ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၅၃
  • ယေဖသရဲ့ ကတိအကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဖသရဲ့ ကတိအကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဖေနဲ့ ယေဟောဝါဘုရားကို ပျော်အောင်လုပ်ခဲ့တဲ့ မိန်းကလေး
    ကလေးတွေကို သင်ပေးပါ
  • ဘုရားသခင်နဲ့ မိတ်ဆွေတွေရဲ့ ချစ်မြတ်နိုးမှုကို သူခံခဲ့ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယုံကြည်ခြင်းရှိရှိ လုပ်ဆောင်ခြင်းက ဘုရားသခင့်နှစ်သက်မှု ရရှိစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ယေဖသရဲ့ ကတိ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၅၃
ယေဖသရဲ့သမီးဟာ ချူတပ်ဗုံကို တီးပြီး သူ့အဖေကို ထွက်ကြို

ပုံပြင် ၅၃

ယေဖသရဲ့ ကတိအကြောင်း

ကတိပေးပြီးမှ ကတိအတိုင်းလုပ်ရခက်တဲ့အဖြစ်မျိုး မင်းတို့ဖြစ်ဖူးသလား။ ဒီပုံမှာပါတဲ့လူဟာ ဒါမျိုးဖြစ်ဖူးတယ်။ အဲဒါကြောင့်လည်း ယူကျုံးမရဖြစ်နေတယ်လေ။ သူကတော့ဣသရေလနိုင်ငံရဲ့ သူရသတ္တိနဲ့ပြည့်ဝတဲ့ တရားသူကြီးယေဖသပဲပေါ့။

ယေဖသဟာ ဣသရေလလူမျိုးတွေ ယေဟောဝါကိုမကိုးကွယ်တော့တဲ့ခေတ်တစ်ခေတ်မှာ အသက်ရှင်ခဲ့တယ်။ ဣသရေလလူတွေ ဆိုးသွမ်းတဲ့အလုပ်တွေလုပ်နေပြန်ပြီလေ။ ဒါကြောင့်ယေဟောဝါက သူတို့ကိုအမ္မုန်လူမျိုးတွေဒုက္ခပေးဖို့ အခွင့်ပြုလိုက်တယ်။ ဒါနဲ့ဣသရေလလူတွေ ယေဟောဝါကိုအော်ဟစ်ကြပြန်တယ်။ ‘ကိုယ်တော်ကိုပြစ်မှားမိပါပြီ၊ ကျွန်တော်မျိုးတို့ကိုကယ်မတော်မူပါ’ ဆိုပြီးတော့ပေါ့။

လူတွေဟာ သူတို့လုပ်ခဲ့တဲ့မကောင်းမှုတွေအတွက် ဝမ်းနည်းကြတယ်။ ဝမ်းနည်းတဲ့သက်သေအနေနဲ့ ယေဟောဝါကိုပြန်ကိုးကွယ်လာကြတယ်။ ဒါနဲ့ယေဟောဝါလည်း သူတို့ကိုကယ်မတယ်ပေါ့။

အမ္မုန်လူတွေကိုတိုက်ခိုက်ဖို့ ယေဖသကို လူတွေကရွေးကောက်ခဲ့တယ်။ ယေဖသကလည်း ခုလိုတိုက်ရေးခိုက်ရေးမှာ ယေဟောဝါရဲ့ထောက်မမှုကို အင်မတန်ရချင်တယ်။ ဒါကြောင့် ‘အမ္မုန်လူတွေကို ကျွန်တော်တိုက်ခိုက်အောင်မြင်နိုင်တဲ့အခွင့်ကို ကိုယ်တော်ပေးမယ်ဆိုရင် ကျွန်တော်အောင်ပွဲခံလို့ပြန်အလာ ကျွန်တော့်ကိုကြိုဆိုဖို့ အိမ်ကထွက်လာတဲ့ပထမလူကို ကိုယ်တော်ကိုပေးဆက်ပါ့မယ်’ ဆိုပြီး ယေဟောဝါကို ကတိပြုလိုက်တယ်။

ယေဖသဟာ ဦးဆုံးထွက်လာကြိုတဲ့ သမီးဖြစ်သူကို တွေ့ပြီး ဝမ်းနည်းသွား

ယေဟောဝါလည်း ယေဖသရဲ့ကတိစကားကိုနားထောင်ပြီး စစ်အောင်ဖို့ကူမလိုက်တယ်။ ယေဖသအိမ်ပြန်လာတဲ့အခါ သူ့ကိုဆီးကြိုဖို့ ဦးဦးဖျားဖျားဘယ်သူ ထွက်လာသလဲသိလား။ သူ့ရဲ့တစ်ဦးတည်းသောသမီးကွဲ့။ ‘အလိုလေးသမီးရယ်၊ ဖေဖေဝမ်းနည်းအောင် ဘယ်လိုလုပ်လိုက်တာပါလိမ့်။ ဖေဖေကတိပေးပြီးသားဖြစ်နေပြီ။ ပြန်နုတ်လို့မရတော့ဘူး’ ဆိုပြီးဝမ်းနည်းပက်လက်ပြောရှာတယ်။

ယေဖသဘယ်လိုကတိပြုလိုက်သလဲဆိုတာ သူ့သမီးသိသွားတဲ့အခါ သူ့သမီးလည်းအစမှာဝမ်းနည်းသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အနေနဲ့သူ့ဖေဖေနဲ့ သူ့မိတ်ဆွေအပေါင်းအသင်းတွေကို စွန့်သွားရတော့မှာမို့လေ။ ရှိလောအရပ်မှာရှိတဲ့ ဝတ်ပြုရာတဲတော်မှာ ယေဟောဝါကိုတစ်သက်ပတ်လုံးဝတ်ပြုသွားရတော့မယ်။ ဒါကြောင့် သူ့ဖေဖေကိုသူက ‘ဖေဖေ ယေဟောဝါကိုကတိပြုခဲ့ပြီးပြီဆိုတော့ ဖေဖေကတိတည်ရလိမ့်မယ်’ ဆိုပြီးပြောတယ်။

ဒါနဲ့ယေဖသသမီးဟာ ရှိလောမြို့ကိုသွားပြီး တစ်သက်လုံးယေဟောဝါတဲတော်ထဲမှာ ယေဟောဝါကိုဝတ်ပြုသွားတယ်။ တစ်နှစ်မှာလေးရက် ဣသရေလအမျိုးသမီးတွေ သူ့ဆီကိုသွားပြီး သူနဲ့အတူပျော်ပျော်ပါးပါးနေကြတယ်။ ယေဖသသမီးကို လူတွေချစ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာယေဟောဝါရဲ့ ကျွန်မကောင်းတစ်ယောက်ဖြစ်လို့ပဲပေါ့။

တရားသူကြီး ၁၀:၆-၁၈; ၁၁:၁-၄၀။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ