ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၃၆ စာ. ၈၈-စာ. ၈၉ ပိုဒ်. ၁
  • ယေဖသရဲ့ ကတိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဖသရဲ့ ကတိ
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဖသရဲ့ ကတိအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • အဖေနဲ့ ယေဟောဝါဘုရားကို ပျော်အောင်လုပ်ခဲ့တဲ့ မိန်းကလေး
    ကလေးတွေကို သင်ပေးပါ
  • ဘုရားသခင်နဲ့ မိတ်ဆွေတွေရဲ့ ချစ်မြတ်နိုးမှုကို သူခံခဲ့ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယုံကြည်ခြင်းရှိရှိ လုပ်ဆောင်ခြင်းက ဘုရားသခင့်နှစ်သက်မှု ရရှိစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၃၆ စာ. ၈၈-စာ. ၈၉ ပိုဒ်. ၁
သမီး ထွက်ကြိုတာကို မြင်တဲ့အခါ ယေဖသ ဝတ်လုံကို ဆွဲဆုတ်

သင်ခန်းစာ ၃၆

ယေဖသရဲ့ ကတိ

ယေဟောဝါကို အစ္စရေးတွေ စွန့်ပြီး တခြားဘုရားတွေကို ကိုးကွယ်ကြတယ်။ အမ္မုန်လူတွေက အစ္စရေးတွေကို လာတိုက်ခိုက်တဲ့အခါ အဲဒီဘုရားတွေက သူတို့ကို မကူညီဘူး။ ဒါနဲ့ အစ္စရေးတွေက နှစ်အတော်ကြာ ဆင်းရဲဒုက္ခ ခံနေကြရတယ်။ နောက်ဆုံးတော့၊ ယေဟောဝါကို သူတို့က ‘ကျွန်တော်တို့ ပြစ်မှားပါပြီ။ ရန်သူတွေ လက်ထဲကနေ ကျွန်တော်တို့ကို ကယ်နုတ်ပါ’ လို့ အသနားခံတယ်။ အစ္စရေးတွေက သူတို့ရဲ့ ရုပ်တုတွေကို ဖျက်ဆီးလိုက်ပြီး ယေဟောဝါကို ပြန်ကိုးကွယ်တယ်။ သူတို့ ဒုက္ခခံနေရတာကို ယေဟောဝါ မကြည့်ရက်တော့ဘူး။

အမ္မုန်လူတွေကို ထွက်တိုက်ခိုက်ဖို့ ယေဖသလို့ခေါ်တဲ့ စစ်သူရဲတစ်ယောက်ကို ရွေးကြတယ်။ ဒီအခါ ယေဟောဝါကို သူက ‘ဒီစစ်ကို အနိုင်ရစေမယ်ဆိုရင် ကျွန်တော် အိမ်ပြန်ရောက်တဲ့အခါ အရင်ဆုံး ထွက်ကြိုတဲ့သူကို ကိုယ်တော့်ကို ဆက်သပါ့မယ်’ လို့ပြောတယ်။ ယေဟောဝါက ယေဖသရဲ့ ဆုတောင်းသံကို နားထောင်ပြီး စစ်နိုင်ဖို့ ကူညီပေးတာပေါ့။

ယေဖသ အိမ်ပြန်ရောက်တော့ သူ့ကို အိမ်ထဲကနေ အရင်ဆုံး ထွက်လာပြီး ကြိုဆိုတဲ့သူက သူ့ရဲ့ တစ်ဦးတည်းသမီးလေး ဖြစ်တယ်။ သူက ချူတပ်ဗုံကို တီးရင်း ကခုန်ပြီး လာကြိုတယ်။ ဒီအခါ ယေဖသ ဘာလုပ်သလဲ။ သူ့ရဲ့ကတိကို သတိရပြီး ‘အိုသမီးရယ်၊ အဖေ ရင်ကွဲရပြီ။ ယေဟောဝါကို အဖေ ကတိပေးထားတယ်။ အဲဒီကတိတည်ဖို့ သမီးလေးကို ရှိလောမြို့က တဲတော်မှာ အမှုထမ်းဖို့ ပို့လိုက်ရတော့မှာပါလား’ ဆိုပြီး ပြောတော့ သမီးက ဒီလိုပြန်ပြောတယ်။ ‘အဖေ၊ ယေဟောဝါကို ကတိပေးထားတယ်ဆိုရင် ကတိတည်ရမယ်လေ။ ကျွန်မ တောင်းဆိုချင်တာ တစ်ခုပဲ၊ နှစ်လလောက် သူငယ်ချင်းတွေနဲ့ တောင်ပေါ်မှာ သွားနေပါရစေ။ ပြီးရင် ကျွန်မသွားပါ့မယ်။’ ယေဖသရဲ့သမီးဟာ တဲတော်မှာ တစ်သက်လုံး အမှုထမ်းခဲ့တယ်။ သူ့ဆီကို သူငယ်ချင်းတွေက နှစ်တိုင်း သွားလည်တယ်။

တဲတော်မှာရှိတဲ့ ယေဖသသမီးဆီ သူငယ်ချင်းတွေ လည်ပတ်ကြ

“ကျွန်တော့်ထက် သားသမီးကို ပိုချစ်တဲ့သူက ကျွန်တော့်တပည့် မဖြစ်ထိုက်ဘူး။” —မဿဲ ၁၀:၃၇

မေးခွန်း– ယေဖသ ဘယ်လို ကတိပေးထားသလဲ။ ယေဖသ သမီးက အဖေ ကတိတည်ဖို့ ဘာလုပ်သလဲ။

တရားသူကြီး ၁၀:၆–၁၁:၁၁။ ၁၁:၂၉-၄၀။ ၁ ရှမွေလ ၁၂:၁၀၊ ၁၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ