ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၇၀
  • ယောနနဲ့ ဧရာမငါးကြီးအကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောနနဲ့ ဧရာမငါးကြီးအကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ ယောနကို စိတ်ရှည်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အမှားတွေကနေ သူ သင်ခန်းစာယူခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • သူသည် အမှားများမှ သင်ခန်းစာယူခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယောနသိရှိခဲ့ရသော ယေဟောဝါ၏ကရုဏာတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၇၀
ငါးကြီးအမျိုခံရတော့မယ့် ယောန

ပုံပြင် ၇၀

ယောနနဲ့ ဧရာမငါးကြီးအကြောင်း

ရေထဲကလူကို ကြည့်စမ်း။ ဒုက္ခရောက်မနေဘူးလား။ ငါးကြီးက သူ့ကိုမျိုတော့မယ်။ သူဟာ ဘယ်သူလဲသိကြလား။ သူ့နာမည်က ယောနတဲ့။ သူဘယ်လိုလုပ်ပြီး ခုလိုဒုက္ခရောက်နေရတာလဲ ကြည့်ရအောင်။

ယောနဟာ ယေဟောဝါရဲ့ပရောဖက်တစ်ယောက်။ ပရောဖက်ဧလိရှဲသေပြီးလို့ မကြာခင်မှာပဲ ယေဟောဝါက ‘နိနေဝေမြို့ကြီးကိုသွား။ အဲဒီကလူတွေ သိပ်ကိုဆိုးနေကြပြီ။ ဒါနဲ့ပတ်သက်လို့ သူတို့ကို သွားပြောချေ’ ဆိုပြီး သူ့ကိုခိုင်းလိုက်တယ်။

ဒါပေမဲ့ ယောနကမသွားချင်ဘူးကွဲ့။ ဒါကြောင့် နိနေဝေမြို့နဲ့ တစ်လမ်းဆီဖြစ်တဲ့နေရာကိုသွားဖို့ သင်္ဘောတစ်စင်းပေါ်တက်စီးလိုက်တယ်။ ယောနခုလိုထွက်ပြေးတာကို ယေဟောဝါသဘောမကျဘူး။ ဒါကြောင့် လေမုန်တိုင်းကြီးဖြစ်အောင်လုပ်လိုက်တယ်။ မုန်တိုင်းဘယ်လောက်ပြင်းသလဲဆိုတော့၊ သင်္ဘောကြီးတောင်မြုပ်လုမတတ်ပဲ။ သင်္ဘောသားတွေကြောက်ကြတာပေါ့။ ဒါနဲ့ သူတို့ဘုရားတွေကို သူတို့တကြတယ်။

ယောနကို ပင်လယ်ထဲပစ်ချလိုက်ပြီးနောက် သင်္ဘောပေါ်ကနေ ကြည့်နေကြတဲ့ သင်္ဘောသားတွေ

နောက်ဆုံးတော့ ယောနက ‘ကျွန်တော်ဟာ မိုးမြေဖန်ဆင်းတဲ့ ဘုရားသခင်ယေဟောဝါကို ကိုးကွယ်တယ်။ ယေဟောဝါခိုင်းလိုက်တဲ့အလုပ်ကိုမလုပ်ဘဲ ကျွန်တော်ထွက်ပြေးလာမိတယ်’ ဆိုပြီးပြောပြတယ်။ ဒါနဲ့ သင်္ဘောသားတွေက ‘မုန်တိုင်းစဲအောင် ခင်ဗျားကို ကျွန်တော်တို့ဘာလုပ်ရမလဲ’ ဆိုပြီးမေးတယ်။

‘ကျွန်တော့်ကို ပင်လယ်ထဲပစ်ချလိုက်၊ ပင်လယ်လှိုင်းငြိမ်သွားမယ်’ လို့ ယောနကပြောတယ်။ သင်္ဘောသားတွေက ဘယ်လုပ်ချင်ပါ့မလဲ။ ဒါပေမဲ့ မုန်တိုင်းကပြင်းသည်ထက်ပြင်းလာတော့ နောက်ဆုံး ယောနကို သင်္ဘောပေါ်ကပစ်ချလိုက်တယ်။ ချက်ချင်းပဲ မုန်တိုင်းစဲသွားတယ်။ ပင်လယ်လည်းငြိမ်သက်လာတယ်။

ယောနရေထဲလည်းနစ်သွားရော၊ ငါးကြီးက သူ့ကိုမျိုလိုက်တယ်။ ဒါပေမဲ့ သူမသေဘူး။ ငါးကြီးရဲ့ဗိုက်ထဲမှာ သုံးနေ့သုံးညနေလိုက်ရတယ်။ ယေဟောဝါစကားကိုနားထောင်ပြီး နိနေဝေကိုမသွားခဲ့တာကို ယောနသိပ်နောင်တရသွားတယ်။ ဒါကြောင့် သူဘာလုပ်သလဲသိလား။

သူ့ကိုယေဟောဝါ မစဖို့ဆုတောင်းတယ်။ ဒါနဲ့ ယေဟောဝါက ငါးကြီး ယောနကိုကုန်းပေါ်မှာ အန်ထုတ်အောင်လုပ်လိုက်တယ်။ အဲဒီနောက်တော့ ယောနက နိနေဝေမြို့ကိုသွားတယ်။ ယေဟောဝါခိုင်းတာကိုလုပ်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာကို သင်ခန်းစာပေးမနေဘူးလား။

ယောနဝတ္ထု။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ