ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၁ အမှတ် ၃ စာ. ၃
  • ဘယ်လို ကောက်ချက်ချမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘယ်လို ကောက်ချက်ချမလဲ
  • နိုးလော့!—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖန်ဆင်းရှင်သည်သင့်ဘဝကို ပို၍အဓိပ္ပာယ်ရှိစေနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း ခိုင်ခံ့စေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ကျွန်ုပ်တို့၏မဟာဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ကိုဂရုစိုက်တော်မူ၏!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • သက်ရှိ ဘယ်လို အစပြုခဲ့သလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၁
န၂၁ အမှတ် ၃ စာ. ၃
ကျမ်းစာ ကိုင်ထားတဲ့ ဘာသာရေး ခေါင်းဆောင်နဲ့ DNA ပုံစံငယ်ကို ကိုင်ထားတဲ့ သိပ္ပံပညာရှင်ကို အမျိုးသမီးတစ်ယောက် ကြည့်နေစဉ်။

ဘယ်လို ကောက်ချက်ချမလဲ

“စကြဝဠာဟာ ဘာမှ မရှိတဲ့အရာကနေ အလိုလို ဖြစ်ပေါ်လာနိုင်တယ်၊ ဖြစ်ပေါ်လာလိမ့်မယ်။”—စတီဗင် ဟော့ကင်းနဲ့ လန်းနတ် မလိုဒီနော့၊ ရူပဗေဒ ပညာရှင်များ၊ ၂၀၁၀။

“အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်။”—သမ္မာကျမ်းစာ၊ ကမ္ဘာဦး ၁:၁။

စကြဝဠာနဲ့ သက်ရှိတွေကို ဘုရားသခင် ဖန်ဆင်းတာလား၊ ဘာမှ မရှိတဲ့အရာကနေ အလိုလို ဖြစ်ပေါ်လာတာလား။ အထက်မှာ ဖော်ပြထားတဲ့ ရူပဗေဒ ပညာရှင် နှစ်ယောက်ရဲ့ စကားနဲ့ သမ္မာကျမ်းစာရဲ့ အဖွင့်စကားတွေ လုံးလုံး ဆန့်ကျင်နေတယ်။ အယူအဆ နှစ်ခုစလုံးမှာ ထောက်ခံသူတွေ ကိုယ်စီရှိတယ်။ တချို့သူတွေကျတော့ ဘယ်အယူအဆ အမှန် ဖြစ်မှန်း သေသေချာချာ မသိကြဘူး။ အရောင်းရဆုံး စာအုပ်တွေ၊ ရုပ်မြင်သံကြား စကားဝိုင်းတွေမှာ အဲဒီအကြောင်းကို အပြန်အလှန် ငြင်းခုံပြောဆိုကြတယ်။

စကြဝဠာနဲ့ သက်ရှိတွေဟာ အလိုလို ဖြစ်ပေါ်လာတယ်လို့ ကျောင်းက ဆရာ/မတွေ သင်ပေးကြတယ်။ ဖန်ဆင်းရှင် မရှိဘူးလို့ ပြောကြတယ်။ ဖန်ဆင်းရှင် မရှိဘူးဆိုတာကို ဆရာ/မတွေ သက်သေ ပြနိုင်ကြသလား။ ဘာသာရေး ခေါင်းဆောင်တွေကျတော့ ဖန်ဆင်းရှင် ရှိတယ်လို့ ဟောကြတယ်။ သူတို့အဆိုကို သူတို့ သက်သေပြသလား။ “ယုံကြည်ခြင်း” နဲ့ လက်ခံဖို့ပဲ ပြောသလား။

သင်လည်း ဒီအကြောင်းကို စဉ်းစားခဲ့ဖူးမှာပဲ။ ဖန်ဆင်းရှင် ရှိတယ်လို့ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး ဆိုပြီး စဉ်းစားမိမယ်။ အဖြေသိဖို့ အရေးကြီးလို့လား ဆိုပြီးတော့လည်း စဉ်းစားမိမယ်။

ဒီနိုးလော့! စာစောင်မှာ ဖန်ဆင်းရှင်ကို လူအများ ယုံကြည်ရတဲ့ အချက်အလက်တွေကို အရင် ရှင်းပြမယ်။ ပြီးတဲ့နောက် သက်ရှိတွေရဲ့ မူလအစကို သိဖို့ ဘာကြောင့် အရေးကြီးတယ်ဆိုတာ ဆက်ရှင်းပြပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ