ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၄၈
  • ပညာရှိတဲ့ ဂိဗောင်မြို့သားတွေအကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပညာရှိတဲ့ ဂိဗောင်မြို့သားတွေအကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောရှုနဲ့ ဂိဗောင်မြို့သားတွေ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဂိဗောင်လူမျိုးဆီကနေ သင်ယူစရာများ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • နေ ရပ်သွားတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၄၈
ဂိဗောင်မြို့သားတွေဟာ ဣသရေလစခန်းကိုလာပြီး သူတို့ရဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အဝတ်အစားတွေနဲ့ မုန့်ဟောင်းမုန့်ခြောက်တွေကို ယောရှုကို ပြနေ

ပုံပြင် ၄၈

ပညာရှိတဲ့ ဂိဗောင်မြို့သားတွေအကြောင်း

ခါနာန်ပြည်မှာရှိတဲ့မြို့တွေအများကြီးက ဣသရေလလူတွေကို ခံတိုက်ဖို့အသင့်ပြင်နေကြပြီလေ။ သူတို့နိုင်မယ်လို့ပဲထင်ကြတယ်။ ဒါပေမဲ့ အနီးအနားမှာရှိတဲ့ ဂိဗောင်မြို့သားတွေကျတော့ အဲဒီလိုမထင်ကြဘူး။ ဣသရေလတွေကို ဘုရားသခင်ထောက်မနေတယ်ဆိုတာကို ယုံကြည်ကြတယ်။ ဘုရားသခင်ကို သွားစစ်တိုက်တာမျိုးမဖြစ်ချင်ကြဘူး။ ဒါကြောင့် ဂိဗောင်မြို့သားတွေ ဘာလုပ်ကြသလဲသိလား။

အင်မတန်ဝေးတဲ့ဒေသမှာ နေထိုင်တဲ့လူတွေလိုဖြစ်အောင် ဟန်ဆောင်ကြတယ်လေ။ တချို့ကဟောင်းနွမ်းစုတ်ပြတ်တဲ့ အဝတ်တွေဖိနပ်တွေဝတ်လာကြတယ်။ မြည်းပေါ်မှာလည်း ကုန်းနှီးအစုတ်ပလုပ်နဲ့။ ပြီးတော့ မုန့်ဟောင်းမုန့်ခြောက်တွေ တင်ပြီးလာကြတယ်။ ယောရှုဆီကိုရောက်တော့ ‘ကျွန်တော်မျိုးတို့ဟာ သခင်တို့ရဲ့ကြီးမြတ်တဲ့ ဘုရားသခင်ယေဟောဝါအကြောင်း ကြားသိရတဲ့အတွက် အင်မတန်ဝေးလံတဲ့ဒေသကနေ လာခဲ့ခြင်းဖြစ်ပါတယ်။ အီဂျစ်ပြည်မှာသခင်တို့အတွက် ကိုယ်တော်ဘာတွေလုပ်ပေးခဲ့သလဲဆိုတာကိုလည်း ကျွန်တော်မျိုးကြားခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးတို့ရဲ့ခေါင်းဆောင်တွေက စားနပ်ရိက္ခာတွေနဲ့ သခင်တို့ဆီကိုလာပြီး “ကျွန်တော်မျိုးတို့ဟာ ကိုယ်တော်တို့ရဲ့ကျွန်များဖြစ်ကြပါတယ်။ ကျွန်တော်တို့ကို စစ်မတိုက်ဘူးလို့ကတိပြုပါ” ဆိုပြီး ပြောခိုင်းလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ အဝတ်အစားတွေကိုပဲကြည့်ပါတော့။ ခရီးဝေးနှင်လာရတဲ့အတွက် စုတ်ပြတ်ကုန်ပြီ။ ကျွန်တော်တို့ရဲ့မုန့်ကိုလည်း ကြည့်လိုက်ပါဦး။ ဟောင်းလို့ခြောက်လို့နေပါပြီ’ ဆိုပြီးပြောကြတာပေါ့။

ယောရှုနဲ့တခြားခေါင်းဆောင်တွေက ဂိဗောင်လူတွေအပြောကို ယုံသွားကြတာပေါ့။ ဒါနဲ့သူတို့ကိုစစ်မတိုက်ပါဘူး ဆိုတဲ့ကတိကိုပေးလိုက်တယ်လေ။ ဒါပေမဲ့ နောက်သုံးရက်ကြာတဲ့အခါ ဂိဗောင်လူတွေဟာ ဒီနီးနီးနားနားမှာပဲနေကြမှန်း သိသွားကြတယ်။

‘ဝေးလံတဲ့တိုင်းပြည်က ခင်ဗျားတို့လာကြတယ်လို့ ကျုပ်တို့ကိုဘာကြောင့်ပြောရတာလဲ’ ဆိုပြီးယောရှုကသူတို့ကိုမေးတာပေါ့။

ဂိဗောင်မြို့သားတွေက ‘သခင်တို့ရဲ့ဘုရားသခင်ယေဟောဝါက သခင်တို့ကိုခါနာန်ပြည်တစ်ခုလုံးပေးမယ်ကြားလို့ ကျွန်တော်မျိုးတို့ ခုလိုပြောလိုက်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်မျိုးတို့ကို သခင်တို့သတ်ပစ်မှာကိုကြောက်လို့ပါ’ ဆိုပြီးပြန်ပြောကြတယ်။ ဒါပေမဲ့ ဣသရေလလူတွေဟာ ကတိအတိုင်းဂိဗောင်လူတွေကိုမသတ်ဘူး။ သတ်မယ့်အစား ကျွန်လုပ်ခိုင်းလိုက်တယ်လေ။

ယေရုရှလင်မင်းကြီးက ‘ဂိဗောင်မြို့သားတွေ ခုလိုဣသရေလလူတွေနဲ့ မိတ်ဆွေလုပ်ရကောင်းလား’ ဆိုပြီး ဒေါကန်တာပေါ့။ ဒါနဲ့တခြားဘုရင်လေးပါးကိုပြောတယ်။ ‘ဂိဗောင်မြို့သားတွေကိုတိုက်ဖို့ ကျွန်ုပ်တို့လာပြီးစစ်ကူကြပါအကြည်တော်တို့’ ဆိုပြီးတော့ပေါ့။ ဒါနဲ့ဘုရင်ငါးပါးသွားတိုက်ကြတာပေါ့။ ကဲ၊ ဂိဗောင်မြို့သားတွေ ဣသရေလလူတွေနဲ့မိတ်ဖွဲ့မိတာ ပညာရှိလို့ခေါ်ဦးမလား။ ခုဒီဘုရင်တွေ သူတို့ကိုစစ်တိုက်ပြီလေ။ တို့ကြည့်ရအောင်။

ယောရှု ၉:၁-၂၇; ၁၀:၁-၅။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ