ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၁၈
  • ပဋိညာဉ်သေတ္တာတော်ဆိုတာဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပဋိညာဉ်သေတ္တာတော်ဆိုတာဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • လူရှစ်ယောက် အသက်ရှင်လွတ်မြောက်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • နောဧသင်္ဘောနှင့် ရေကြောင်းဗိသုကာပညာ
    နိုးလော့!—၂၀၀၇
  • သင်သိပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၁၈
 ပဋိညာဉ်သေတ္တာတော်

ပဋိညာဉ်သေတ္တာတော်ဆိုတာ ဘာလဲ

သမ္မာကျမ်းစာဖြေဆိုရာ

ပဋိညာဉ်သေတ္တာတော်ဆိုတာ ဘုရားမိန့်မှာတဲ့ ပုံစံအတိုင်း ရှေးခေတ်အစ္စရေးတွေ ပြုလုပ်ခဲ့တဲ့ မြင့်မြတ်တဲ့သေတ္တာဖြစ်တယ်။ အဲဒီအထဲမှာ “သက်သေခံချက်” ခေါ် ပညတ်တော်ဆယ်ပါး ရေးထားတဲ့ ကျောက်ပြားနှစ်ပြားကို လုံလုံခြုံခြုံ သိမ်းထားတယ်။​​—ထွက်မြောက်ရာ ၂၅:​၈-၁၀၊ ၁၆၊ ၃၁:၁၈။

  • ဆောက်လုပ်ပုံ။ အလျားနှစ်တောင်ခွဲ၊ အနံတစ်တောင်ခွဲ၊ အမြင့်တစ်တောင်ခွဲ (၄၄ x ၂၆ x ၂၆ လက်မ) ရှိတဲ့ သေတ္တာကို အကာရှသားနဲ့ လုပ်ပြီး အတွင်းအပြင်ကို ရွှေချတယ်၊ အနားပတ်လည်ကို ရွှေနဲ့ လှလှပပ ကွပ်ထားတယ်။ ရွှေစင်နဲ့ လုပ်ထားတဲ့ သေတ္တာအဖုံးရဲ့ အစွန်နှစ်ဖက်မှာရှိတဲ့ ရွှေခေရုဗိမ်ရုပ်နှစ်ခုဟာ အတောင်နှစ်ဖက်ကို အပေါ်ဘက်ဖြန့်၊ သေတ္တာအဖုံးကို မိုးထားပြီး မျက်နှာချင်းဆိုင် ပျပ်ဝပ်နေတယ်။ သေတ္တာခြေရင်းမှာ ရွှေကွင်းလေးကွင်းရှိတယ်။ သေတ္တာကို ထမ်းဖို့ အကာရှသားနဲ့လုပ်ပြီး ရွှေချထားတဲ့ ထမ်းပိုးတွေကို ကွင်းထဲမှာ လျှိုထားတယ်။ ထွက်မြောက်ရာ ၂၅:​၁၀-၂၁၊ ၃၇:​၆-၉။

  • နေရာ။ အစပိုင်းမှာ သေတ္တာကို ဝတ်ပြုရာတဲတော်ရဲ့ အသန့်ရှင်းဆုံးအခန်းထဲမှာ ထားတယ်။ အဲဒီ ဝတ်ပြုရာတဲတော်ဟာ ရွေ့ပြောင်းလို့ရပြီး သေတ္တာပြုလုပ်တဲ့ အချိန်မှာပဲ ပြုလုပ်ခဲ့တယ်။ အသန့်ရှင်းဆုံးအခန်းကို ယဇ်ပုရောဟိတ်တွေ၊ လူတွေ မမြင်ရအောင် ကာထားတယ်။ (ထွက်မြောက်ရာ ၄၀:​၃၊ ၂၁) အဲဒီအခန်းကို ယဇ်ပုရောဟိတ်မင်းတစ်ယောက်ပဲ တစ်နှစ်တစ်ကြိမ် အပြစ်ဖြေရာနေ့မှာ ဝင်တဲ့အခါမှ သေတ္တာတော်ကို မြင်ရတယ်။ (ဝတ်ပြုရာ ၁၆:၂။ ဟေဗြဲ ၉:၇) နောက်ပိုင်း၊ သေတ္တာတော်ကို ရှောလမုန်ရဲ့ ဗိမာန်တော်အသန့်ရှင်းဆုံးအခန်းထဲ ရွှေ့ပြောင်းခဲ့တယ်။​​—၃ ဓမ္မရာဇဝင် ၆:​၁၄၊ ၁၉။

    တဲတော်ရဲ့ အသန့်ရှင်းဆုံးအခန်းထဲက ပဋိညာဉ်သေတ္တာတော်
  • ရည်ရွယ်ချက်။ သိနာတောင်မှာ ဘုရားသခင်နဲ့ အစ္စရေးတွေ ဖွဲ့တဲ့ပဋိညာဉ်ကို သတိရစေတဲ့ မြင့်မြတ်တဲ့ပစ္စည်းတွေကို ဒီသေတ္တာတော်ထဲမှာ သိမ်းထားကြတယ်။ ဒီသေတ္တာတော်ဟာ အပြစ်ဖြေရာနေ့မှာ ပြုလုပ်တဲ့ အခမ်းအနားမှာလည်း အရေးပါတယ်။​—ဝတ်ပြုရာ ၁၆:​၃၊ ၁၃-၁၇။

  • အထဲရှိအရာများ။ သေတ္တာတော်ထဲ ဦးဆုံးထည့်ထားတာက ပညတ်တော်ဆယ်ပါး ရေးထားတဲ့ ကျောက်ပြားနှစ်ပြားဖြစ်တယ်။ (ထွက်မြောက်ရာ ၄၀:၂၀) နောက်ပိုင်းမှာ မန္နမုန့်ထည့်ထားသော ရွှေအိုး၊ “အပွင့်ပွင့်သော အာရုန်၏လှံတံ” ကို ထပ်ထည့်တယ်။ (ဟေဗြဲ ၉:၄။ ထွက်မြောက်ရာ ၁၆:​၃၃၊ ၃၄။ တောလည်ရာ ၁၇:၁၀) နောက်ပိုင်းတစ်ချိန်ချိန်မှာ ရွှေအိုးနဲ့ လှံတံကို သေတ္တာထဲကနေ ထုတ်လိုက်ပုံရတယ်။ ဘာကြောင့်လဲဆိုတော့ ဗိမာန်တော်ထဲ သေတ္တာကို ရွှေ့တဲ့အခါ အဲဒါတွေ မပါတော့ဘူး။​​—၃ ဓမ္မရာဇဝင် ၈:၉။

  • သယ်ယူပို့ဆောင်ရေး။ သေတ္တာတော်ကို လေဝိသားတွေက အကာရှသစ်သားထမ်းပိုးတွေနဲ့ ပခုံးပေါ်တင်ထမ်းရတယ်။ (တောလည်ရာ ၇:၉။ ၁ ရာဇဝင်ချုပ် ၁၅:၁၅) ထမ်းပိုးတွေကို သေတ္တာတော်မှာရှိတဲ့ ကွင်းတွေထဲ အမြဲလျှိုထားလို့ သေတ္တာတော်ကို လေဝိသားတွေ ထိစရာမလိုဘူး။ ( ထွက်မြောက်ရာ ၂၅:​၁၂-၁၆) သေတ္တာတော်ကို သယ်တဲ့အခါ သန့်ရှင်းရာအခန်းနဲ့ အသန့်ရှင်းဆုံးအခန်းကိုကာတဲ့ “အတွင်းကုလားကာ” နဲ့ ဖုံးအုပ်ကြတယ်။​​—တောလည်ရာ ၄:​၅၊ ၆။a

  • တင်စားချက်။ သေတ္တာတော်ဟာ ဘုရားသခင်ရှိနေခြင်းနဲ့ ဆက်စပ်တယ်။ ဥပမာ၊ အစ္စရေးတွေ စခန်းချတဲ့အခါ သေတ္တာတော်ရှိတဲ့ တဲတော်ရဲ့ အသန့်ရှင်းဆုံးအခန်းအထက်မှာ မိုးတိမ်ပေါ်လာတာက ယေဟောဝါဟာ သူတို့နဲ့အတူရှိပြီး ကောင်းချီးပေးနေတယ်ဆိုတဲ့ လက္ခဏာဖြစ်တယ်။ (ဝတ်ပြုရာ ၁၆:၂။ တောလည်ရာ ၁၀:​၃၃-၃၆) အဲဒီအပြင် ကျမ်းစာက ယေဟောဝါဟာ “ခေရုဗိမ်တွေပေါ် စံမြန်း” တယ်လို့ပြောတဲ့အခါ သေတ္တာတော်ရဲ့ အဖုံးပေါ်မှာရှိတဲ့ ခေရုဗိမ်နှစ်ပါးကို ရည်ညွှန်းနေတာဖြစ်တယ်။ (၁ ဓမ္မရာဇဝင် ၄:၄။ ဆာလံ ၈၀:၁) ဒါကြောင့် ဒီခေရုဗိမ်တွေဟာ ယေဟောဝါရဲ့ “ရထားတော်ကို တင်စား” တယ်။ (၁ ရာဇဝင်ချုပ် ၂၈:၁၈) ဒီသေတ္တာတော်ရဲ့ တင်စားချက်ကို ဘုရင်ဒါဝိဒ်သိတဲ့အတွက် သေတ္တာတော်ကို ရွှေ့ပြောင်းပြီးနောက် “ယေဟောဝါဟာ ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူတယ်” လို့ ရေးသားနိုင်ခဲ့တာဖြစ်တယ်။​​—ဆာလံ ၉:၁၁။

  • အခေါ်အဝေါ်များ။ ဒီအလေးအမြတ်ထားတဲ့ သေတ္တာတော်ကို “သက်သေခံချက် သေတ္တာ၊” “ပဋိညာဉ်သေတ္တာတော်၊” “ထာဝရဘုရား၏ သေတ္တာတော်၊” “(ယေဟောဝါရဲ့ ) တန်းခိုးတော်နှင့်ယှဉ်သော ဓမ္မသေတ္တာ”ဆိုပြီး ကျမ်းစာမှာ အမျိုးမျိုး ခေါ်ထားတယ်။​—တောလည်ရာ ၇:၈၉။ ယောရှု ၃:​၆၊ ၁၃။ ၂ ရာဇဝင်ချုပ် ၆:၄၁။

    သေတ္တာတော်အဖုံးကို ‘အပြစ်ဖြေရာအဖုံး’ ‘အပြစ်ဖြေရာပလ္လင်’ လို့လည်း ခေါ်ကြတယ်။ (၁ ရာဇဝင်ချုပ် ၂၈:​၁၁၊ သမ္မာ) အဲဒီ အသုံးအနှုန်းက အပြစ်ဖြေရာနေ့မှာ သေတ္တာတော်အဖုံးကို အသုံးပြုတဲ့ အထူးနည်းကို ရည်ညွှန်းတယ်။ အဲဒီနေ့မှာ အစ္စရေးတွေရဲ့ ယဇ်ပုရောဟိတ်မင်းက ပူဇော်တဲ့တိရစ္ဆာန်ရဲ့အသွေး နည်းနည်းကို ယူပြီး သေတ္တာတော် အရှေ့ဘက်ခြမ်း၊ သေတ္တာအဖုံးရှေ့ ဖျန်းရတယ်။ ဒီလို ယဇ်ပုရောဟိတ်မင်း လုပ်တာက ‘ကိုယ်တိုင်နဲ့ အိမ်သားတွေအတွက်၊ အစ္စရေးတစ်မျိုးလုံးအတွက်’ အပြစ်ဖြေပေးရာ၊ ဖုံးအုပ်ပေးရာကျတယ်။​—ဝတ်ပြုရာ ၁၆:​၁၄-၁၇။

ယနေ့၊ ပဋိညာဉ်သေတ္တာတော် ရှိသေးလား။

ရှိပုံမပေါက်ဘူး။ ယေရှုပေးဆက်တဲ့ ပူဇော်သက္ကာကိုအခြေပြုတဲ့ “ပဋိညာဉ်အသစ်”က သေတ္တာတော်နဲ့ပတ်သက်တဲ့ ပဋိညာဉ်ကို အစားထိုးလိုက်လို့ အဲဒီသေတ္တာတော်ကို အသုံးပြုစရာလိုတော့မှာမဟုတ်ဘူးဆိုပြီး ကျမ်းစာဆိုထားတယ်။ (ယေရမိ ၃၁:​၃၁-​၃၃။ ဟေဗြဲ ၈:၁၃။ ၁၂:၂၄) ကျမ်းစာက ပဋိညာဉ်သေတ္တာတော် ရှိတော့မှာမဟုတ်ဘူး၊ အဲဒါကို ဘုရားလူတွေ သတိရနေမှာမဟုတ်ဘူးလို့ ကြိုဟောထားတယ်။​​—ယေရမိ ၃:​၁၆။

ပဋိညာဉ်အသစ်ကို အတည်ပြုပြီးနောက် တမန်တော်ယောဟန်မြင်တဲ့ စိတ်အာရုံထဲမှာ ပဋိညာဉ်သေတ္တာတော်ကို ကောင်းကင်မှာ တွေ့လိုက်ရတယ်။ (ဗျာဒိတ် ၁၁:​၁၅၊ ၁၉) ဒီပဋိညာဉ်သေတ္တာဟာ ဘုရားရောက်ရှိနေတယ်ဆိုတာ တင်စားတာဖြစ်ပြီး ပဋိညာဉ်အသစ်ကို ကောင်းချီးပေးမှန်း ထင်ရှားတယ်။

ပဋိညာဉ်သေတ္တာတော်ဟာ အဆောင်လက်ဖွဲ့လား။

မဟုတ်ပါဘူး။ ပဋိညာဉ်သေတ္တာတော်ရှိရုံနဲ့ အောင်မြင်မှာ မဟုတ်ပါဘူး။ တစ်ခါက သူတို့စခန်းထဲမှာ ပဋိညာဉ်သေတ္တာတော်ရှိလျက်နဲ့ အာဣမြို့ကို အစ္စရေးတွေ တိုက်ခိုက်နေတုန်း အစ္စရေးတစ်ယောက် သစ္စာမရှိလို့ စစ်ရှုံးသွားတယ်။ (ယောရှု ၇:​၁-၆) နောက်ပိုင်းမှာ၊ စစ်မြေပြင်ကို ပဋိညာဉ်သေတ္တာတော် ယူသွားတာတောင် ဖိလိတ္တိလူတွေကို စစ်ရှုံးခဲ့တယ်။ အဲဒီလိုစစ်ရှုံးရတာ အစ္စရေးယဇ်ပုရောဟိတ် ဟောဖနိနဲ့ ဖိနဟတ်တို့ ဆိုးညစ်လို့ဖြစ်တယ်။ (၁ ဓမ္မရာဇဝင် ၂:၁၂။ ၄:​၁-၁၁) အဲဒီတိုက်ပွဲမှာ ဖိလိတ္တိလူတွေ ပဋိညာဉ်သေတ္တာတော်ကို သိမ်းလိုက်ကြတယ်။ ဒါပေမဲ့ သေတ္တာကို အစ္စရေးတွေလက်ထဲ သူတို့ ပြန်မအပ်မချင်း ဘုရားက ကပ်ဘေးတွေ ကျရောက်စေခဲ့တယ်။​​—၁ ဓမ္မရာဇဝင် ၅:၁၁–၆:​၅။

ပဋိညာဉ်သေတ္တာတော်ရဲ့ သမိုင်း

နှစ် (ဘီစီ)

အဖြစ်အပျက်

၁၅၁၃

အစ္စရေးတွေ လှူတဲ့ပစ္စည်းတွေကိုသုံးပြီး ဗေဇလေလနဲ့ သူ့ကိုကူညီပေးသူတွေ ပြုလုပ်ခဲ့။​—ထွက်မြောက်ရာ ၂၅:​၁၊ ၂။ ၃၇:၁။

၁၅၁၂

တဲတော်နဲ့ ယဇ်ပုရောဟိတ်အစီစဉ်ကို မောရှေ စအသုံးပြုခဲ့။​—ထွက်မြောက်ရာ ၄၀:​၁-၃၊ ၉၊ ၂၀၊ ၂၁။

၁၅၁၂​—၁၀၇၀ နောက်ပိုင်း

တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းခဲ့။​—ယောရှု ၁၈:၁။ တရားသူကြီး ၂၀:​၂၆၊ ၂၇။ ၁ ဓမ္မရာဇဝင် ၁:​၂၄။ ၃:၃။ ၆:​၁၁-​၁၄။ ၇:​၁၊ ၂။

၁၀၇၀ နောက်ပိုင်း

ဘုရင်ဒါဝိဒ် ဂျေရုဆလင်မြို့ဆီကို သယ်ဆောင်လာခဲ့။​—၂ ဓမ္မရာဇဝင် ၆:​၁၂။

၁၀၂၆

ဂျေရုဆလင်မြို့မှာရှိတဲ့ ရှောလမုန်ဗိမာန်တော်ထဲ ရွှေ့ပြောင်းခဲ့။​—၃ ဓမ္မရာဇဝင် ၈:​၁၊  ၆။

၆၄၂

ဘုရင်ယောရှိက ဗိမာန်တော်ဆီ ပြန်သယ်ဆောင်ခဲ့။​—၂ ရာဇဝင်ချုပ် ၃၅:​၃။b

၆၀၇ မတိုင်ခင်

ဗိမာန်တော်ကနေ ရွှေ့ပြောင်းခဲ့ပုံရှိ။ ဘီစီ ၆၀၇ မှာ ဗိမာန်တော်ဖျက်ဆီးခံရပြီး ဗာဗုလုန်ပြည်ကို သယ်ဆောင်သွားတဲ့၊ ဂျေရုဆလင်မြို့ကို ပြန်သယ်ယူလာတဲ့ ပစ္စည်းစာရင်းထဲမှာ မဖော်ပြထား။​—၄  ဓမ္မရာဇဝင် ၂၅:​၁၃-​၁၇။ ဧဇရ ၁:​၇-​၁၁။

၆၃

ဂျေရုဆလင်မြို့ကို ရောမဗိုလ်ချုပ်ပွန်ပေ သိမ်းပိုက်ပြီး ဗိမာန်တော်က အသန့်ရှင်းဆုံးအခန်းထဲမှာ ပဋိညာဉ်သေတ္တာ မရှိကြောင်း ကြေညာခဲ့။c

a သေတ္တာတော်ကို သယ်ယူပို့ဆောင်၊ ဖုံးအုပ်တာနဲ့ပတ်သက်လို့ ဘုရားသခင်ရဲ့ ဥပဒေကို အစ္စရေးတွေ နားမထောင်ရင် အကြီးအကျယ် ဒုက္ခရောက်ကြတယ်။​—၁ ဓမ္မရာဇဝင် ၆:၁၉။ ၂ ဓမ္မရာဇဝင် ၆:​၂-၇။

b ဘယ်အချိန်က၊ ဘာကြောင့်၊ ဘယ်သူရွှေ့ပြောင်းခဲ့မှန်း ကျမ်းစာမဖော်ပြ။

c တက်စီတပ်စ်ရဲ့ သမိုင်းကြောင်းများ၊ အတွဲ ၅၊ အပိုဒ် ၉ ကိုရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ