ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၆၅
  • ဣသရေလနိုင်ငံ နှစ်ခြမ်းကွဲသွားတဲ့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဣသရေလနိုင်ငံ နှစ်ခြမ်းကွဲသွားတဲ့အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • အစ္စရေးနိုင်ငံ နှစ်ခြမ်းကွဲသွား
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေဟောဝါသည် မိမိအပေါ် မသွေမဖည်တည်ကြည်သူတို့အား စွန့်တော်မူမည်မဟုတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဘုရားသခင့် မျက်နှာသာ ရနိုင်ခဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဓမ္မရာဇဝင်တတိယစောင်မှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၆၅
ယေရောဗောင်ကို စကားပြောပြီး ဝတ်ရုံကို ဆုတ်ဖြဲလိုက်တဲ့ ပရောဖက် အဟိယ

ပုံပြင် ၆၅

နိုင်ငံတော် နှစ်ခြမ်းကွဲသွားတဲ့အကြောင်း

ဒီလူဘာကြောင့်သူ့အဝတ်ကို အပိုင်းပိုင်းဖြစ်အောင် ဆွဲဆုတ်နေရသလဲသိလား။ ယေဟောဝါက သူ့ကိုလုပ်ခိုင်းတာ။ သူကတော့ ဘုရားသခင်ရဲ့ပရောဖက်အဟိယဖြစ်တယ်။ ပရောဖက်ဆိုတာသိလား။ နောင်ကိုဘာဖြစ်မလဲဆိုတာ ဘုရားသခင်ကြိုတင်ပြီးအသိပေးထားတဲ့ လူကိုပြောတာ။

ဒီပုံမှာ အဟိယက ယေရောဗောင်နဲ့စကားပြောနေတယ်။ ယေရောဗောင်ဆိုတဲ့လူက ဆောက်လုပ်ရေးမှာ တာဝန်ခံအဖြစ်ရှောလမုန်ခန့်ထားတဲ့လူပဲ။ အဟိယကလမ်းပေါ်မှာ ယေရောဗောင်နဲ့တွေ့တဲ့အခါ ထူးထူးဆန်းဆန်းလုပ်ပြတယ်။ သူဝတ်ထားတဲ့ အဝတ်အသစ်စက်စက်ကိုချွတ်ပြီး ၁၂ ပိုင်းဖြစ်အောင်ဆုတ်ပစ်လိုက်တယ်။ ပြီးတော့ ‘မင်း ၁၀ စယူလိုက်’ ဆိုပြီးယေရောဗောင်ကိုပြောတယ်။ အဟိယက ယေရောဗောင်ကိုဘာကြောင့် ၁၀ စပေးလိုက်ရတာလဲသိလား။

ယေဟောဝါဟာ နိုင်ငံတော်ကို ရှောလမုန်လက်ကနေယူလိုက်တော့မယ်ဆိုပြီး အဟိယကရှင်းပြတယ်။ ယေရောဗောင်ကို ၁၀ နွယ်ပေးမယ်ဆိုပြီးပြောတယ်။ ဒီတော့ ရှောလမုန်ရဲ့သားရောဗောင်အုပ်ချုပ်ဖို့ နှစ်နွယ်ပဲကျန်တော့မပေါ့။

ယေရောဗောင်ကို အဟိယခုလိုပြောလိုက်တဲ့အကြောင်း ရှောလမုန်ကြားရတဲ့အခါ အကြီးအကျယ်စိတ်ဆိုးတယ်။ ယေရောဗောင်ကို သတ်ဖို့ကြံတယ်။ ဒါပေမဲ့ ယေရောဗောင်က အီဂျစ်ပြည်ကိုထွက်ပြေးသွားတယ်။ မကြာခင် ရှောလမုန်သေသွားတယ်။ သူဘုရင်လုပ်တာ အနှစ် ၄၀ ကြာတယ်။ ခုတော့ သူ့သားရောဗောင်မင်းဖြစ်လာတယ်။ အီဂျစ်ပြည်ကယေရောဗောင်က ရှောလမုန်သေပြီဆိုတာကြားတော့ ဣသရေလပြည်ကိုပြန်လာတယ်။

ရောဗောင်ဟာ မင်းကောင်းတစ်ပါးမဟုတ်ဘူး။ ရှောလမုန်ထက်တောင် လူတွေကိုကြမ်းတမ်းရက်စက်တယ်။ ယေရောဗောင်နဲ့တခြားအရေးပါတဲ့လူတချို့ ရောဗောင်ဆီကိုသွားပြီး လူထုပေါ်မှာသက်ညှာဖို့ပြောပေမဲ့ ရောဗောင်ကနားမထောင်ဘူး။ အရင်ထက်တောင်ပိုဆိုးသွားသေးတယ်။ ဒါကြောင့် လူတွေက ယေရောဗောင်ကို ၁၀ နွယ်ရဲ့ဘုရင်အဖြစ်နဲ့ မင်းမြှောက်လိုက်ကြတယ်။ ဗင်ယာမိန်နဲ့ယုဒဆိုတဲ့နှစ်နွယ်ကျတော့ ရောဗောင်ကိုပဲဘုရင်အဖြစ်နဲ့ထားကြတယ်။

ယေရောဗောင်က သူ့လူတွေယေရုရှလင်ကိုသွားပြီး ယေဟောဝါဗိမာန်တော်မှာ ဝတ်မပြုစေချင်ဘူး။ ဒါကြောင့်ရွှေနွားရုပ်နှစ်ရုပ်လုပ်ပြီး ၁၀ နွယ်နိုင်ငံသားတွေကိုရှိခိုးခိုင်းတယ်။ မကြာခင်မှာပဲ တိုင်းပြည်ဟာ ရာဇဝတ်မှုနဲ့ အဓမ္မမှုတွေနဲ့ပြည့်လာတယ်။

နှစ်နွယ်နိုင်ငံမှာလည်း ဒုက္ခနဲ့မကင်းဘူး။ ရောဗောင်ဘုရင်ဖြစ်လို့ ငါးနှစ်တောင်မပြည့်သေးဘူး။ အီဂျစ်ရှင်ဘုရင်လာပြီး ယေရုရှလင်ကိုတိုက်ပါလေရော။ ယေဟောဝါဗိမာန်တော်ထဲက ရတနာအများကြီးကျုံးယူသွားတယ်။ ဒါကြောင့် ဗိမာန်တော်ဟာ ဆောက်စကလို သားသားနားနားရှိတာ ဘာမှမကြာလိုက်ဘူး။

၃ ဓမ္မရာဇဝင် ၁၁:၂၆-၄၃; ၁၂:၁-၃၃; ၁၄:၂၁-၃၁။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ