ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၄ အမှတ် ၁ စာ. ၁၀-၁၂
  • မိသားစုကို လေးစားခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုကို လေးစားခြင်း
  • နိုးလော့!—၂၀၂၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိသားစုကို လေးလေးစားစား ဆက်ဆံဖို့ ဘာကြောင့် အရေးကြီးသလဲ
  • လုပ်ဆောင်နိုင်ရာ
  • ကျွန်တော်တို့လုပ်ဆောင်ရာ
  • အကူအညီ ရနိုင်ပါတယ်
    နိုးလော့!—၂၀၂၀
  • မိသားစုအတွက် ထပ်ဆင့်အကူအညီ
    နိုးလော့!—၂၀၁၈
  • နေ့စဉ် ဘဝအသက်တာအတွက် ဉာဏ်ပညာ ရဖို့ JW.ORG မှာ ရှာပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • လေ့လာစရာ အကြံပြုလွှာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၄
န၂၄ အမှတ် ၁ စာ. ၁၀-၁၂
ဇနီးဖြစ်သူက စကားပြောနေချိန်မှာ စိတ်မကြည်မလင်ဖြစ်နေတဲ့ ခင်ပွန်းက ဖုန်းသုံးနေ။ သူတို့ကို သားဖြစ်သူ ကြည့်နေ။

မိသားစုကို လေးစားခြင်း

မိသားစုကို လေးလေးစားစား ဆက်ဆံဖို့ ဘာကြောင့် အရေးကြီးသလဲ

မိသားစုဝင်တွေ တစ်ယောက်ကိုတစ်ယောက် လေးလေးစားစား ဆက်ဆံတဲ့အခါ ခင်ပွန်း၊ ဇနီးနဲ့ သားသမီးတွေ စိတ်လုံခြုံအေးချမ်းမှု ခံစားရတယ်။

  • စာအုပ်တစ်အုပ် (The Seven Principles for Making Marriage Work) မှာ အခုလိုဆိုတယ်– တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားတဲ့ အိမ်ထောင်သည်တွေက တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ယုယကြတယ်။ ချစ်ကြောင်း “အထူးတလည် ပြတာရှိသလို သေးသေးမွှားမွှား လုပ်ရပ်လေးတွေနဲ့လည်း နေ့တိုင်းပြကြတယ်။”

  • တခြားသူတွေကို လေးလေးစားစား ဆက်ဆံရမယ်ဆိုတာ သိထားတဲ့ ကလေးတွေက ပိုပျော်ကြတယ်၊ မိဘတွေနဲ့ ဆက်ဆံရေးပိုကောင်းသလို စိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်း အဖြစ်နည်းကြတယ်လို့ သုတေသနမှတ်တမ်းက ဖော်ပြတယ်။

လုပ်ဆောင်နိုင်ရာ

မိသားစုလိုက် လုပ်ဆောင်နိုင်တဲ့ အစီအစဉ်ဆွဲပါ။ ဦးဆုံး၊ ဘယ်လိုလုပ်ရပ်တွေကို လေးစားမှု ရှိတဲ့/မရှိတဲ့ လုပ်ရပ်တွေအဖြစ် ကိုယ်သတ်မှတ်ထားသလဲဆိုတာ ကောင်းကောင်းစဉ်းစားပါ။ ဒုတိယ၊ ဘယ်လိုအပြုအမူ၊ အပြောအဆိုတွေကို မိသားစုဝင်တွေ လုပ်ရမယ်၊ မလုပ်ရဘူးဆိုတာ ချရေးပါ။ တတိယ၊ အစီအစဉ်ကို မိသားစုလိုက်အတူ ဆွေးနွေးပါ။ ဒါမှ မိသားစုဝင်တိုင်း လေးစားမှု ဘယ်လိုပြရမလဲဆိုတာ သိလာမယ်။

“ဝီရိယရှိသူရဲ့အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။”—ပညာအလိမ္မာ ၂၁:၅။

ပုံသက်သေပြပါ။ မိသားစုဝင်တွေ အမှားလုပ်မိတဲ့အခါ ပြစ်တင်ဝေဖန်တာ၊ သူတို့အမြင်ကို လှောင်ပြောင်တာ၊ သူတို့ စကားပြောတဲ့အခါ ဂရုမစိုက်တာ၊ ကြားဖြတ်ပြောတာမျိုး လုပ်သလား။

အကြံပြုချက်။ အိမ်ထောင်ဖက်နဲ့ သားသမီးတွေကို လေးစားရမှာ ကိုယ့်တာဝန်လို့ သတ်မှတ်ပါ။ သူတို့ဘက်က လေးစားထိုက်အောင်နေမှ လေးစားမယ်လို့ မတွေးပါနဲ့။

“ကိုယ်တိုင်အစပြုပြီး အချင်းချင်းကို ဂုဏ်တင်ပါ။” —ရောမ ၁၂:၁၀။

သဘောမတူရင်တောင် လေးလေးစားစား ဆက်ဆံပါ။ “အမြဲတမ်း၊” “ဘယ်တော့မှ” ဆိုပြီး သိမ်းကျုံးပြောတာမျိုး မလုပ်ပါနဲ့။ အဲဒီလို ကြမ်းကြမ်းတမ်းတမ်း ဝေဖန်ပြောဆိုတာက မိသားစုဝင်တွေကို စိတ်ထိခိုက်စေတယ်၊ ဒေါသထွက်စေတယ်။ မလိုအပ်ဘဲ ပြဿနာကို ပိုဆိုးစေတယ်။

“ညင်ညင်သာသာ ပြန်ပြောတဲ့စကားက ဒေါသကို ပြေစေတယ်။ ကြမ်းတမ်းတဲ့စကားကတော့ ဒေါသကို ဆွပေးတယ်။” —ပညာအလိမ္မာ ၁၅:၁။

အမျိုးသမီးငယ်တစ်ယောက် jw.org ထဲက ဗီဒီယိုတစ်ခု ကြည့်နေစဉ်။

ကျွန်တော်တို့လုပ်ဆောင်ရာ

မိသားစုဝင်အချင်းချင်း လေးလေးစားစား ဆက်ဆံဖို့ ယေဟောဝါသက်သေတွေ အားပေးတိုက်တွန်းကြတယ်။ အဲဒီအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေ၊ စာစောင်တွေ၊ ဗီဒီယိုတွေကိုလည်း အခမဲ့ထုတ်ဝေတယ်။

အိမ်ထောင်သည်မောင်နှံတွေအတွက်– မိသားစု အတွက် အကူအညီ ဆောင်းပါးတွဲတွေက ဇနီးမောင်နှံတွေကို . . .

  • ကောင်းကောင်း နားထောင်ပေးတတ်ဖို့

  • စကားမပြောဘဲ ဆန္ဒပြတာမျိုး မလုပ်ဖို့

  • စကားများရန်ဖြစ်တာကို ရှောင်နိုင်ဖို့ ကူညီပေးတယ်။

(jw.org/my ထဲက “မိသားစုအတွက် အကူအညီ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှာကြည့်ပါ။)

မိဘများအတွက်– မိသားစုအတွက် အကူအညီ ဆောင်းပါးတွဲက . . .

  • မိဘစကား နားထောင်လာအောင်

  • အိမ်မှုကိစ္စတွေ ဝိုင်းကူလုပ်အောင်

  • “ကျေးဇူးပြု၍၊” “ကျေးဇူးတင်ပါတယ်” စသဖြင့် ပြောတတ်လာအောင် သားသမီးတွေကို လေ့ကျင့်သင်ကြားရာမှာ မိဘတွေကို ထောက်ကူပေးတယ်။

(jw.org/my မှာ “သားသမီး ပြုစုပျိုးထောင်ခြင်း၊” “ဆယ်ကျော်သက်များကို ပြုစုပျိုးထောင်ခြင်း” ဆိုတဲ့အကြောင်းအရာတွေကို ရှာကြည့်ပါ။)

လူငယ်များအမေး တာသွားသည့်အဖြေ စာအုပ်၊ အတွဲ ၁ ထဲက “မိဘများအမေး” ဆိုတဲ့ နောက်ဆက်တွဲဆောင်းပါးကိုလည်း ကြည့်ပါ။ (jw.org/my မှာ “မိဘများအမေး” ဆိုတဲ့အကြောင်းအရာကို ရှာကြည့်ပါ။)

လူငယ်များအတွက်– jw.org/my ရဲ့ ဆယ်ကျော်သက်များ၊ လူငယ်များ အပိုင်းမှာတင်ထားတဲ့ ဆောင်းပါးတွေ၊ ဗီဒီယိုတွေ၊ လေ့ကျင့်ခန်းစာရွက်တွေက လူငယ်တွေကို . . .

  • မိဘတွေ၊ မောင်နှမတွေနဲ့ တည့်အောင်

  • မိဘတွေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး တလေးတစား ပြောဆိုတတ်အောင်

  • မိဘတွေရဲ့ ယုံကြည်မှုရအောင် ကူညီပေးတယ်။

(jw.org/my မှာ “ဆယ်ကျော်သက်များ၊ လူငယ်များ” ဆိုတဲ့အကြောင်းအရာကို ရှာကြည့်ပါ။)

jw.org ဝက်ဘ်ဆိုက်ကို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ကိုယ်ရေးအချက်အလက် ဖော်ပြဖို့၊ ပိုက်ဆံသွင်းဖို့၊ အဖွဲ့ဝင်ဖြစ်ဖို့ မလိုပါဘူး။

ဂျိုးဇက် အေယန်ဘိုဂန်။

ထပ်လေ့လာကြည့်ပါ

ဂျိုးဇက် အေယန်ဘိုဂန်ဟာ မူးယစ်ဆေးစွဲသူ၊ ကြမ်းတမ်းရမ်းကားသူတစ်ယောက်ပါ။ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာရာကနေ သူ့မိသားစုဘဝ တိုးတက်ကောင်းမွန်လာတယ်။ “အမျိုးသမီးတွေကိုရော ကိုယ့်ကိုယ်ကိုယ်ပါ လေးစားတတ်လာပြီ” ဆိုတဲ့ဆောင်းပါးကို jw.org မှာ ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ