ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၄၆
  • ယေရိခေါမြို့ရိုး အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရိခေါမြို့ရိုး အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူလျှိုတွေကို ရာခပ် ဝှက်ထား
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ရာခပ်က သူလျှိုတွေကိုဝှက်တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေဟောဝါဘုရားကို ယုံကြည်တဲ့ ရာခပ်
    ကလေးတွေကို သင်ပေးပါ
  • “အကျင့်အားဖြင့် ဖြောင့်မတ်” တဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၄၆
ယောရှုဦးဆောင်လာတဲ့ ဣသရေလလူမျိုးဟာ ယေရိခေါမြို့ရိုး ပြိုကျသွားအောင် စစ်ညာသံပေးပြီး တံပိုးမှုတ်နေ

ပုံပြင် ၄၆

ယေရိခေါမြို့ရိုး အကြောင်း

ဒီယေရိခေါမြို့ရိုးတွေပြိုအောင် ဘာကလုပ်နေတာလဲ။ ဗုံးဆံထိတဲ့ အတိုင်းပဲ။ ဒါပေမဲ့ အဲဒီခေတ်မှာ ဗုံးတွေမရှိသေးဘူးကွဲ့။ သေနတ်တောင်မရှိဘူး။ ယေဟောဝါလုပ်တဲ့ တန်ခိုးနောက်တစ်ခုပေါ့။ ဘယ်လိုဘယ်လိုဖြစ်လာတယ် ဆိုတာကြည့်ရအောင်။

ယောရှုကို ယေဟောဝါဘယ်လိုပြောသလဲ နားထောင်စမ်း။ ‘မင်းနဲ့မင်းရဲ့စစ်သည်တွေ မြို့ကိုပတ်ပြီးချီတက်ရမယ်။ တစ်ရက်ကိုတစ်ကြိမ်၊ ခြောက်ရက်ပတ်ရမယ်။ ပဋိညာဉ်သေတ္တာကိုလည်းထမ်းသွား။ ပဋိညာဉ်သေတ္တာရှေ့မှာ ယဇ်ပုရောဟိတ်ခုနစ်ယောက်ဦးဆောင်ပြီး သွားနေရမယ်။ ပြီးတော့တံပိုးမှုတ်ရမယ်’ တဲ့။

‘ခုနစ်ရက်နေ့မှာ မြို့ကိုခုနစ်ပတ်ပတ်ရမယ်။ တံပိုးသံရှည်မှုတ်ရမယ်။ ပြီးတော့လူတိုင်း စစ်ညာသံနဲ့အော်ဟစ်ရမယ်။ မြို့ရိုးပြားနေအောင် ပြိုကျသွားမယ်။’

ကြိုးနီချထားတဲ့ ရာခပ်အိမ်ကလွဲပြီး ယေရိခေါမြို့ရိုးတစ်ခုလုံး ပြိုလဲသွား

ယေဟောဝါပြောတဲ့အတိုင်း ယောရှုနဲ့လူတွေကလုပ်ကြတယ်။ သူတို့ချီတက်ကြတဲ့အခါ အားလုံးတိတ်ဆိတ်နေကြတယ်။ ဘယ်သူမှစကားမပြောဘူး။ တံပိုးသံနဲ့ချီတက်တဲ့ ခြေသံကိုပဲကြားရတယ်။ ယေရိခေါမြို့ထဲက ဘုရားသခင့်လူမျိုးရဲ့ရန်သူတွေကတော့ ကြောက်နေကြမှာပဲ။ ပြတင်းပေါက်မှာချိတ်ထားတဲ့ ကြိုးနီကိုတွေ့ရဲ့လား။ ဘယ်သူ့ပြတင်းပေါက်လဲ။ ဟုတ်တယ်။ ရာခပ်ဟာ သူလျှိုနှစ်ယောက်မှာတဲ့အတိုင်းကိုလုပ်ထားတယ်လေ။ သူ့မိသားစုလည်း သူနဲ့အတူ အိမ်ထဲမှာနေပြီးကြည့်နေကြတာပေါ့။

ခုနစ်ရက်နေ့ရောက်တော့ မြို့ကိုခုနစ်ကြိမ်ပတ်ပြီးတဲ့နောက် တံပိုးမှုတ်တဲ့အခါ စစ်ညာသံနဲ့ကြွေးကြော်ကြတယ်။ အဲဒီအခါ မြို့ရိုးတွေပြိုပါလေရော။ ယောရှုကလည်း ‘မြို့ထဲမှာရှိတဲ့ လူမှန်သမျှကိုသတ်ပစ်။ မြို့ကိုလည်း မီးရှို့ပစ်။ ဘာမှမကျန်အောင် မီးရှို့ပစ်။ ငွေတွေ၊ ရွှေတွေ၊ ကြေးဝါနဲ့သံတွေကိုပဲသိမ်းပြီး ယေဟောဝါတဲတော်ဘဏ္ဍာအတွက်ပေးဆက်ကြ’ ဆိုပြီးပြောတယ်။

သူလျှိုနှစ်ယောက်ကိုယောရှုက ‘ရာခပ်အိမ်ကိုသွား၊ သူနဲ့သူ့မိသားစုကိုခေါ်ထုတ်ခဲ့’ ဆိုပြီးခိုင်းလိုက်တယ်။ သူလျှိုတွေကတိပေးခဲ့တဲ့ အတိုင်းပဲလေ။ ရာခပ်နဲ့ သူ့မိသားစုဟာ အသက်ချမ်းသာရသွားတာပေါ့။

ယောရှု ၆:၁-၂၅။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ