေထိုင်ရလိမ့်မယ်။ စပျစ်ခြံတွေ စိုက်ပြီး စပျစ်သီးတွေကို ကိုယ်တိုင် စားသုံးရလိမ့်မယ်။ သူတို့ဆောက်တဲ့အိမ်မှာ တခြားသူတွေ နေထိုင်မှာ မဟုတ်ဘူး။ သူတို့စိုက်ပျိုးတဲ့ အပင်တွေကို တခြားသူတွေ စားသုံးမှာ မဟုတ်ဘူး။ . . . ငါရွေးချယ်ထားသူတွေဟာ ကိုယ့်လုပ်အားရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားရလိမ့်မယ်။”—ဟေရှာယ ၆၅:၂၁၊ ၂၂။

  • ‘ဘုရားသခင်ရဲ့ တဲတော်ဟာ လူတွေနဲ့အတူ ရှိမယ်။ ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။’—ဗျာဒိတ် ၂၁:၃၊ ၄။

ပရဒိသုအသက်တာကို လူတွေ ပျော်မွေ့နေကြစဉ်

ဘုရားနိုင်ငံတော် အုပ်ချုပ်တဲ့အခါ လူတွေ ဘေးကင်းလုံခြုံကြမယ်၊ အစာရေစာ ပေါများမယ်

အဓိကအချက်

ယေရှုရဲ့ သွန်သင်ချက်တွေက မှန်ရာ လုပ်ဖို့ သတ္တိ ရှိစေတယ်။ လက်ခံတုံ့ပြန်သူအားလုံး စစ်မှန်တဲ့ ကမ္ဘာသူကမ္ဘာသားတွေ၊ ငြိမ်းချမ်းရေး မြတ်နိုးတဲ့ ကမ္ဘာ့သူကမ္ဘာသားတွေ ဖြစ်လာနိုင်တယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ