ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၃၁ စာ. ၇၈
  • ယောရှုနဲ့ ဂိဗောင်မြို့သားတွေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောရှုနဲ့ ဂိဗောင်မြို့သားတွေ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပညာရှိတဲ့ ဂိဗောင်မြို့သားတွေအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • နေ ရပ်သွားတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယောရှု ၁:၉—“အားယူ၍ ရဲရင့်ခြင်း ရှိလော့”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ယောရှုအမှတ်ရခဲ့ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၃၁ စာ. ၇၈
ဂိဗောင်မြို့သားတွေဟာ ဟောင်းနွမ်း စုတ်ပြဲနေတဲ့ အဝတ်တွေကို ဝတ်ပြီး ယောရှုနဲ့ သူ့စစ်တပ်ဆီကို လာကြ

သင်ခန်းစာ ၃၁

ယောရှုနဲ့ ဂိဗောင်မြို့သားတွေ

ယေရိခေါမြို့ သတင်းဟာ ခါနန်ပြည်က တခြားလူမျိုးတွေဆီအထိ ပျံ့နှံ့သွားတယ်။ ဒီတော့ အစ္စရေးလူမျိုးကို ဘုရင်ငါးပါးက ပူးပေါင်းတိုက်ခိုက်ဖို့ ဆုံးဖြတ်တယ်။ ဂိဗောင်မြို့သားတွေကတော့ သူတို့နဲ့မပူးပေါင်းချင်ဘဲ ယောရှုဆီ ဟောင်းနွမ်းစုတ်ပြဲနေတဲ့ အဝတ်တွေကို ဝတ်ပြီး သွားကြတယ်။ ‘ကျွန်တော်တို့ အဝေးကြီးက လာတာပါ။ ယေဟောဝါအကြောင်း ကြားဖူးတယ်။ အီဂျစ်ပြည်နဲ့ မောဘပြည်မှာ ခင်ဗျားတို့အတွက် ကိုယ်တော် လုပ်ပေးသမျှကို ကြားတယ်။ ကျွန်တော်တို့ကို မတိုက်ပါနဲ့။ ခင်ဗျားတို့ဆီမှာ ကျွန်ခံပါ့မယ်’ လို့ပြောတယ်။

ယောရှုက သူတို့ကိုယုံပြီး မတိုက်ဘူးလို့ ကတိပေးတယ်။ သုံးရက်ကြာတော့ ဒီလူတွေဟာ ရပ်ဝေးက မဟုတ်ဘဲ ခါနန်ပြည်ကလူတွေဆိုတာ သိသွားတယ်။ ဒါနဲ့ ယောရှုက ‘ငါတို့ကို ဘာကြောင့် လိမ်ပြောတာလဲ’ လို့မေးတော့ ဂိဗောင်မြို့သားတွေက ‘ကြောက်လို့ပါ။ ခင်ဗျားတို့ရဲ့ ဘုရား ယေဟောဝါဟာ ခင်ဗျားတို့အတွက် စစ်တိုက်ပေးနေမှန်း သိတယ်။ ကျွန်တော်တို့ကို မသတ်ပါနဲ့’ လို့ပြောတယ်။ ယောရှုက သူတို့ကို ကတိပေးထားတဲ့အတိုင်း အသက်ချမ်းသာပေးလိုက်တယ်။

မကြာခင်မှာ ခါနန်ဘုရင် ငါးပါးနဲ့ သူတို့ရဲ့ စစ်တပ်တွေက ဂိဗောင်မြို့သားတွေကို လာခြိမ်းခြောက်တယ်။ သူတို့ကို ကယ်ဖို့ ယောရှုနဲ့ သူ့စစ်တပ်က တစ်ညလုံး ချီတက်လာတယ်။ နောက်နေ့ မနက်စောစော စစ်တိုက်ကြပါလေရော။ ခါနန်လူမျိုးတွေ စစ်ရှုံးပြီး ထွက်ပြေးနေကြတဲ့အခါ ယေဟောဝါက သူတို့အပေါ် မိုးသီးကြီးတွေ ကျစေတယ်။ အဲဒီနေ့မှာ ယောရှုက နေကို ရပ်နေစေဖို့ ယေဟောဝါဆီ တောင်းဆိုတယ်။ နေဟာ တစ်ခါမှ မရပ်ဖူးဘဲနဲ့ ယေဟောဝါကို ဘာကြောင့် အဲဒီလို တောင်းဆိုတာလဲ။ ယေဟောဝါကို ယောရှု ယုံကြည်ကိုးစားတဲ့အတွက် ဖြစ်တယ်။ အဲဒီတစ်နေ့လုံး နေမဝင်လို့ ခါနန်ဘုရင်တွေနဲ့ သူတို့ရဲ့ စစ်တပ်တွေကို အစ္စရေးတွေ အနိုင်ယူနိုင်ခဲ့တယ်။

ယောရှု ကောင်းကင်ကို မော့ကြည့်ပြီး နေကို ရပ်နေအောင်လုပ်ပေးဖို့ ယေဟောဝါဆီ ဆုတောင်းနေ

“ဟုတ်ရင် ‘ဟုတ်တယ်၊’ မဟုတ်ရင် ‘မဟုတ်ဘူး’ ဒါပဲပြောပါ။ ဒီထက်ပိုတဲ့ စကားဟာ ဆိုးညစ်သူဆီက လာတာပဲ။”—မဿဲ ၅:၃၇

မေးခွန်း– ဂိဗောင်မြို့သားတွေက သူတို့ကိုယ်ကို ကာကွယ်ဖို့ ဘာလုပ်သလဲ။ ယေဟောဝါက အစ္စရေးလူမျိုးကို ဘယ်လို ကူညီပေးသလဲ။

ယောရှု ၉:၁–၁၀:၁၅

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ