ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၃ အမှတ် ၁ စာ. ၁၂-၁၄
  • လေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လေ
  • နိုးလော့!—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လေထုရဲ့ ရင်လေးစရာ အနာဂတ်
  • ကမ္ဘာမြေကို ဆက်ရှင်သန်နိုင်အောင် ပုံစံပြုထား
  • လူ့ကြိုးပမ်းအားထုတ်မှုများ
  • ကမ္ဘာမြေအတွက် မျှော်လင့်ချက်—ကျမ်းစာအဆို
  • တဖြည်းဖြည်း မွန်းကျပ်လျက်ရှိသော မြို့ကြီးများ
    နိုးလော့!—၁၉၉၆
  • လေကောင်းလေသန့်နဲ့ နေရောင်ခြည် သဘာဝ “ပဋိဇီဝဆေး” တွေလား
    နိုးလော့!—၂၀၁၅
  • ပတ်ဝန်းကျင်ကို ကယ်တင်ခြင်း—မည်မျှ အောင်မြင်ခဲ့ပြီနည်း
    နိုးလော့!—၂၀၀၄
နိုးလော့!—၂၀၂၃
န၂၃ အမှတ် ၁ စာ. ၁၂-၁၄
ကောင်းကင်ပြာပြာကြီးရဲ့အောက် နှင်းဖုံးနေတဲ့ ဆင်ခြေလျှောတစ်ခုပေါ် လမ်းလျှောက်နေတဲ့ မောင်နှံတစ်စုံက တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့ ရေကန်ကို လှမ်းကြည့်နေစဉ်။

ကမ္ဘာမြေ ဆက်ရှင်သန်နိုင်မလား

လေ

လေဆိုတာ မရှိမဖြစ် လိုအပ်ရာပါ။ လေကို လူတွေ ရှူရှိုက်ကြတယ်။ ဒါ့အပြင် လေထုက နေရဲ့ အန္တရာယ်ပြင်း ရောင်ခြည်တွေကနေလည်း ကမ္ဘာမြေကို ကာကွယ်ပေးတယ်။ လေထုသာမရှိရင် ကမ္ဘာ့အပူချိန်ဟာ ရေခဲမှတ်အောက်ကို တစ်ဟုန်ထိုး ကျသွားမှာ။

လေထုရဲ့ ရင်လေးစရာ အနာဂတ်

လေထုညစ်ညမ်းမှုက လူတွေရဲ့အသက်ကို အန္တရာယ်ပြုနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အဆိုအရ ကမ္ဘာ့လူဦးရေရဲ့ တစ်ရာခိုင်နှုန်းကပဲ ဘေးကင်းတဲ့လေကို ရှူရှိုက်နေရတာပါ။

လေထုညစ်ညမ်းမှုက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်စေနိုင်တယ်။ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်နှစ်တိုင်း လူ ၇,၀၀၀,၀၀၀ လောက် မသေသင့်ဘဲ သေဆုံးနေတယ်။

ကမ္ဘာမြေကို ဆက်ရှင်သန်နိုင်အောင် ပုံစံပြုထား

ကမ္ဘာမြေရဲ့ သဘာဝနိယာမတရားကိုယ်၌မှာ သက်ရှိအားလုံးအတွက် လေကောင်းလေသန့် ထုတ်ပေးနိုင်စွမ်း၊ ပုံမှန်သန့်စင်ပေးနိုင်စွမ်း ရှိတယ်။ လူတွေရဲ့ စနက်ကြောင့်သာ လေထု ညစ်ညမ်းနေတာပါ။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ–

  • သစ်တောတွေရဲ့ ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူနိုင်စွမ်းအကြောင်း လူသိများပေမဲ့ စိမ့်မြေကမ်းရိုးတန်းတစ်လျှောက်မှာ ပေါက်လေ့ရှိတဲ့ လမုပင်တွေအကြောင်းတော့ လူတွေ သိပ်မသိကြဘူး။ တကယ်တော့ လမုပင်တွေက အပူပိုင်း သစ်တောတွေထက် ကာဗွန်ဒိုင်အောက်ဆိုက်ကို ငါးဆ ဖယ်ရှားပေးနိုင်ကြတာ။

  • ပင်လယ်ရေမှော်လို ရေညှိအကြီးစားတချို့ကလည်း လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူကြတယ်။ အရွက်မှာပါတဲ့ လေအိတ်ကြောင့် ပင်လယ်ရေမှော်ဟာ မျောပါသွားပြီး ကမ်းခြေကနေ အဝေးကြီးကိုရောက်မှ လေအိတ်ကွဲ သွားတယ်။ ဒီလိုနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ စုပ်ယူထားတဲ့ ပင်လယ်ရေမှော်ဟာ ပင်လယ်ထဲ နစ်မြုပ်ပြီး ပင်လယ်ကြမ်းပြင်ပေါ်မှာ ရာစုနှစ်ပေါင်းများစွာ တိမ်မြုပ်သွားတယ်။

  • လေထုရဲ့ မိမိဘာသာ ကုစားနိုင်စွမ်းကို ကိုဗစ် ၁၉ ကပ်ရောဂါအတွင်း အထင်းသား မြင်တွေ့ခဲ့ကြတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာတစ်ဝန်းက စက်ရုံအလုပ်ရုံ လည်ပတ်မှု၊ စက်တပ်ယာဉ် အသုံးပြုမှု ရပ်ဆိုင်းလုနီးနီး ဖြစ်သွားလို့ လေထုအရည်အသွေး ချက်ချင်း တိုးတက်လာတယ်။ အိမ်အပြင်မထွက်ရ အမိန့်ထုတ်ပြန်ပြီး သိပ်မကြာခင်မှာပဲ လေပိုသန့်လာတယ်လို့ “၂၀၂၀ ပြည့်နှစ် ကမ္ဘာ့လေထုအရည်အသွေး အစီရင်ခံစာ” မှာ ပါဝင်တဲ့ နိုင်ငံ ၈၀ ရာခိုင်နှုန်းကျော် သတင်းပေးပို့ကြတယ်။

    သင်သိပါသလား

    လေထုရဲ့ ပြန်လည်ကုစားနိုင်စွမ်း

    အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရဲ့ လေထုထဲက အမှုန်ပစ္စည်း (PM2.5) ပါဝင်မှုပမာဏကို ပြသတဲ့ ဇယား။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှာ အမှုန်ပစ္စည်းပါဝင်မှုပမာဏ ၁၂၀.၁ ရှိခဲ့။ အဲဒီလေထုအရည်အသွေးဟာ လူတိုင်းအတွက် အန္တရာယ်ရှိ။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှာ အမှုန်ပစ္စည်းပါဝင်မှုပမာဏ ၃၅.၅ အောက်အထိကျသွားလို့ အတော်အသင့်ဘေးကင်းလာ။

    ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ စက်ရုံအလုပ်ရုံနဲ့ မော်တော်ယာဉ်တွေကြောင့် ဖြစ်ပေါ်တဲ့ လေထုညစ်ညမ်းမှု သိသိသာသာ လျော့ကျခဲ့တယ်။ လေထုထဲက အမှုန်ပစ္စည်း (PM2.5) တွေ ချက်ချင်း လျော့ကျသွားလို့ပါ။ (၀.၀၀၂၅ မီလီမီတာ ဒါမှမဟုတ် အဲဒီထက်သေးတဲ့) အမှုန်တွေက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ တခြားရောဂါဆိုးတွေကို ဖြစ်ပေါ်စေနိုင်တယ်။ နယူးဒေလီမှာ ခေတ္တခဏ ဖြစ်ခဲ့တဲ့ ဒီအပြောင်းအလဲက လေထုရဲ့ပြန်လည်ကုစားနိုင်စွမ်းကို သက်သေပြနေပါတယ်။

    ၂၀၁၉ နှစ်ကုန်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှုကြောင့် လေထုမှုန်ဝါးနေ။

    © Amit kg/Shutterstock

    ၂၀၁၉ နှစ်ကုန်ပိုင်း

    ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှု လျော့ကျသွားလို့ လေထုရှင်းလင်းလာ။

    © Volobotti/Shutterstock

    ကပ်ရောဂါကာလအတွင်း

လူ့ကြိုးပမ်းအားထုတ်မှုများ

အလုပ်ကို စက်ဘီးသွားတဲ့ လူတစ်ယောက် စက်ဘီးပါကင်ထိုးနေစဉ်။

စက်ဘီး အသုံးပြုခြင်းက လေထုညစ်ညမ်းမှုကို လျှော့ချပေး

လေထုညစ်ညမ်းမှုကို လျှော့ချဖို့ အာဏာပိုင်တွေက စီးပွားရေးသမားတွေကို ညွှန်ကြားနေသလို သိပ္ပံပညာရှင်တွေကလည်း လေထုညစ်ညမ်းမှုရဲ့ ဆိုးကျိုးကို လျှော့ချဖို့ နည်းလမ်းသစ်တွေ ဆက်လက်ရှာဖွေနေပါတယ်။ ဥပမာ၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့အရာတွေကို အဆိပ်အတောက်မဲ့ အရာတွေအဖြစ် ပြောင်းသွားအောင် အဏုဇီဝပိုးမွှားတွေ သုံးပြီး လုပ်ဆောင်နေကြတယ်။ စက်တပ်ယာဉ်သုံးမယ့်အစား စက်ဘီးစီးဖို့၊ လမ်းလျှောက်ဖို့၊ အိမ်မှာ စွမ်းအင်ချွေတာတဲ့ နည်းလမ်းတွေ အသုံးပြုကြဖို့လည်း အကြုံပြုတယ်။

အမျိုးသမီးတစ်ယောက် မီးခိုးသိပ်မထွက်တဲ့ မီးဖိုအသေးလေးကို သုံးပြီး မီးဖိုချောင်ထဲမှာ ထိုင်ချက်ပြုတ်နေစဉ်။

အစိုးရတချို့က ပြည်သူတွေကို လေထုညစ်ညမ်းမှု လျှော့ချပေးတဲ့ မီးဖိုအသစ်တွေ ထောက်ပံ့ပေးနေပေမဲ့ အများစုကတော့ အခုထိ မသုံးစွဲနိုင်ကြသေး

ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၊ ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ၂၀၂၂ ခုနှစ် မှတ်တမ်းအရ လေထုညစ်ညမ်းမှုကို ဒီထက်မက လျှော့ချဖို့ လိုနေပါသေးတယ်။

၂၀၂၀ ပြည့်နှစ် မှတ်တမ်းတစ်ခုအရ ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံဟာ လေထုညစ်ညမ်းစေတဲ့ လောင်စာတွေ၊ နည်းတွေ သုံးပြီး ချက်ပြုတ်နေဆဲပါ။ ဒေသများစွာမှာ လူတချို့ပဲ လေထုညစ်ညမ်းမှု လျှော့ချပေးတဲ့ မီးဖိုအသစ်တွေ ဝယ်နိုင်ကြတယ်၊ ထင်း/မီးသွေး အစားထိုးလောင်စာတွေ ရနိုင်ကြတယ်။

ကမ္ဘာမြေအတွက် မျှော်လင့်ချက်—ကျမ်းစာအဆို

“မိုးကောင်းကင်ကို ဖန်ဆင်းတဲ့အရှင်၊ . . . ကမ္ဘာနဲ့ ကမ္ဘာပေါ်ရှိသမျှကို ဖြန့်ခင်းတဲ့အရှင်၊ ကမ္ဘာသူကမ္ဘာသားတွေကို ထွက်သက်ဝင်သက် ပေးတဲ့ အရှင် . . . စစ်မှန်တဲ့ဘုရား ယေဟောဝါ။” —ဟေရှာယ ၄၂:၅။

ဘုရားသခင်က ကျွန်တော်တို့ ရှူရှိုက်ဖို့ လေကို ဖန်ဆင်းပေးထားတဲ့အပြင် လေထုကို သန့်စင်ပေးတဲ့ သဘာဝစနစ်ကိုလည်း ဖန်ဆင်းပေးထားတယ်။ လူသားတွေကို သိပ်ချစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က လေထုညစ်ညမ်းမှုကိစ္စကို လက်ပိုက်ကြည့်နေပါ့မလား။ “ကမ္ဘာမြေ ဆက်ရှင်သန်မယ်လို့ ဘုရားသခင် ကတိပြု” ဆောင်းပါးကို ကြည့်ပါ။

ထပ်လေ့လာကြည့်ပါ

ကမ္ဘာဂြိုဟ်ကို အာကာသကနေ မြင်ရပုံ။

ကမ္ဘာ့လေထု ဘယ်လို အစပြုဖြစ်ပေါ်ခဲ့သလဲ ဆိုတာသိဖို့ စကြဝဠာ ဘယ်လို ဖြစ်လာသလဲ ဗီဒီယိုကို jw.org မှာ ရှုစားကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ