ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၄၅
  • ယော်ဒန်မြစ်ကို ဖြတ်ကူးတဲ့ အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယော်ဒန်မြစ်ကို ဖြတ်ကူးတဲ့ အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ ယောရှုကို ရွေးချယ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ပဋိညာဉ်သေတ္တာတော်ဆိုတာဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ယောရှုကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • လွှမ်းမိုးတဲ့ရေကြီး အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၄၅
ယော်ဒန်မြစ်ကို ဖြတ်ကူးနေတဲ့ ဣသရေလလူမျိုး

ပုံပြင် ၄၅

ယော်ဒန်မြစ်ကိုဖြတ်တဲ့ အကြောင်း

ကြည့်လိုက်စမ်း။ ဣသရေလလူတွေ ယော်ဒန်မြစ်ကိုဖြတ်နေကြတယ်။ ရေကျတော့ဘယ်မှာလဲ။ အဲဒီရာသီမှာ မိုးအကြီးအကျယ်ရွာလို့ လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်မှာပဲ မြစ်ရေကြီးကပြည့်လျှံလို့နေခဲ့တယ်။ ဒါပေမဲ့ ခုတော့ရေတွေအားလုံးသွားပြီ။ ဣသရေလလူတွေလည်း ပင်လယ်နီဖြတ်တုန်းကလို ခြောက်သွေ့တဲ့ကုန်းမြေပေါ်မှာ ကုန်းကြောင်းလျှောက်နေကြတယ်လေ။ ရေတွေဘယ်ရောက်ကုန်ပါလိမ့်။ ကြည့်ရအောင်။

ဣသရေလလူတွေ ယော်ဒန်မြစ်ဖြတ်ဖို့အချိန်ရောက်လာတဲ့အခါ ယေဟောဝါက လူတွေကိုဒီလိုပြောဖို့ယောရှုကို မှာလိုက်တယ်။ ‘ယဇ်ပုရောဟိတ်တွေ ပဋိညာဉ်သေတ္တာကိုထမ်းပြီး တို့ရှေ့ကနေသွားမယ်။ သူတို့ခြေထောက် ယော်ဒန်မြစ်ထဲချလိုက်တာနဲ့ ရေစီးတန့်သွားမယ်’ တဲ့။

ဒါကြောင့် ယဇ်ပုရောဟိတ်တွေ ပဋိညာဉ်သေတ္တာကိုထမ်းပြီး လူတွေရှေ့ကသွားကြတယ်။ ယော်ဒန်မြစ်ကိုရောက်တဲ့အခါ ရေထဲကိုခြေဆင်းကြတယ်။ ရေစီးသန်လိုက်တာမှ တကယ်သန်၊ နက်ကလဲနက်။ ဒါပေမဲ့ သူတို့ခြေထောက်ရေထိတာနဲ့ ရေစီးရပ်သွားရော။ ထူးဆန်းတဲ့တန်ခိုးပဲ။ မြစ်ညာရေကိုဆည်လိုဖြစ်အောင် ယေဟောဝါလုပ်လိုက်တယ်။ ဒါနဲ့ မကြာခင်ကလေးမှာပဲ မြစ်ထဲရေခန်းသွားရော။

တခြားလူတွေ မြစ်ကိုဖြတ်ကူးနေချိန်မှာ ယဇ်ပုရောဟိတ်တွေဟာ ပဋိညာဉ်သေတ္တာကိုထမ်းပြီး ခြောက်သွေ့တဲ့မြစ်လယ်မှာ ရပ်နေကြ

ပဋိညာဉ်သေတ္တာထမ်းနေတဲ့ ယဇ်ပုရောဟိတ်တွေ ခန်းခြောက်နေတဲ့ မြစ်လယ်ခေါင်ကိုသွားကြတယ်။ ပုံမှာသူတို့ကိုတွေ့လား။ သူတို့အဲဒီနေရာမှာရပ်နေကြတဲ့အခါ ဣသရေလလူတွေအားလုံး ယော်ဒန်မြစ်ကို ကုန်းကြောင်းဖြတ်သွားကြတယ်။

ယောရှု

တစ်ယောက်မကျန်  ဖြတ်သွားပြီးတဲ့အခါ ယေဟောဝါက သန်မာတဲ့ယောက်ျား ၁၂ ယောက်ကိုဒီလိုပြောဖို့ ယောရှုကိုမှာလိုက်တယ်။ ‘ပဋိညာဉ်သေတ္တာထမ်းပြီးရပ်နေကြတဲ့ ယဇ်ပုရောဟိတ်တွေရှိတဲ့မြစ်ထဲကိုသွားပြီး ကျောက် ၁၂ လုံးကိုသယ်ခဲ့ပါ။ ဒီည မင်းတို့စခန်းချမယ့်နေရာမှာ စိုက်ထူထား။ နောက်နောင် မင်းတို့ကလေးတွေက ဒီကျောက်တွေဟာ ဘာအဓိပ္ပာယ်လဲဆိုပြီးမေးကြတဲ့အခါ ယေဟောဝါပဋိညာဉ်သေတ္တာတော် ယော်ဒန်မြစ်ကိုဖြတ်တဲ့အခါ မြစ်ရေတန့်သွားခဲ့တယ်ဆိုပြီး ပြန်ပြောပြရမယ်။ ဒီကျောက်တွေက ဒီထူးဆန်းတဲ့အဖြစ်အပျက်ကို ပြန်သတိရစေရမယ်’ တဲ့။ ယောရှုက ယဇ်ပုရောဟိတ်တွေ မြစ်လယ်ခေါင်မှာရပ်ခဲ့တဲ့နေရာမှာလည်း ကျောက် ၁၂ လုံးကို စိုက်ထူလိုက်တယ်။

နောက်ဆုံးတော့ ယောရှုကပဋိညာဉ်သေတ္တာထမ်းတဲ့ ယဇ်ပုရောဟိတ်တွေကိုပြောတယ်။ ‘ယော်ဒန်မြစ်ထဲကထွက်ခဲ့’ တဲ့။ သူတို့ထွက်လာတာနဲ့ မြစ်ရေဟာအရင်လိုပြန်စီးလာတယ်။

ယောရှု ၃:၁-၁၇; ၄:၁-၁၈။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ