ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၀ အမှတ် ၃ စာ. ၆-၇
  • ကိုယ်ချင်းစာပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ်ချင်းစာပါ
  • နိုးလော့!—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြဿနာ
  • ကျမ်းစာအခြေခံမူ
  • ကိုယ်ချင်းစာနာမှုက ကူညီပေးနိုင်ပုံ
  • လုပ်ဆောင်နိုင်တဲ့အချက်
  • ကိုယ်ချင်းစာနာစိတ်—ကြင်နာသနားဖို့ စေ့ဆော်ပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • စာနာမှု ပြပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • သင့်ကို ဘုရား စာနာပေးသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • မိသားစုဘဝနဲ့ မိတ်ဆွေအသိုင်းအဝိုင်း
    နိုးလော့!—၂၀၁၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၀
န၂၀ အမှတ် ၃ စာ. ၆-၇
လူဖြူတစ်ယောက်နဲ့ ဆစ်ခ်လူမျိုးတစ်ယောက် လေယာဉ်ပေါ်မှာ တွဲထိုင်နေကြစဉ်။ တစ်ယောက်နဲ့တစ်ယောက် ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြစဉ်။

ကိုယ်ချင်းစာပါ

ပြဿနာ

တခြားသူတွေမှာ ရှိတဲ့ ကိုယ်နဲ့မတူတဲ့ အချက်တွေကို အာရုံစိုက်လွန်းမယ်ဆိုရင် မတူတာတွေကို အပြစ်လို့ မြင်လာနိုင်တယ်။ ဒီလိုနဲ့ ကိုယ်နဲ့မတူတဲ့သူတွေကို အထင်အမြင် သေးလာနိုင်တယ်။ တခြားသူတွေအပေါ် မကောင်းမြင်တဲ့စိတ် များလာပြီဆိုရင် ကိုယ်ချင်းစာဖို့ ခက်လာနိုင်တယ်။ ကိုယ်ချင်းစာနာမှု မရှိတာက ခွဲခြားဆက်ဆံတဲ့သဘော ရှိနေပြီဆိုတဲ့ လက္ခဏာပဲ။

ကျမ်းစာအခြေခံမူ

“ဝမ်းမြောက်သူတွေနဲ့အတူ ဝမ်းမြောက်ပါ။ ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ။”—ရောမ ၁၂:၁၅။

ဘာကိုဆိုလိုသလဲ။ ဒီကျမ်းစာမူကို အတိုချုပ်ရမယ်ဆိုရင် ကိုယ်ချင်းစာနာမှု ပြပါ ဆိုတာပဲ။ ကိုယ်ချင်းစာတယ်ဆိုတာ တခြားသူတွေရဲ့ နေရာမှာ ဝင်နေကြည့်တာ၊ ဝင်ခံစားကြည့်တာ ဖြစ်တယ်။

ကိုယ်ချင်းစာနာမှုက ကူညီပေးနိုင်ပုံ

ကိုယ်ချင်းစာနာမှု ပြတဲ့အခါ ကိုယ်လည်း သူနဲ့ အတူတူပဲဆိုတာ သိလာတယ်။ ကျွန်တော်တို့ ခံစားရသလို သူလည်း ခံစားရတယ်။ ကျွန်တော်တို့ ပြုမူတုံ့ပြန်သလို သူလည်း ပြုမူတုံ့ပြန်တယ်ဆိုတာ သိလာမယ်။ ဘယ်လိုနောက်ခံပဲ ရှိပါစေ လူအားလုံးဟာ လူ့မိသားစုထဲက လူတွေပဲဆိုတာ သိအောင် ကိုယ်ချင်းစာနာမှုက ကူညီပေးနိုင်တယ်။ သူတို့နဲ့ ကိုယ်နဲ့ တူတဲ့အချက်တွေကို အာရုံစိုက်လေ သူတို့အပေါ် မကောင်းမြင်တဲ့စိတ် လျော့နည်းလေပဲ။

ကိုယ်ချင်းစာနာမှုက တခြားသူတွေကို လေးစားအောင်လည်း ကူညီပေးတယ်။ ဆီနီဂေါနိုင်ငံမှာ နေတဲ့ အန်းမာရီဟာ ဇာတ်နိမ့်သူတွေလို့ သတ်မှတ်ထားသူတွေကို အရင်တုန်းက အထင်သေးခဲ့တယ်။ ကိုယ်ချင်းစာနာမှုက သူ့ကို ကူညီပေးခဲ့ပုံအကြောင်း အခုလို ရှင်းပြတယ်။ “ဇာတ်နိမ့်သူတွေ ခံစားရတဲ့ အခက်အခဲကို မြင်တဲ့အခါ သူတို့နေရာမှာသာဆိုရင် ငါဘယ်လိုနေမလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ အဲဒါက ကျွန်မ သူတို့ထက် မသာဘူး။ သူတို့နဲ့ အတူတူပဲဆိုတာ နားလည်စေတယ်။” မှန်ပါတယ်။ တခြားသူတွေရဲ့ အခက်အခဲကို နားလည်ဖို့ ကြိုးစားမယ်ဆိုရင် သူတို့ကို အပြစ်မြင်မယ့်အစား ကိုယ်ချင်းစာလာမယ်။

လုပ်ဆောင်နိုင်တဲ့အချက်

ကိုယ်အပျက်သဘော ရှုမြင်နေတဲ့သူတွေဆီမှာ ရှိတဲ့ မတူကွဲပြားတာတွေကို မကြည့်ဘဲ တူညီတဲ့အချက်ကို ကြည့်ဖို့ ကြိုးစားပါ။ ဥပမာ၊

လူအားလုံးဟာ လူ့မိသားစုထဲက လူတွေပဲဆိုတာ သိအောင် ကိုယ်ချင်းစာနာမှုက ကူညီပေးနိုင်တယ်

  • သူတို့မိသားစုနဲ့အတူ စားသောက်တဲ့အခါ

  • သူတို့ကို ကူညီပေးတဲ့အခါ

  • သူတို့နဲ့ ပေါင်းသင်းတဲ့အခါ

  • သူတို့ ကြိုက်တဲ့ တေးဂီတကို နားထောင်တဲ့အခါ

သူတို့ ဘယ်လို ခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။

နောက်တစ်ဆင့်အနေနဲ့ သူတို့နေရာမှာ ဝင်နေကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ။

  • ‘တစ်ယောက်ယောက်က ကိုယ့်ကို နှိမ်ပြီး ဆက်ဆံတဲ့အခါ ဘယ်လို ခံစားရမလဲ။’

  • ‘ကိုယ့်အကြောင်းကို မသိဘဲ ကြိုဆုံးဖြတ်ထားမယ်ဆိုရင် ဘယ်လို ခံစားရမလဲ။’

  • ‘ကိုယ်သာ လူတွေ အထင်အမြင်သေးတဲ့ အုပ်စုထဲက တစ်ယောက်ဆိုရင် ကိုယ့်ကို ဘယ်လို ဆက်ဆံစေချင်သလဲ။’

လူဖြူတစ်ယောက်နဲ့ ဆစ်ခ်လူမျိုးတစ်ယောက် အပြန်အလှန် ဓာတ်ပုံ ပြပြီး တူညီတဲ့အချက်တွေ ဖြစ်တဲ့ မိသားစုအကြောင်း၊ ကြိုက်နှစ်သက်တဲ့ အားကစားအကြောင်း၊ အလုပ်အကြောင်း ပြောနေကြစဉ်။

ဖြစ်ရပ်မှန်– ရောဘတ် (စင်္ကာပူ)

“နားမကြားသူတွေကို တစ်မူထူးတဲ့သူတွေ၊ အသိဉာဏ်နည်းသူတွေ၊ အထိမခံသူတွေလို့ အရင်က ကျွန်တော် ထင်ခဲ့တယ်။ အဲ့ဒါကြောင့် သူတို့ကို ကျွန်တော် ရှောင်တယ်။ အဲဒီလိုလုပ်တာကို ခွဲခြားဆက်ဆံတာလို့ ကျွန်တော် မထင်ခဲ့ဘူး။

“နားမကြားသူတွေကို ကိုယ်ချင်းစာကြည့်တဲ့အခါ ခွဲခြားဆက်ဆံတဲ့စိတ် လျော့နည်းလာတယ်။ ဥပမာ၊ နားမကြားသူနဲ့ စကားပြောတဲ့အခါ သူတို့က ကျွန်တော့်ကို မျက်နှာသေနဲ့ ကြည့်နေတော့ သူတို့ကို ဉာဏ်ရည်မပြည့်မီဘူးလို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါကြောင့် တစ်ယောက်ယောက် စကားပြောနေတာကို ငါမကြားရဘူးဆိုရင် ဘယ်လိုနေမလဲလို့ မြင်ယောင်ကြည့်မိတယ်။ ကျွန်တော်လည်း မျက်နှာသေနဲ့ ဖြစ်နေမှာပဲ။ ကျွန်တော်က နားကြားရပေမဲ့ သူပြောတာကို နားလည်ဖို့ ကြိုးစားနေတဲ့အတွက် ကျွန်တော့်မျက်နှာလည်း အဲဒီလိုပဲ ဖြစ်နေလိမ့်မယ်။

“နားမကြားသူတစ်ယောက်ရဲ့ နေရာမှာ ဝင်ကြည့်လိုက်တဲ့အခါ သူတို့အပေါ် ထားတဲ့ ကျွန်တော့်ရဲ့ မကောင်းတဲ့အမြင်တွေ တဖြည်းဖြည်း ပျောက်သွားတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ