ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၆
  • သက်ရှိ ဘယ်လို အစပြုခဲ့သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သက်ရှိ ဘယ်လို အစပြုခဲ့သလဲ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • သမ္မာကျမ်းစာ ပြောဆိုရာ
    နိုးလော့!—၂၀၂၁
  • လူတွေအတွက် ဘုရားရည်ရွယ်ချက်က ဘာလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဖန်ဆင်းခြင်း
    နိုးလော့!—၂၀၁၄
  • ကမ္ဘာမြေကြီး ဘယ်လို ဖြစ်ပေါ်လာတာလဲ
    နိုးလော့!—၂၀၁၄
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၆
သင်ခန်းစာ ၆။ နေသာတဲ့နေ့မှာ ပေါက်လာတဲ့ အပင်ပေါက်။

သင်ခန်းစာ ၀၆

သက်ရှိ ဘယ်လို အစပြုခဲ့သလဲ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

“[ဘုရားသခင်] ဟာ အသက်ရဲ့ ပင်ရင်းပါ။” (ဆာလံ ၃၆:၉) ဒါကို ယုံပါသလား။ လူများစွာကတော့ သက်ရှိတွေ အလိုအလျောက် ဖြစ်လာတယ်လို့ ယူဆကြတယ်။ ဒီအချက် မှန်ရင် ကျွန်တော်တို့ဟာ အကြောင်းတိုက်ဆိုင်မှုကြောင့် လူဖြစ်လာတဲ့သဘောပဲ။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်က သက်ရှိကို ဖန်ဆင်းခဲ့တယ်ဆိုရင် ရည်ရွယ်ချက် ရှိရမယ် မဟုတ်လား။a အသက်ရဲ့ မူလအစအကြောင်း ကျမ်းစာမှာ ဘာပြောထားသလဲ။ ဒါကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲဆိုတာကို သုံးသပ်ကြည့်ပါ။

၁။ စကြဝဠာ ဘယ်လို အစပြုခဲ့သလဲ။

“အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်” လို့ ကျမ်းစာမှာ ဆိုတယ်။ (ကမ္ဘာဦး ၁:၁) စကြဝဠာမှာ အစရှိတယ်ဆိုတာ သိပ္ပံပညာရှင်အများစု လက်ခံကြတယ်။ စကြဝဠာကို ဘုရား ဘယ်လို ဖန်ဆင်းခဲ့သလဲ။ ဘုရားသခင်က ဂလက်ဆီတွေ၊ ကြယ်တွေ၊ ဂြိုဟ်တွေအပါအဝင် စကြဝဠာမှာရှိတဲ့အရာမှန်သမျှကို “စွမ်းအားတော်” သုံးပြီး ဖန်ဆင်းခဲ့တယ်။​—ကမ္ဘာဦး ၁:၂။

၂။ ကမ္ဘာမြေကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့သလဲ။

ယေဟောဝါက “ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့ ဖန်ဆင်း” ခဲ့တယ်။ (ဟေရှာယ ၄၅:၁၈) ကမ္ဘာဂြိုဟ်ကို နေချင်စရာကောင်းအောင်၊ ထာဝရ နေထိုင်နိုင်အောင် ဖန်ဆင်းခဲ့တယ်။ (ဟေရှာယ ၄၀:၂၈ နဲ့ ၄၂:၅ ကို ဖတ်ပါ။) ကမ္ဘာမြေဟာ အလွန်ထူးခြားတယ်လို့ သိပ္ပံပညာရှင်တွေ ဆိုကြတယ်။ လူတွေ အသက်ရှင်နိုင်တဲ့ တစ်ခုတည်းသောဂြိုဟ် ဖြစ်တယ်။

၃။ လူတွေဟာ တိရစ္ဆာန်တွေနဲ့ ဘယ်လို ကွာခြားသလဲ။

ယေဟောဝါက ကမ္ဘာမြေကို ဖန်ဆင်းပြီးနောက် သက်ရှိတွေကိုလည်း ဖန်ဆင်းတယ်။ ပထမဆုံး ကမ္ဘာပေါ်မှာ အပင်တွေ၊ တိရစ္ဆာန်တွေကို ဖန်ဆင်းတယ်။ အဲဒီနောက် “ဘုရားသခင်က မိမိပုံသဏ္ဌာန်အတိုင်း လူကို ဖန်ဆင်းတယ်။” (ကမ္ဘာဦး ၁:၂၇ ကို ဖတ်ပါ။) လူတွေဟာ ဘာကြောင့် ထူးခြားသလဲ။ ဘုရားသခင်ရဲ့ ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားတဲ့အတွက် မေတ္တာ၊ တရားမျှတမှုတို့လို ဘုရားရဲ့အရည်အသွေးတွေကို ကျွန်တော်တို့ တင်ပြနိုင်ကြတယ်။ ဘာသာစကား သင်ယူနိုင်စွမ်း၊ အလှအပ ခံစားနိုင်စွမ်း၊ တေးဂီတ နားဆင်ခံစားနိုင်စွမ်း ရှိအောင်လည်း ဖန်ဆင်းထားတယ်။ တိရစ္ဆာန်တွေနဲ့မတူဘဲ ကျွန်တော်တို့ကတော့ ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်နိုင်ကြတယ်။

ရှာဖွေလေ တွေ့ရှိလေ

သက်ရှိကို ဒီဇိုင်းဆွဲထားတယ်၊ ကျမ်းစာမှာပါတဲ့ ဖန်ဆင်းခြင်းမှတ်တမ်းဟာ ယုတ္တိရှိတယ်ဆိုတဲ့ အထောက်အထားကို သုံးသပ်ကြည့်ပါ။ လူတွေမှာရှိတဲ့ အရည်အသွေးကောင်းတွေကို ကြည့်ပြီး ဘုရားအကြောင်း ဘာသိနိုင်သလဲ လေ့လာကြည့်ပါ။

၄။ သက်ရှိကို ဒီဇိုင်းဆွဲထား

လူတွေဟာ သဘာဝတရားကို အတုယူ ဒီဇိုင်းဆွဲတဲ့အတွက် ချီးမွမ်းခံရလေ့ရှိတယ်။ ဒါဆိုရင် မူလဒီဇိုင်းအတွက် ဘယ်သူ့ကို ဂုဏ်တင်ချီးမွမ်းသင့်သလဲ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

ဗီဒီယို။ ဘုရားသခင်ကို ယုံကြည်ရတဲ့အကြောင်းရင်း (၂:၄၃)

  • လူတွေဟာ သဘာဝတရားကို အတုယူပြီး ဘာဒီဇိုင်းတွေ ရေးဆွဲကြသလဲ။

အိမ်ကို တစ်ယောက်ယောက်က ဒီဇိုင်းဆွဲပြီး ဆောက်လုပ်ရတယ်။ သဘာဝလောကမှာရှိတဲ့ အရာတွေကိုကော ဘယ်သူ ဒီဇိုင်းဆွဲ တည်ဆောက်သလဲ။ ဟီဘရူး ၃:၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • သဘာဝလောကမှာရှိတဲ့ ဘယ်ဒီဇိုင်းကို သဘောကျပါသလဲ။

  • စကြဝဠာ၊ စကြဝဠာမှာရှိတဲ့အရာမှန်သမျှကို ဒီဇိုင်းဆွဲထားတယ်လို့ ယုံကြည်တာက ယုတ္တိရှိသလား။ ဘာကြောင့်လဲ။

စိတ်ဝင်စားစရာအချက်

jw.org ထဲက “အလိုလို ဖြစ်လာနိုင်ပါ့မလား၊” “အသက်ရဲ့ မူလအစအပေါ် ရှုမြင်ချက်များ” ဆောင်းပါးတွဲမှာ ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ဗီဒီယိုတွေ ပါတယ်။

“အိမ်ဆိုတာ တည်ဆောက်တဲ့သူရှိလို့ ဖြစ်လာတာ။ အရာခပ်သိမ်းကို တည်ဆောက်သူကတော့ ဘုရားသခင်ပဲ”

အပူပိုင်းဒေသမှာ အိမ်မိုး ခိုင်အောင် အိမ်မကြီးနဲ့ တွဲချည်နေတဲ့ အမျိုးသား။

၅။ ကျမ်းစာမှာပါတဲ့ ဖန်ဆင်းခြင်းမှတ်တမ်းဟာ ယုတ္တိရှိ

ကမ္ဘာဦးကျမ်း အခန်းကြီး ၁ မှာ ကမ္ဘာမြေနဲ့ ကမ္ဘာပေါ်က သက်ရှိတွေ ဖြစ်ပေါ်လာပုံအကြောင်း ဖော်ပြထားတယ်။ အဲဒီမှတ်တမ်းကို ယုံကြည်စိတ်ချနိုင်သလား၊ ဒဏ္ဍာရီပဲလား။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ စကြဝဠာ ဘယ်လို ဖြစ်လာသလဲ​—ကောက်နုတ်ချက် (၃:၅၁)

ပုံများ- ‘စကြဝဠာ ဘယ်လိုဖြစ်လာသလဲ​​—ကောက်နုတ်ချက်’ ဗီဒီယိုထဲက ပြကွက်များ။ ၁။ ဖန်ဆင်းရာနေ့ခြောက်ရက်ကို ကမ္ဘာကနေ မြင်တွေ့ရပုံ။ ၂။ ဖန်ဆင်းရာနေ့ ခြောက်ရက်ပြီးနောက် ကမ္ဘာပေါ်က နေ၊ ကုန်းမြေ၊ ရေ၊ အပင်၊ ငှက်၊ ကုန်းသတ္တဝါ၊ လူတွေ။
  • တစ်ရက်ကို ၂၄ နာရီစီ ရှိတဲ့ ၆ ရက်အတွင်း ကမ္ဘာကြီးနဲ့ ကမ္ဘာပေါ်က သက်ရှိတွေကို ဖန်ဆင်းခဲ့တယ်လို့ ကျမ်းစာ သွန်သင်သလား။

  • ကျမ်းစာမှာပါတဲ့ ဖန်ဆင်းခြင်းမှတ်တမ်းဟာ ယုတ္တိရှိတယ်လို့ ထင်ပါသလား။ ဘာကြောင့်လဲ။

ကမ္ဘာဦး ၁:၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • စကြဝဠာမှာ အစရှိတယ်လို့ သိပ္ပံပညာရှင်တွေ ဆိုကြတယ်။ သူတို့ရဲ့အဆိုက ခုလေးတင် ဖတ်ခဲ့တဲ့ ကျမ်းချက်နဲ့ ကိုက်ညီသလား။

ဘုရားသခင်က ဆင့်ကဲဖြစ်စဉ် သုံးပြီး သက်ရှိတွေကို ဖန်ဆင်းခဲ့သလားဆိုပြီး တချို့ စဉ်းစားကြတယ်။ ကမ္ဘာဦး ၁:၂၁၊ ၂၅၊ ၂၇ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဘုရားသခင်က သက်ရှိ တစ်စုံတစ်ရာကို ဖန်ဆင်းပြီးနောက်မှ ငါး၊ နို့တိုက်သတ္တဝါ၊ လူကို ဆင့်ကဲဖြစ်လာစေတယ်ဆိုပြီး ကျမ်းစာ သွန်သင်သလား။ ဒါမှမဟုတ် သက်ရှိတွေကို “အမျိုးအလိုက်” ဖန်ဆင်းထားသလား။b

၆။ ဘုရားသခင့် ဖန်ဆင်းခြင်းလက်ရာတွေထဲမှာ လူတွေဟာ တစ်မူထူးခြား

ကျွန်တော်တို့ဟာ တိရစ္ဆာန်တွေနဲ့ မတူကြဘူး။ ကမ္ဘာဦး ၁:၂၆ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဘုရားသခင့်ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခံရတဲ့ ကျွန်တော်တို့မှာ မေတ္တာ၊ သနားကြင်နာမှု ပြနိုင်စွမ်း ရှိတာကို ကြည့်ပြီး ဘုရားအကြောင်း ဘာသိနိုင်သလဲ။

လူတချို့ အဆို။ “ဖန်ဆင်းခြင်းအကြောင်း ကျမ်းစာမှတ်တမ်းဟာ ဒဏ္ဍာရီပါ။”

  • သင်ကော ဘယ်လို ထင်ပါသလဲ။ ဘာကြောင့်လဲ။

အနှစ်ချုပ်

ယေဟောဝါက စကြဝဠာနဲ့ သက်ရှိမှန်သမျှကို ဖန်ဆင်းခဲ့တယ်။

ပြန်လည်သုံးသပ်ခြင်း

  • စကြဝဠာရဲ့ အစအကြောင်း ကျမ်းစာ ဘာသွန်သင်သလဲ။

  • ဘုရားသခင်က သက်ရှိ တစ်စုံတစ်ရာကနေ သက်ရှိအမျိုးမျိုးကို ဆင့်ကဲဖြစ်လာစေသလား။ ဒါမှမဟုတ် သက်ရှိအားလုံးကို ဖန်ဆင်းခဲ့သလား။

  • လူတွေဟာ ဘာကြောင့် တစ်မူထူးခြားသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

သဘာဝတရားမှာ ထင်ရှားပေါ်လွင်နေတဲ့ ဒီဇိုင်းတွေကို ရှာဖွေလေ့လာပါ။

“သဘာဝတရားက အဘယ်အရာ သင်ပေးသနည်း” (နိုးလော့! စက်တင်ဘာ ၂၀၀၆)

ဖန်ဆင်းခြင်းမှတ်တမ်းအကြောင်း သားသမီးတွေကို ဘယ်လို ရှင်းပြမလဲ ရှုစားကြည့်ပါ။

“အရာခပ်သိမ်းကို ယေဟောဝါ ဖန်ဆင်းတယ်” (၂:​၃၇)

ဆင့်ကဲဖြစ်စဉ်က ကျမ်းစာနဲ့ကိုက်ညီသလားဆိုတာ သုံးသပ်ကြည့်ပါ။

“သက်ရှိအမျိုးမျိုးကို ဖန်ဆင်းဖို့ ဆင့်ကဲဖြစ်စဉ်ကို ဘုရားသုံးခဲ့သလား” (ဝက်ဘ်ဆိုက် ဆောင်းပါး)

အသက်ဟာ ဖန်ဆင်းခံရသလား၊ အလိုလို ဖြစ်လာသလားဆိုတာ ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ သိပ္ပံဆိုင်ရာ စမ်းသပ်ချက်တွေက ဘယ်လို ဖော်ပြသလဲ သုံးသပ်ကြည့်ပါ။

သက်ရှိများ၏ မူလအစ​— မေးသင့်မေးထိုက်သော မေးခွန်းငါးခု (စာစောင်)

a သင်ခန်းစာ ၂၅ မှာ လူတွေအတွက် ဘုရားရည်ရွယ်ချက်အကြောင်း ဆွေးနွေးပါမယ်။

b ကျမ်းစာမှာ “အမျိုးအလိုက်” ဆိုတဲ့စကားစုက သက်ရှိအုပ်စုတစ်စုကို ရည်ညွှန်းတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ