ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၄၅ စာ. ၁၁၀-စာ. ၁၁၁ ပိုဒ်. ၂
  • အစ္စရေးနိုင်ငံ နှစ်ခြမ်းကွဲသွား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အစ္စရေးနိုင်ငံ နှစ်ခြမ်းကွဲသွား
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဣသရေလနိုင်ငံ နှစ်ခြမ်းကွဲသွားတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေဟောဝါသည် မိမိအပေါ် မသွေမဖည်တည်ကြည်သူတို့အား စွန့်တော်မူမည်မဟုတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဘုရားသခင့် မျက်နှာသာ ရနိုင်ခဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဓမ္မရာဇဝင်တတိယစောင်မှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၄၅ စာ. ၁၁၀-စာ. ၁၁၁ ပိုဒ်. ၂
အဟိယဟာ ယေရောဗောင်ရှေ့မှာ သူ့ဝတ်ရုံကို ၁၂ ပိုင်းဆုတ်ဖြဲ

သင်ခန်းစာ ၄၅

အစ္စရေးနိုင်ငံ နှစ်ခြမ်းကွဲသွား

ယေဟောဝါကို ရှောလမုန် ဝတ်ပြုနေသ၍ အစ္စရေးနိုင်ငံဟာ ငြိမ်းချမ်းနေတယ်။ ဒါပေမဲ့ ရှောလမုန်ဟာ ရုပ်တုတွေ ကိုးကွယ်တဲ့ မိန်းမအများကြီးကို လက်ထပ်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ ရှောလမုန် ပြောင်းလဲလာပြီး ရုပ်တုတွေကို ကိုးကွယ်တော့တယ်။ ဒါနဲ့ ယေဟောဝါ စိတ်ဆိုးပြီး ရှောလမုန်ကို ‘ဒီနိုင်ငံကို မင်းဆီကနေ ရုပ်သိမ်းပြီး နှစ်ခြမ်းကွဲစေမယ်။ ပိုကြီးတဲ့အပိုင်းကို မင်းရဲ့အမှုထမ်းကိုပေးပြီး မင်းရဲ့သားကတော့ သေးငယ်တဲ့အပိုင်းပဲ အုပ်ချုပ်ရမယ်’ လို့ ပြောတယ်။

ယေဟောဝါဟာ ကိုယ်တော့်ဆုံးဖြတ်ချက်ကို နောက်တစ်နည်းနဲ့လည်း ဖော်ပြတယ်။ ရှောလမုန်ရဲ့ အမှုထမ်း ယေရောဗောင်ဟာ ခရီးသွားနေတုန်း ပရောဖက် အဟိယနဲ့ဆုံတယ်။ အဟိယဟာ သူ့ဝတ်ရုံကို ၁၂ ပိုင်းဆုတ်ပြီး ယေရောဗောင်ကို ဒီလိုပြောတယ်– ‘ယေဟောဝါက ရှောလမုန်ဆီကနေ အစ္စရေးပြည်ကို ပြန်ယူပြီး နှစ်ခြမ်းခြမ်းတော့မယ်။ ဒီဝတ်ရုံ ၁၀ ပိုင်းကိုယူပါ။ ဆယ်နွယ်နိုင်ငံကို မင်းအုပ်စိုးရမယ်’ တဲ့။ ဒီအကြောင်းကို ရှောလမုန် ကြားတော့ ယေရောဗောင်ကို သတ်ဖို့ ကြိုးစားတယ်။ ဒါကြောင့် ယေရောဗောင်လည်း အီဂျစ်ပြည်ကို ထွက်ပြေးရတော့တယ်။ ရှောလမုန် သေသွားတော့ သားဖြစ်သူ ရောဗောင် ဘုရင်ဖြစ်လာတယ်။ ယေရောဗောင်ဟာ အစ္စရေးပြည်ကို ပြန်သွားဖို့ အချိန်တန်ပြီဆိုတာ သိလိုက်တယ်။

အစ္စရေး တော်တော်များများ ယေရောဗောင်လုပ်တဲ့ ရွှေနွားရုပ်ကို ယဇ်ပူဇော်ကြ

အစ္စရေးလူကြီးတွေက ရောဗောင်ကို ‘မင်းကြီးက မေတ္တာနဲ့အုပ်ချုပ်ရင် ပြည်သားတွေ သစ္စာရှိလိမ့်မယ်’ လို့အကြံပေးတယ်။ ဒါပေမဲ့ ရောဗောင်ရဲ့ ငယ်သူငယ်ချင်းတွေက ‘ပြည်သားတွေ ပြားပြားဝပ်နေအောင် အကြမ်းကိုင်ရမယ်’ လို့ပြောတယ်။ ရောဗောင်ဟာ သူ့မိတ်ဆွေတွေ အကြံပေးတဲ့အတိုင်း လုပ်တယ်။ လူတွေအပေါ် ရက်စက်လို့ ပုန်ကန်ကြပါလေရော။ အစ္စရေး ၁၀ နွယ်ဟာ ယေရောဗောင်ကို ဘုရင်တင်မြှောက်လိုက်ပြီး အစ္စရေးပြည် ဖြစ်လာတယ်။ နှစ်နွယ်ကတော့ ရောဗောင်ကို ဆက်သစ္စာရှိပြီး ယုဒပြည် ဖြစ်လာတယ်။ အခု အစ္စရေး ၁၂ နွယ်ဟာ နှစ်ခြမ်းကွဲသွားပြီ။

ယေရောဗောင်ဟာ သူ့ပြည်သားတွေကို ရောဗောင်အုပ်ချုပ်တဲ့ ဂျေရုဆလင်မြို့ကိုသွားပြီး ဝတ်မပြုစေချင်ဘူး။ ဘာလို့လဲသိလား။ သူ့ကိုစွန့်ပြီး ရောဗောင်ဘက်ပါသွားမှာ စိုးရိမ်လို့ပဲ။ ဒါနဲ့ ရွှေနွားရုပ်နှစ်ရုပ်လုပ်ပြီး လူတွေကို ‘ဂျေရုဆလင်မြို့ဟာ ဝေးလွန်းပါတယ်။ ဒီမှာပဲ ဝတ်ပြုကိုးကွယ်နိုင်တယ်’ လို့ပြောတယ်။ လူတွေလည်း ရွှေနွားရုပ်တွေကို ကိုးကွယ်ကြပြီး ယေဟောဝါကို မေ့သွားကြတယ်။

“မယုံကြည်သူတွေနဲ့ ဘက်မညီတဲ့ ထမ်းပိုးကို မထမ်းကြပါနဲ့။ ဖြောင့်မတ်မှုနဲ့ မတရားမှု ဘယ်လိုလုပ် ပေါင်းဖက်နိုင်မလဲ။ . . . ယုံကြည်သူနဲ့ မယုံကြည်သူ ဘယ်လိုလုပ် မျှဝေခံစားနိုင်မလဲ။” —၂ ကောရိန္သု ၆:၁၄၊ ၁၅

မေးခွန်း– အစ္စရေးနိုင်ငံ ဘာလို့ နှစ်ခြမ်းကွဲသွားတာလဲ။ ရောဗောင်မင်းနဲ့ ယေရောဗောင်မင်းဟာ ဘာမကောင်းတာတွေ လုပ်ကြသလဲ။

၁ ဘုရင်များ ၁၁:၁-၁၃၊ ၂၆-၄၃။ ၁၂:၁-၃၃

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ